အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
33
လွန်ခဲ့သော ၂၈ မိနစ် က · အင်္ဂပူ

ပဲပုတ် ၁ဧက ကို ၂တင်း ကျဲလိုက်တာ အပျက်အစီးများရှိမလားဆိုပြီး များသွားလား ဗျ သိရင်ပြောပြခဲ့ပါအုံး

စိုက်ပျိုးနည်း ပဲပုပ်
You
14
လွန်ခဲ့သော ၃ နာရီ က · မြို့သစ်

နှမ်းဈေးဘယ်လမှာဈေးကောင်းနိုင်ပါသလဲ ဈေးတက်နိုင်ပါသလဲ

စိုက်ပျိုးစီးပွား နှမ်း
288,571 လွန်ခဲ့သော ၃ နာရီ က

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ နောက်ပိုင်း လာမည့်လများတွင် နှမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ခြေ အလားအလာ အလွန်ကောင်းမွန်ပါတယ်။ များသောအားဖြင့် မိုးနှမ်းအသစ် ဝင်ရောက်မှု များပြားသည့် မေလနှင့် ဇွန်လများတွင် ဈေးအေးတတ်သော်လည်း၊ စက်တင်ဘာလကုန်မှစ၍ ပစ္စည်းလက်ကျန် နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်အရှိန်ရလာလေ့ရှိပါတယ်။ အထူးသဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများသည် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ပြည်ပဝယ်လိုအား အမြင့်ဆုံးအချိန်ဖြစ်၍ နှမ်းနက် (စမုံ) နှင့် နှမ်းဖြူတို့ ဈေးအကောင်းဆုံး ရရှိနိုင်သည့် ကာလဖြစ်ပါတယ်။ ထို့ကြောင့် တောင်သူများအနေဖြင့် အရည်အသွေးမြှင့်တင် သိုလှောင်ထားပြီးမှ ရောင်းချပါက ပိုမိုအမြတ်အစွန်း ရရှိနိုင်ပါတယ်။

You
6
လွန်ခဲ့သော ၃ နာရီ က · ဝါးခယ်မ

ကွမ်းသီးအ၀ယ်ကောင်းပါသလား ဘယ်အတွက်အဝယ်များနေရတာလည်းသိပါရစေ

စိုက်ပျိုးစီးပွား ကွမ်းသီး
288,571 လွန်ခဲ့သော ၃ နာရီ က

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ ဈေးကွက်အခြေအနေအရ မြန်မာ့ကွမ်းသီးဈေးကွက်သည် အရောင်းအဝယ် အေးစက်နေပြီး ဈေးနှုန်းများ သိသိသာသာ ကျဆင်းနေပါတယ်။ ရာသီအစပိုင်းက ဈေးကောင်းရခဲ့သော်လည်း ယခုအခါ အဓိကဝယ်လက်ဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံများမှ ၎င်းတို့၏ ရာသီအလိုက် အဝယ်ပြည့်မီသွားသဖြင့် ဝယ်လိုအား အကြီးအကျယ် လျှော့ချလိုက်သောကြောင့် ဖြစ်ပါတယ်။

You
1,309
လွန်ခဲ့သော ၆ နာရီ က · ငပုတော

ကွမ်းရွက်က ဘာဖြစ်တဲ့လက္ခဏာလဲဆရာ ဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ ကွမ်း
Post image
22 လွန်ခဲ့သော ၂ နာရီ က

ပိုးကနြတေယျ

288,571 လွန်ခဲ့သော ၃ နာရီ က

ဟုတ်ကဲ့၊ ကော့ပါးဖျန်းဖျန်းကာဆူဖျန်းဖျန်း‌ အောက်ဆိုလင်းနစ်ဖျန်းဖျန်း ဆေးတစ်ကြိမ်ဖျန်းပြီးတိုင်ရောဂါလက္ခဏာများဆက်လက်ပျံ့ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါဗျ။

