အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇင်ထူးနိုင်

ဇင်ထူးနိုင်

စိုက်ပျိုးရေးပညာရှင် · ဒိုက်ဦး

80,504
လွန်ခဲ့သော ၃ နှစ် က

Indoor စိုက်မယ်ဆိုရင် မနက်ပိုင်း နေရောင်ခြည်ရရှိပြီး အလင်းရောင် ကောင်းကောင်းရှိတဲ့နေရာမှာ စိုက်ပျိုးသင့်ပါတယ်။ Indoor plant ဆိုပေမဲ့ အလင်းရောင်ကောင်းကောင်းမရရင် ပန်းမပွင့်နိုင်ပါဘူး။ သဘာဝမြေဆွေး ထည့်ပေးလို့ရပါတယ်။ ဓာတ်မြေသြဇာအနေနဲ့က Indoor plant တွေအတွက် သီးသန့်ထုတ်ထားတဲ့ ၁၃ ပတ်လည် မြေသြဇာထုပ်လေးတွေ အပင်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ်ဓာတ်ကို မျှတအောင်ကျွေးသင့်ပါတယ်။ မြေသြဇာက ၂ လလောက်နေမှ ၁ ကြိမ်သာကျွေးပါ။ ရေကတော့ အိုးထဲကမြေသား လုံးဝခြောက်သွေ့သွားတဲ့အထိ မထားဘဲ အပေါ်ယံမြေသား ၁ လက်မကျော်လောက် ခြောက်သွေ့နေပြီဆိုရင် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်း ရေလောင်းစရာမလိုပါ။ နေ့တိုင်းရေလောင်းတဲ့အခါ အစိုဓာတ်များပြီး ရောဂါကျတာမျိုး အမြစ်ပုပ်တာမျိုး ဖြစ်တတ်ပါတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ၁ ပတ်ကို ၁ - ၂ ရက်သာ ရေလောင်းပေးသင့်ပါတယ်။

Peace Lily (ရှင်သီဝလိဂမုန်း) အိမ်တွင်းစိုက်ဖို့ ဝယ်ထားပါတယ်။ ရေလောင်းနည်းလေး သိချင်ပါတယ်။ ဘယ်နှရက် တခါလောင်းရမလဲနဲ့ လောင်းရမယ့် ရေပမာဏလေး သိလိုပါတယ်။ ပန်းပိုပွင့်ဖို့ နဲ့ အပင်ပိုလှဖို့ ဘယ်လို ပြုစုရမလဲလေးပါ ဖြေပေးပါဦး။ စိုက်ပျိုးရေး beginner သမားမို့ မေးခွန်းမှာ အမှားပါသွားရင် နားလည်ပေးပါ။

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျ

သစ္စာပန်းစိုက်ထားတာ ၁ လသားရှိပါပြီ။ အားဆေးအနေနဲ့ ဘယ်ဆေးတွေအသုံးပြုဖို့ လိုအပ်မလဲခင်ဗျ။ ပိုးမွှားရောဂါအတွက်ဆိုရင်ရော ဘာတွေပြင်ဆင်ထားဖို့လိုမလဲ ခင်ဗျ။ ကျေးဇူးပါဗျ။

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ

သစ္စာပန်းကို ယခုအချိန် အပူပိုင်းဒေသတွေမှာ စိုက်ပျိုးလို့ရပါသလား။ ယခုအချိန် စိုက်ပျိုးမယ်ဆိုရင်ရော ဘယ်အရာတွေ ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်ပါသလဲခင်ဗျ။ ကျေးဇူးပါ။

လွန်ခဲ့သော ၄ နှစ် က

ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ

ဒီလိုခရုတွေ အိမ်မှာစိုက်ထားတဲ့ဟင်းသီးဟင်းရွက်များကို အကုန်စားသုံးပစ်တယ်ဗျာ ဘယ်လိုကာကွယ်ရမလဲဗျ?

လွန်ခဲ့သော ၄ နှစ် က

ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး

ဒီလိုခရုတွေ အိမ်မှာစိုက်ထားတဲ့ဟင်းသီးဟင်းရွက်များကို အကုန်စားသုံးပစ်တယ်ဗျာ ဘယ်လိုကာကွယ်ရမလဲဗျ?

