Yan Naing
ကုန်သည် · ဖြူး
ကျေးဇူးပါ ဆရာ
ဂွေးချိုပင်ကို ကိုင်းကူး ကိုင်းဆက်/မြေထုပ်စည်း လုပ်လို့ရပါသလား ခင်ဗျာ
ဘေးမှာရေမြောင်းရှိနေတဲ့အပြင်ကျတော်က ရေကိုနေ့စဥ်လောင်းပေးနေတာနဲ့ သက်ဆိုင်လားဆရာ.. အရွက်တွေ အညွန့်တွေကတော့ စိမ်းစိုသန်မာလွန်းပါတယ်
ဘာရောဂါပိုးလဲခင်ဗျာ ဘယ်လိုကာကွယ်ရမလဲခင်ဗျ
ဟုတျကဲ့
ရွက်ထွင်းပိုးဆိုးဆိုးရွားရွားကျနေတဲ့ ခရမ်းချဥ်ပင်တွေကို လေးရက်တကြိမ် ဆေးဖြန်းပေးသင့်လားခင်ဗျ..
ဟုတျကဲ့ ဆရာ
ကြက်ဟင်းခါးပင် စိုက်ဘောင်ထဲမှာ ပဲလင်းမြွေသီး အပင်တွေ အလေ့ကျ လာပေါက်နေတယ်ခင်ဗျ.. အရင်က စွန့်ပစ်ခဲ့ဖူးတဲ့ အစေ့တွေကြောင့်ပါ.. နုတ်ပစ်ရမှာ နှမြောတာရော စင်ထိုးဖို့နေရာအခက်ခဲကြောင့်ရော ကြက်ဟင်းခါးတစင်တည်းနဲ့အတူတူ စိုက်ပျိုးသင့်လားခင်ဗျာ.. အိမ်စားဖို့ဝါသနာအရ စိုက်တာပါ
ကျေးဇူးပါ ခင်ဗျ အခု မြေကြီးပေါ်ကျင်းနဲ့ အမြစ်မနာအောင်ရွှေ့စိုက်ထားပါတယ် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ
ဒီအတိုင်းနေရင်းနဲ့အရွက်တွေကြွေကျပြီး အရိုးချည်း ကျန်တော့တယ်ခင်ဗျ.. ခွက်နဲ့စိုက်ပြီး 15 ပတ်လည် မြေသြဇာ ကျွေးထားပါတယ်.. ပြီးခဲ့တဲ့နှစ်ရက်ခန့်က အရွက်တွေလိပ်နေလို့ အီမာမက်တင်ဘန်ဇိုရိတ် ဖြန်းထားပါတယ် အဲ့ဒါတွေကြောင့်လား..ရောဂါလားခင်ဗျ
ဟုတျကဲ့ပါ
ကြက်သွန်နီကို အိမ်စားဖို့အတွက်ပဲ ဘောင်တင်စိုက်ပျိုးမယ်ဆိုရင် စားဖိုဆောင်ထဲက ကြက်သွန်နီဥတွေနဲ့ တိုက်ရိုက်စိုက်ပျိုးရင် သင့်တော်ပါမလားခင်ဗျ.. ပျိုးထောင်စိုက်ပျိုးတာနဲ့စာရင် ဥ„ဥနှုန်း နည်းပါးနိူင်သလားခင်ဗျ
ကျေးဇူးပါ ဆရာ
မျိုးအဖြစ် ထားတဲ့ ဘူးသီးအရင့်ကို စသီးချိန်ကစလို့ 4/5လရောက်ရင် အစေ့ထုတ်လို့ရပြီလားခင်ဗျာ.. အပေါ်ကြောကတော့ အရမ်းရင့်ပြီး မာတောင့်လို့နေပြီခင်ဗျ
ကျေးဇူးပါ ဆရာကြီး
မီးဖိုချောင်က ရတဲ့ ပုပ်သိုးပြီးထမင်းဟင်းအကျန်တွေက အပင်တွေအတွက်ဘယ်လိုအာဟာရဓာတ်ရနိုင်ပါသလဲခင်ဗျ.. ရနိုင်တယ်ဆိုရင် တိုက်ရိုက် အသုံးပြုသင့်သလား ပြင်ဆင်ပြီးအသုံးပြုသင့်သလားခင်ဗျ
ကျေးဇူးပါ ဆရာတို့
ငရုပ်အပင်က အရမ်းသန်ပေမယ့် မြေအခက်အခဲကြောင့်ခွက်နဲ့ စိုက်ထားလို့ အရမ်းအမြင့်ကြီးမထားဘဲ အဖျားဖြတ်/ ကိုင်းဖဲ့ လုပ်သင့်ပါလားခင်ဗျ.. ဒါမှမဟုတ်ဒီအတိုင်းဆက်ထားမယ်ဆိုလည်း ဘယ်လိုပြုစုစောင့်ရှောက်သင့်လဲ ခင်ဗျာ..
ကျေးဇူးပါ ဆရာတို့
ဝါးရုံပင်အောက်က မွနေတဲ့ မြေဆွေးကို ဘယ်လိုအသုံးပြုနိုင်သလဲခင်ဗျ.. တိုက်ရိုက်/ရောစပ်