You
30
လွန်ခဲ့သော ၇ နာရီ က · ဝါးခယ်မ

သက်ကြီးစပါးမှာဘာရောဂါကျနေတာလဲဗျ

စိုက်ပျိုး ရေ စပါး
Post image
Post image
288,571 လွန်ခဲ့သော ၇ နာရီ က

ပုံပါစပါးရွက်များတွင် တွေ့ရသည့် လက္ခဏာမှာ စပါးဘက်တီးရီးယားရွက်စင်းရောဂါ ကျရောက်နေတာပါ။ ဤရောဂါကို ကုသရန်အတွက် အပင်ကို အသားနုစေပြီး ရောဂါပိုမိုပြန့်ပွားစေသည့် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းရပါမယ်။ ထို့နောက် လယ်ကွင်းအတွင်းရှိရေများကို ထုတ်ပစ်ပြီး အခြောက်ခံပေးခြင်းဖြင့် စိုထိုင်းဆကိုလျှော့ချကာ ရောဂါကူးစက်မှုကို ဖြတ်တောက်ရပါမယ်။ ဆေးဝါးအနေဖြင့် အပင်ကိုခံနိုင်ရည်ရှိစေရန် ပိုတက်ဆီယမ်မြေဩဇာ တိုးကျွေးခြင်းနှင့်အတူ ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) သို့မဟုတ် ကော့ပါးဟိုက်ဒရောက်ဆိုက် (Copper Hydroxide) ကဲ့သို့သော ကြေးနီဓာတ်ပါဆေးဝါးများ သို့မဟုတ် ကာဆူဂါမိုင်စင်Kasugamycin ၊ Bismerthiazole, Oxolinic acid ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းနှိမ်နင်းရပါမယ်။

You
ဖြေလည်သော အဖြေရရှိပြီး
132
လွန်ခဲ့သော ၈ နာရီ က · လက်ပံတန်း

ကျောက်ဖရုံကို အညွန့်ဘယ်အချိန် ဖြတ်သင့်ပါသလဲ ခင်ဗျာ။ အရွက်ဘယ်နှရွက်လောက်ဆို အညွန့်ဖြတ်သင့်ပါလဲ ပြောပြပေးပါအုန်းနော်။ ကျေးဇူးတင်ပါတယ်။

စိုက်ပျိုးနည်း ကျောက်ဖရုံသီး
288,571 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

ကျောက်ဖရုံပင် အောင်မြင်ဖြစ်ထွန်းရန်အတွက် ပင်မနွယ်ပင် အရှည် ၅ ပေမှ ၆ ပေခန့် (သို့မဟုတ် စိုက်ပျိုးပြီး ၃၅ ရက်မှ ၄၅ ရက်ဝန်းကျင်) ရှိလာချိန်၊ အပင်တွင် အရွက်စစ် ၁၅ ရွက်မှ ၂၀ ရွက်ခန့် ရှိလာသောအခါ ပင်မအညွန့်ထိပ်ဖျားကို စတင်ဖြတ်ပေးရပါမယ်။ ထိုသို့ဖြတ်ပေးခြင်းဖြင့် ဘေးနွယ်ခက်သစ်များ ထွက်ရှိလာပြီး အသီးတင်နှုန်းကို ပိုမိုကောင်းမွန်စေပါတယ်။ အညွန့်ဖြတ်ရာတွင် အပင်ဒဏ်ရာမှတစ်ဆင့် ရောဂါပိုးမွှားဝင်ရောက်ခြင်းကို ကာကွယ်ရန် ခြောက်သွေ့သော နံနက်ခင်းအချိန်တွင် ဖြတ်တောက်သင့်ပြီး ဘေးမှထွက်လာသော သန်မာသည့် နွယ်သစ် ၂ ခုမှ ၃ ခုကိုသာ ချန်လှပ်၍ ကျန်သောအညွန့်များကို ဖယ်ရှားပြုစုရပါမယ်။