လွန်ခဲ့သော ၄ နှစ် က

အပင်တွေကို ဖော့စဖောရပ်စ်ဓာတ်တွေ ရရှိစေချင်ရင် အသုံးပြုလို့ရတဲ့ သဘာဝပစ္စည်းတွေက အရိုးမှုန့်မြေသြဇာ၊ တီကျစ်စာ၊ ကြက်ချေး၊ မြေဆွေး၊ ငါးအမိုင်နိုအက်စစ်၊ အသီးအချဥ်ဖောက်ရည် (EM) စတာတွေ သုံးလို့ရပါတယ်

သဘာဝမြေသြဇာ ဖော့စဖရပ် P ပြုလုပ်နည်းတင်ပေးပါဦး ဆရာတို့

လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နိုမှာ နိုက်ထရိုဂျင် ၁.၄ ရာခိုင်နှုန်း၊ ဖော့စဖောရပ် ၁.၅၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၀.၁၈ ရာခိုင်နှုန်း၊ ဆာလ်ဖာ ၀.၂၆ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၀.၀၀၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အခြား အာဟာရဓာတ်တွေလည်း အနည်းငယ်စီပါဝင်ပါသေးတယ်။

ငါးအမိုင်နိုတွင်ပါဝင်သောအာဟာရဓါတ်ရာခိုင်နှုန်းကိုသိချင်ပါတယ်

လွန်ခဲ့သော ၄ နှစ် က

အီးအမ်ပြင်းဆိုတာက EM 2 ကိုဆိုလိုတာပါ။ အသင့်သုံး EM က EM 3 ပါ။

EMနဲ့ထရိုင်ကိုဓါးမား သုံးစွဲတဲ့အညွန်းတိတိကျကျရှိပါသလားခင်ဗျ ဥပမာ EM ကိုမျိုးစေ့စိမ်တဲ့နေရာမှာနံပါတ်ဘယ်လောက်သုံးပြီးရေဘယ်နှဆရောရတာမျိုး ထရိုင်ကိုဓါးမားကိုလည်းဘယ်လိုပွားပြီးပွားပြီးသားကိုရေဘယ်နှဆရောပြီးဖျန်းရတာမျိုးပေါ့EMကို မွေးမြူရေးခြံတွေမှာဖြည့်စွက်စာ အနံ့အသက်ပျောက်အောင် သုံးလို့ရသလို ပေါင်းပင်ပါးအောင်ထည်မထိုးခင်ဖျန်းလို့ရသလို မြေပြင်ရာမှာလည်းသုံးလို့ရတယ် ကြားဖူးသလို ဘိုကာချီမြေ​ဆွေးပြုလုပ်တဲ့နေရာမှာလည်းသုံးလို့ရတယ်လို့ကြားဖူးတယ်ဗျ

လွန်ခဲ့သော ၄ နှစ် က

အသင့်သုံး အီးအမ်ဆိုတာက EM အီးအမ်ပြင်း (EM Concentrate) ၁ ဆ တင်လဲရည် ၄ ဆ ရေ ၉၅ ဆကို ပုလင်း (သို့မဟုတ်) ပုံးထဲထည့် လေလုံအောင်ပိတ်ပြီး အေးမြခြောက်သွေ့တဲ့နေရာမှာ ထားရတာပါ။ ၁ ရက်ကို ၁ ကြိမ် သမအောင်လှုပ်ပေးရပါတယ်။ ဓာတ်ငွေ့ထွက်လာရင် အဖုံး ခဏဖွင့်ပြီး လေလုံအောင်ပြန်ပိတ်ရပါတယ်။ ၃ - ၄ ရက်ကြာရင် ဝါညိုရောင်ပြောင်းပြီး အသုံးပြုလို့ရပါပြီ။ အသင့်သုံးအီးအမ်က အာနိသင်ထိရောက်ဖို့အတွက် ပြုလုပ်ပြီး ၇ ရက်အတွင်း အသုံးပြုရပါတယ်။

