မောင်ကျော်
အခြား · ပဲခူး
ကြက်ချေးပူ လောင်သွားတယ်ထင်တယ်။ အပင်ခြေကို ကြက်ချေးတွေ မထိမိစေနဲ့လေ။
ကျွန်တော့သရက်ပင်တွေ တင်ပြထားတဲ့ပုံထဲကအတိုင်း ရွက်နုထွက်တဲ့အတန်တွေ မဲပီးညိုးှရာက ခြောက်သွားပါတယ်။ဘာကြောင့်မှန်းမသိပါ။ ၇ လပိုင်းက ၁၅ ပါတ်လည် ကြက်ချီးကျွေးထားပါတယ်။ပိုးကြောင့်လား မှိုကြောင့်လား ဝေခွဲမရဖြစ်နေပါတယ်။ဆရာသမားများ အလင်းပြပေးကြပါအုံးဗျာ။သရက်ကစိန်တလုံးတွေပါ။
အခေါက်ခွာတာ များလာရင် နှစ်ကြာလာတဲ့အခါ ပိုး၀င်ပီး အပင်သေသွားရောပဲ။ သီးတာတော့ သီးပါရဲ့။ ရှိသမျှ အပင်လိုက်ခွာနေရင်တော့ ခွာမယ့်အတူတူ ဖဲ၀ိုင်းထဲ ၀င်ပီး ဖဲသွားရိုက်တာမှ စီးပွားဖြစ် ဖြစ်သွားပါအုံးမယ်။
သရက်ကို စောစောသီးစေခြင်ရင်အခေါက်ခွာထားဆိုလို့ အခေါင်တွေခွာထားလိုက်တာ ပြီးတော့ အရွက်တွေရင့်နေတဲ့အချိန် သရက်ရာသီမရောက်ခင်ကတည်းကလုပ်ရမယ်ဆိုလို့ဒီလကုန်ရင်လုပ်မလို့အတင်ပြေမလားဗျ
ဗာဒံပင် စိုက်ပါလား
ပူတဲ့ဒေသမှာအရိပ်ကောင်းကောင်းစိုက်ပျိုးလို့သင့်တော်မယ့်အပင်ဆိုဘာအပင်စိုက်သင့်လဲဗျ
ဆေးရွက်ကြီး၊ပရုတ်ခဲ၊ရေနံဆီ အမှုန့်ထောင်းနယ်ပီး အပေါက်ထဲ ၀င်အောင် ထဲ့ပေးလိုက်ပါ။ ပရုတ်ခဲက ပရဆေးဆိုင်မှာ ရပါတယ်။(အ၀တ်တွေထဲ ထဲ့သော ပရုတ်လုံး မဟုတ်ပါ)
သရက်ပင် ပိုးကျပြီး ကျိုးကျလို့ပါရှင့် သဘာဝ organic ဆေးသုံးချင်ပါတယ် ဘယ်ဆေးသုံးရမလဲ ပညာရှင်များနှင့် တောင်သူမိတ်ဆွေများရှင့်
ဆေးရွက်ကြီး၊ပရုတ်ခဲ၊ရေနံဆီကို အမှုန့်ထောင်းနယ်၍ သိပ်ပေးလိုက်ပါ။
၈နှစ်သားအရွယ် စိန်တလုံးသရက်ပင်များတွင် ပင်စည်ထိုးပိုးကျရောက်ပြီး ၅ပင်ခန့်သေဆုံးပြီးဖြစ်ပါသည်။ယခုအပင်များ၌လည်း ပင်စည်ပိုးထိုးလျှက်ရှိပြီး မည်ကဲ့သို့ ဆေးဝါးများအသုံးပြုပြီး ကာကွယ်၊ပိုးသတ်နည်းများအား ကျေးဇူးပြု၍ ဖြေကြားပေးပါဗျာ။
အပေါ်ကို ထောင်မတ်နေရင် လောရှည်အပင် ဖြစ်သွားလိမ့်မယ်။အပင်ကြီးလာရင် ထန်းတက်သမားကို ခေါ်ပီး တက်ခူးမှ ရလိမ့်မယ်။
သရက်ပင်က အ ေပါ်ထောင်မတ်မနေပဲ ဘေးသို႔ ဖြာထွက်နေပါတယ်ရင့် ဘာကြောင့်လဲသိချင်လို႔ပါရင့်