You
17
လွန်ခဲ့သော ၉ နာရီ က · ရွှေဘို

သက်လက်စပါးမှာ‌ပြောင်းရွေ့စိုက်ပီးသက်တမ်းအလိုက်‌N.P.Kကျွေးနည်းလေးပြောပြပေးပါ

အပင်အာဟာရ စပါး
288,571 လွန်ခဲ့သော ၇ နာရီ က

သက်လတ်စပါး (သက်တမ်း ၁၃၅-၁၄၅ ရက်) တွင် မြေသြဇာကို အဆင့် ၄ ဆင့်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ပထမအဆင့်အဖြစ် ‌ မြေခံမြေသြဇာကို ကောက်မစိုက်မီ နောက်ဆုံးထွန်တုံးတွင် တီစူပါ (သို့) ကွန်ပေါင်းမြေသြဇာ (ဥပမာ- ၁၅ ပတ်လည်) အိတ်ဝက်နှင့် ပိုတက်ရှ် (MOP) တစ်အိတ်၏ လေးပုံတစ်ပုံကို မြေပြင်စဉ် ထည့်သွင်းရပါမယ်။ ဒုတိယအဆင့်အဖြစ် ကောက်စိုက်ပြီး (၁၅) ရက်မှ (၂၀) ရက်သား ပင်ပွားထွက်ချိန်တွင် ပုလဲ (ယူရီးယား) မြေသြဇာ အိတ်ဝက်ကို ကြဲပက်ကျွေးရပါမယ်။ တတိယအဆင့်အဖြစ် ကောက်စိုက်ပြီး (၄၀) ရက်မှ (၄၄) ရက်သား အနှံသန္ဓေတည်စပြုချိန်တွင် ကွန်ပေါင်းမြေသြဇာ အိတ်ဝက် (သို့မဟုတ်) ပုလဲအိတ်ဝက်နှင့် ပိုတက်ရှ် ၁၂.၅ ကီလိုဂရမ်ကို ဒုတိယအကြိမ် အဖြစ် ကျွေးရပါမယ်။ စတုတ္ထအဆင့်အနေဖြင့် စပါးပန်းပွင့်ပြီး နို့ရည်တည်ချိန်တွင် စပါးအဆံအောင်စေရန် ပိုတက်စီယမ်ပါဝင်မှုမြင့်မားသော အရွက်ဖျန်းမြေသြဇာကို ဖျန်းပေးရပါမယ်။

288,571 လွန်ခဲ့သော ၇ နာရီ က

သက်လတ်စပါး (သက်တမ်း ၁၃၅-၁၄၅ ရက်) တွင် မြေသြဇာကို အဆင့် ၄ ဆင့်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ပထမအဆင့်အဖြစ် ‌ မြေခံမြေသြဇာကို ကောက်မစိုက်မီ နောက်ဆုံးထွန်တုံးတွင် တီစူပါ (သို့) ကွန်ပေါင်းမြေသြဇာ (ဥပမာ- ၁၅ ပတ်လည်) အိတ်ဝက်နှင့် ပိုတက်ရှ် (MOP) တစ်အိတ်၏ လေးပုံတစ်ပုံကို မြေပြင်စဉ် ထည့်သွင်းရပါမယ်။ ဒုတိယအဆင့်အဖြစ် ကောက်စိုက်ပြီး (၁၅) ရက်မှ (၂၀) ရက်သား ပင်ပွားထွက်ချိန်တွင် ပုလဲ (ယူရီးယား) မြေသြဇာ အိတ်ဝက်ကို ကြဲပက်ကျွေးရပါမယ်။ တတိယအဆင့်အဖြစ် ကောက်စိုက်ပြီး (၄၀) ရက်မှ (၄၄) ရက်သား အနှံသန္ဓေတည်စပြုချိန်တွင် ကွန်ပေါင်းမြေသြဇာ အိတ်ဝက် (သို့မဟုတ်) ပုလဲအိတ်ဝက်နှင့် ပိုတက်ရှ် ၁၂.၅ ကီလိုဂရမ်ကို ဒုတိယအကြိမ် အဖြစ် ကျွေးရပါမယ်။ စတုတ္ထအဆင့်အနေဖြင့် စပါးပန်းပွင့်ပြီး နို့ရည်တည်ချိန်တွင် စပါးအဆံအောင်စေရန် ပိုတက်စီယမ်ပါဝင်မှုမြင့်မားသော အရွက်ဖျန်းမြေသြဇာကို ဖျန်းပေးရပါမယ်။