EMနဲ့ထရိုင်ကိုဓါးမား သုံးစွဲတဲ့အညွန်းတိတိကျကျရှိပါသလားခင်ဗျ ဥပမာ EM ကိုမျိုးစေ့စိမ်တဲ့နေရာမှာနံပါတ်ဘယ်လောက်သုံးပြီးရေဘယ်နှဆရောရတာမျိုး ထရိုင်ကိုဓါးမားကိုလည်းဘယ်လိုပွားပြီးပွားပြီးသားကိုရေဘယ်နှဆရောပြီးဖျန်းရတာမျိုးပေါ့EMကို မွေးမြူရေးခြံတွေမှာဖြည့်စွက်စာ အနံ့အသက်ပျောက်အောင် သုံးလို့ရသလို ပေါင်းပင်ပါးအောင်ထည်မထိုးခင်ဖျန်းလို့ရသလို မြေပြင်ရာမှာလည်းသုံးလို့ရတယ် ကြားဖူးသလို ဘိုကာချီမြေ​ဆွေးပြုလုပ်တဲ့နေရာမှာလည်းသုံးလို့ရတယ်လို့ကြားဖူးတယ်ဗျ

လွန်ခဲ့သော ၄ နှစ် က

EM ကို မျိုးစေ့စိမ်ရာမှာ အသုံးပြုမယ်ဆိုရင် အသင့်သုံး EM ဖျော်ရည် ၁ ဆကို ရေ အဆ ၁၀၀ နဲ့ ရောပြီး ၂၄ နာရီ ရေစိမ်ပြီး အပင်ဖောက်နိုင်ပါတယ်။ အခွံပါးတဲ့ မျိုးစေ့တွေဆိုရင်တော့ အချိန်လျော့ပြီး စိမ်န်ိုင်ပါတယ်။ အပင်တွေကိုလည်း ပက်ဖျန်းပြီးတော့ အသုံးပြုနိုင်ပါတယ်။ ရေ ရှိနေတဲ့ စိုက်ခင်းတွေဆိုရင်တော့ အသင့်သုံး EM ၁ ဆကို ရေ (၂၀-၅၀) ဆ ရောစပ်ပြီး ပက်ဖျန်းနိုင်ပါတယ်။ ရေမရှိတဲ့ စိုက်ခင်တွေဆိုရင်တော့ အသင့်သုံး EM ၁ ဆကို ရေ (၅၀၀-၁၀၀၀) ဆ ရောစပ်ပြီးဖျန်းနိုင်ပါတယ်။ မွေးမြူရေးလုပ်ငန်းတွေမှာဆိုရင်တော့ EM ၁ ဆ ရေ အဆ ၁၀၀၀ ရောစပ်ပြီး မွေးမြူရေးခြံပတ်ဝန်းကျင်နဲ့ ကြမ်းပြင်တွေကို ၇ ရက် လျှင် ၁ ကြိမ် ဖျန်းပေးနိုင်ပါတယ်။

EMနဲ့ထရိုင်ကိုဓါးမား သုံးစွဲတဲ့အညွန်းတိတိကျကျရှိပါသလားခင်ဗျ ဥပမာ EM ကိုမျိုးစေ့စိမ်တဲ့နေရာမှာနံပါတ်ဘယ်လောက်သုံးပြီးရေဘယ်နှဆရောရတာမျိုး ထရိုင်ကိုဓါးမားကိုလည်းဘယ်လိုပွားပြီးပွားပြီးသားကိုရေဘယ်နှဆရောပြီးဖျန်းရတာမျိုးပေါ့EMကို မွေးမြူရေးခြံတွေမှာဖြည့်စွက်စာ အနံ့အသက်ပျောက်အောင် သုံးလို့ရသလို ပေါင်းပင်ပါးအောင်ထည်မထိုးခင်ဖျန်းလို့ရသလို မြေပြင်ရာမှာလည်းသုံးလို့ရတယ် ကြားဖူးသလို ဘိုကာချီမြေ​ဆွေးပြုလုပ်တဲ့နေရာမှာလည်းသုံးလို့ရတယ်လို့ကြားဖူးတယ်ဗျ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။