မေဇင်ထွန်း
Greenovatorစိုက်ပျိုးရေးပညာရှင် · ဂွ
အသေးစိတ်ကို အရောင်အသွေး အစုံအလင်နှင့် လှပသော မေမြို့ပန်း စိုက်ပျိုးနည်း မှာလေြလာလို့ရပါတယ်။
မေမျို့ပန်းပျိုးနည်းလေးသိချင်ပါတယ်ဆရာတို့
ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) လုပ်ပြီးဖျန်းကြည့်ပါလား
အာဝါး ငြုပ်ပါ ခင်ဗျာ အသီးက သီးနေပြီ အပင်မထွားဘူးဖြစ်နေလို့ အပင်ကြီးထွားမြန်တဲ့ ရွက်ဖျန်းဆေးလေး ပြောပြပေးကြပါ🙏🙏🙏
ဟင်းနုနွယ် စိုက်ပျိုးနည်း မှာလေ့လာလို့ရပါပြီ။
ဟင်းနုနွယ်စိုပ်ပျိုးနည်းလေးမရှိဘူးလားဗျရှာမရလို့ပါ
ခြံထဲကျွန်းပင်အသေးလေး ခုတ်ပစ်ချင်တာတောင် ဌာနဆိုင်ရာက လာပြောတာ တွေ့ဖူးတယ်ရှင့်
မိမိကိုယ်ပိုင်မြေမှာ ကျွန်းပင်စိုက်ရင် သစ်ကို ကိုယ်တိုင်ရောင်းစားခွင့်ရှိပါသလားဗျ
တိုက်ရိုက်ထည့်ရင်တော့ ဆွေးဖို့ကြာလိမ့်မယ်ရှင့်။ အောက်မှာတစ်ခုထပ်ဖြေထားပါသေးတယ်။ မြေဆွေးပုံလုပ်ပြီးမှထည့်ရင်ရော။
စပါးခွံကိုမီးရှို့ရင်kပဲကျန်ပြီးNနှင့်Pကဆုံးရှုံးသွားတယ်လေ အာဟာရဓာတ်အပြည့်အစုံရအောင်လယ်ထဲတိုက်ရိုက်ထည့်ရင်ကောင်းမလားလို့
ဆေးစရာမလိုပါဘူးရှင်
ဆန်ဝိုင်လုပ်တဲ့အခါမှာဆန်ကိုရေနဲ့ဆေးစရာလိုပါသလား။ဆေးစရာမလိုဘူးလားသိချင်ပါတယ်။
သူ့ရဲ့ဖျော်စပ်ပုံအရတော့ ဆန်ဆေးရည်တော့ပါမနေဘူးရှင့်။ စမ်းကြည့်ချင်တာဆိုရင်တော့ စိုက်ခင်းကိုမဖျန်းခင် အစမ်းဖျန်းကြည့်ပြီးမှ သုံးစေချင်ပါတယ်။
ပဲဖက်ပုတ်ရည်တွင်ဆန်ဆေးရည်ထည့်သုံးလို့ရနိုင်လားခင်ဗျာ
ကျွန်းပင်ကို စစိုက်မယ်ဆိုကတည်းက သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်ယူရပါတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေကတော့အများကြီးပါရှင့်။ (ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှထွက်ရှိသည့် သစ်နှင့်သစ်တောထွက်ပစ္စည်းများကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခုတ်လဲထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်စည်း ကြပ်သည့်အခွန်ငွေကို ပေးသွင်းရမည်။) ဒါလေးကတော့ ဥပဒေထဲက စာသားတချို့ကို ထုတ်ပြီးဖြေပေးထားတာပါ။. အသေးစိတ်ကို ဆောင်းပါးတင်ပေးသွားပါ့မယ်ရှင့်။
ကျွန်းပင်စိုက်ရင် စိုက်တဲ့သူက တရားဝင်ရောင်းစားခွင့်ရှိလားဗျ
စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။ ပြုလုပ်ဆောင်ရွက်နည်းများ · စွန့်ပစ်စပါးခွံများအား ယူရီးယား၊ ထုံး၊ ကြက်ချေး၊ သဘာမြေစေး တို့နှင့်အတူ ၁-၂ ရက်ခန့် ရေထဲတွင်စိမ်ထားပါ၊ · ထို့နောက် ပိုသောရေများအားထုတ်ပစ်ပြီး ပလပ်စတစ်အစပေါ်တွင် ပုံပါ။ · မြေဆွေးပြုလုပ် ထားစဉ်အတွင်း အစိုဓာတ်ကို ထိန်းထားနိုင်ရန် နောက်ပလပ်စတစ်စ တစ်ခုဖြင့် အုပ်ပေးပါ။ · မြေဆွေးပုံအား ရေလောင်းပေးပြီး တစ်လတစ်ကြိမ် အထက်အောက် လှန်ပေးပါ။ ၎င်းကို ၆ လအထိ ပြုလုပ်ပေးရမည်။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မြေဆွေးပုံအတွင်း ပါဝင်သော အရာဝတ္ထုပစ္စည်းများ ကောင်းစွာရောနှော သမသွားပြီး ဆွေးမြေ့မှုကိုလည်း မြန်စေပါသည်။
လယ်ထဲစပါးခွံထည့်ရင်ဘယ်လောက်ကြာမှဆွေးလည်း မဆွေးခင်အပင်ကိုထိခိုက်လား
စပါးခွံကို မီးသွေးဖုတ်သလို မြေအုပ်လောင်ကျွမ်းစေခြင်းဖြင့် ရုပ်ဂုဏ်သတ္တိပြိုပျက်ဆဲ ဖွဲပြာကိုရရှိစေပြီးမှ ကြက်ချီး နွားချီး ဝက်ချီး သစ်ရွက်ဆွေးမြေတို့ဖြင့် ရောစပ်အသုံးပြုနိုင်ပါက လျှင်မြန်အသုံးပြုရနိုင်သလို အပင်၏ အမြစ်တိုးဝင်နိင်ခြင်းနှင့် အမြစ်သစ်ထွက်နိုင်ခြင်း ကို များစွာအထောက်ကူဖြစ်စေပါသည်။ ပြာနှင့် ရောထွေးသောကြောင့် ပိုမိုကောင်းမွန်သောအပင်အထောက်ပံ့ကိုလည်းရရှိစေပြီး ပျိုးအိပ်များမြေထည့်ရန်အတွက် ဖွဲပြာနှင့် အုန်းဆန်မှုန့် နွားချီးမြေဆွေးတို့သည် ကောင်းမွန်သော အရာများဖြစ်သည်။ ဖြေဆိုသူ - ဆရာ ညီညီ။
လယ်ထဲစပါးခွံထည့်ရင်ဘယ်လောက်ကြာမှဆွေးလည်း မဆွေးခင်အပင်ကိုထိခိုက်လား