အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးကျော်သောင်း

ဦးကျော်သောင်း

ကုန်သည် · လယ်ဝေး

348
လွန်ခဲ့သော ၅ နှစ် က

မျိုးဥဘယ်မှာဝယ်ရမယ်ဆိုတာ မေးထားတာ တစ်နှစ်ကျော်ပြီပြန်ဖြေတာမတွေ့ရပါ။ တောင်သူများဘယ်လိုအားကိုးလို့ရနိုင်ပါသလဲ

လီလီပန်း ဘယ်လို ပြုစုရသလည်း။ စျေးကွက် ရောရှိလာနိုင်သလား ဗျူ

လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးရေးဆေးကို စျေးတက်မှာ တစ်ခုထဲနဲ့ ကြိုတင်ဝယ်မလှောင်သင့်ပါဘူးခင်ဗျာ. ဘာကြောင့်လဲဆိုတော့ သီးနှံရာသီချိန်မှာ ဘာပိုးကျမယ် ဘာရောဂါ ဝင်မယ်ဆိုတာ အတိအကျမရှိလို့ပါ။ နောက်တစ်ခုက ဆေးရဲ့ သက်တမ်းပါ ကိုယ်ဝယ်ထားပြီး မသုံးရခင်မှာ သက်တမ်းကုန်နေတာမျိုးဖြစ်တတ်ပါတယ်။ စျေးနှုန်းဆိုတာ ပုံသေမှတ်ထားလို့မရပါဘူး ကိုယ့်စိုက်ခင်းထဲက ပိုး/ရောဂါ ကျရောက်မှု အခြေအနေကိုကြည့်ပြီး စျေးသက်သာတဲ့ ai တူဆေးမျိုးတွေကို လေ့လာပြီး ဝယ်သုံးပါ။ အရေးကြီးဆုံးကတော့ မိမိစိုက်ခင်းထဲမှာ ကျရောက်နေတဲ့ ပိုး/ရောဂါတွေ စဖြစ်ကာစမှာ သိရှိနိုင်အောင် စိုက်ခင်းထဲမှာ မျက်ခြေမပြတ်လေ့လာသင့်ပါတယ်။ ဘယ်ပိုးကျရင် ဘယ်ဆေးသုံးရမယ် နှုန်းထား ဘယ်လောက်သုံးရမယ်ဆိုတာ နားလည်နိုင်ဖို့ တောင်သူတိုင်းဟာ စာပေဗဟုသုတ ရှိဖို့လိုပါတယ်။

ကျွန်တော့တို့ခုလာမဲ့ပဲရာသီချိန်မှာပဲဖျန်းဆေးစျေးနှုန်းများတက်နိုင်ခြေရှိမရှိခုချိန်ဆေးဝယ်လှောင်လို့အဆင်ပြေမပြေသိရအောင်ဝင်ရောက်ဆွေးနွေးအကြံပြုပေးကြပါ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။