အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Soe Moe

Soe Moe

စိုက်ပျိုးရေးပညာရှင် · ပုသိမ်ကြီး

300
လွန်ခဲ့သော ၁ နာရီ က

အပင်ထူလွန်းလို့ အပင်ပိန်ရှည်ဖြစ်လာတာပါ။ လေဝင်လေထွက်အားနည်းတဲ့အတွက် ပိုးရောဂါတော့ သတိထားစောင့်ကြည့်ပါ။ လောလောဆယ် ပိုးမတွေ့သေးတဲ့အတွက် ကြိုဖျန်းစရာတော့ မလိုသေးပါဘူး။ ပန်းစထွက်တဲ့ကာလမှာ အသီးတင်အောင် ပုလဲလက်ချား ဖျန်းပေးပါ။ ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့ ပုံပါပိုးသတ်ဆေးနှစ်ခုကို ရောဖြန်းထယးပါတယ် နောက်ထပ်ဘာဆေးတွေထဏ်ဖြန်းသင့်လဲဆရာတို့ လမ်းညွှန်ပေးပါဦး

လွန်ခဲ့သော ၁ နာရီ က

အပင်ထူလွန်းလို့ အပင်ပိန်ရှည်ဖြစ်လာတာပါ။ လေဝင်လေထွက်အားနည်းတဲ့အတွက် ပိုးရောဂါတော့ သတိထားစောင့်ကြည့်ပါ။ လောလောဆယ် ပိုးမတွေ့သေးတဲ့အတွက် ကြိုဖျန်းစရာတော့ မလိုသေးပါဘူး။ ပန်းစထွက်တဲ့ကာလမှာ အသီးတင်အောင် ပုလဲလက်ချား ဖျန်းပေးပါ။ ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုးတွေကျလို့ ဖြန်းလိုက်တယ် ယခုချိန်ထိပွင့်ထွေးရျတာတော့ မတွေ့ရသေးဘူးဆရာတို့ ဘာဆေးတွေ ထပ်ဖြန်းသင့်လဲဆရာတို့။ နောက်တစ်ခု တစ်ချို့အပင်တွေက ပင်စည်အရိုး မပွပဲပိန်ပြီးရှည်တက် သွားတယ် ဘာဆေးဖြန်းသင့်လဲ ၊ ခုမှပက်တဲ့အပင်တွေကိုလည်းအဲ့လိုမဖြစ် ဘယ်လို ကာကွယ်ရမလဲ ဘာဆေးဖြန်းသင့်လဲ ဖြေပေးပါဦးဆရာတို့

လွန်ခဲ့သော ၁ နာရီ က

အစိုဓာတ်နည်းနေရင်တော့ ဘောင်ပေါက် နွားချေးဆွေး ဒါမှမဟုတ် သဘာဝမြေသြဇာထည့်ပြီး ရေအရင်ပေးပြီးမှ မျိုးစေ့ချပါ။ ပြီးရင် ကောက်ရိုးနဲ့ ဘောင်အုပ်ထားပေးပါ။ ဒါမှ အစိုဓာတ်ကို ထိန်းပေးပြီး အပင်ပေါက်ကောင်းမှာဖြစ်ပါတယ်။ ပင်ကြား ၁၀ လက်မ တန်းကြား ၂ပေ ၂ ပေခွဲလောက် ထားပေးပါ။ မြေခံထည့်မယ်ဆိုရင်တော့ ၁၅ ပတ်လည် ဒါမှမဟုတ် ၁၆-၁၆-၈ ထည့်ပေးနိုင်ပါတယ်။

သကြားပြောင်းစိုက်ချင်ပါတယ်ဗျခု11..လပိုင်းထဲမှာစိုက်မှာပါသခွားစိုက်ထားတဲ့မြေကိုဘောင်တွေကိုပေါက်ဆွပီးမှစိုက်မှာပါမြေစိုဓါတ်တော်တော်နည်းနေပါပြီဘယလိုစိုက်ရမလဲဧက။ ဝက်ရှိပါတယ်

လွန်ခဲ့သော ၁ နာရီ က

ဆစ်ပိုးအတွက်ဆို Profenofos+Lambda cyhalothrin ‌ဖျန်းပေးပါ

ဆရာတို့ရေ ကူညီကြပါအုံးဗျ စပါးတေက အဆစ်ပိုးတေများလို့ပါဗျ ဘယ်လိုသုံးသင့်သလဲဆိုတာ ပြောပေးကြပါအုံးဗျ

လွန်ခဲ့သော ၁ နာရီ က

ပင်စည်ထိုးပိုးကျနေတာပါ။ အရင်းမှာ အပေါက်ရာလေး။ အီသာပလပ်စ် ဖျန်းပါ။

ခရမ်းပင်ရောဂါလား ပိုးလားဗျ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။