You
126
လွန်ခဲ့သော ၁၁ နာရီ က · ဘိုကလေး

စပါးမှာ ဆီလီကာမြေသြဇာကိုဘယ်အချိန်မှာထည့်ရမလဲဗျ

စိုက်ပျိုးနည်း စပါး
288,571 လွန်ခဲ့သော ၁၀ နာရီ က

စပါးခင်းတွင် ဆီလီကာကို စပါးပင်သက်တမ်း အစောပိုင်းကာလဖြစ်သည့် မြေခံထည့်ချိန်နှင့် ပင်ပွားထွက်ချိန် (စိုက်ပြီး ၂၀-၃၀ ရက်) တို့တွင် အဓိက ထည့်သွင်းရပါမယ်။ အစောပိုင်းတွင် မြေချအမှုန့်/ခဲပုံစံကို တစ်ဧကလျှင် ၁၀-၂၀ ကီလိုဂရမ်နှုန်း ထည့်နိုင်ပြီး၊ အကယ်၍ နောက်ကျသွားပါက ရွက်ဖျန်းဆီလီကာအရည်ကို ပင်ပွားချိန်၊ မှို့ကပ်ချိန်နှင့် စပါးပန်းပွင့်စုံပြီးချိန် ဟူ၍ (၃) ကြိမ် ခွဲဖျန်းနိုင်ပါတယ်။ ဆီလီကာသည် စပါးပင်ကို သန်မာစေပြီး အပင်လဲကျခြင်းနှင့် ပိုးမွှားရောဂါဒဏ်ကို ကာကွယ်ပေးသဖြင့် အချိန်ကိုက်ထည့်ရန် အရေးကြီးပါတယ်။

You
17
လွန်ခဲ့သော ၁၁ နာရီ က · ကျွန်းစု

သီဟိုဠ်ပင်ြကားညှပ်ဘာအပင်စိုက်သင့်လဲ

စိုက်ပျိုးနည်း သီဟိုဠ်
288,571 လွန်ခဲ့သော ၁၀ နာရီ က

သီဟိုဠ်ခြံများတွင် ကြားညှပ်သီးနှံ စိုက်ပျိုးခြင်းသည် မြေကွက်လပ်ကို အကျိုးရှိရှိ အသုံးချနိုင်ပြီး အပိုဝင်ငွေရရှိစေသည့်အပြင် ပေါင်းပင်များကိုလည်း သဘာဝအတိုင်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အပင်သက်တမ်း ၁ နှစ်မှ ၃ နှစ်အတွင်း ငယ်စဉ်ကာလတွင် နေရောင်ခြည် အပြည့်အဝရရှိသဖြင့် မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ ကဲ့သို့သော ပဲမျိုးစုံနှင့် နနွင်း၊ ချင်း (ဂျင်း)၊ ပြောင်းဖူး၊ နှမ်း တို့ကို စိုက်ပျိုးနိုင်ပါတယ်။ အပင်သက်တမ်း ၄ နှစ်နှင့်အထက် ရင့်လာချိန်တွင် အကိုင်းအခက်များ အရိပ်ရလာသဖြင့် အရိပ်ခံနိုင်သော နနွင်းနှင့် ချင်း (ဂျင်း) တို့ကို ပြောင်းလဲစိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးရာတွင် အာဟာရလုမှု မရှိစေရန် သီဟိုဠ်ပင်ခြေရင်းမှ ၃ ပေခွဲခန့် ကွင်းချန်၍ စိုက်ပျိုးရမည်ဖြစ်ပြီး သီဟိုဠ်ပင်ထက် မြင့်မားကာ အရိပ်အလွန်ချတတ်သော သီးနှံများကို ရှောင်ကြဉ်ရပါမယ်။

76 လွန်ခဲ့သော ၁၀ နာရီ က

သီးညှပ်စိုက်ပျိုးခြင်း">https://greenwaymyanmar.com/tags/1126">သီးညှပ်စိုက်ပျိုးခြင်း

You
70
လွန်ခဲ့သော ၁၅ နာရီ က · ညောင်တုန်း

အမည်းအလုံးတွေကဘာကြောင့်ဖြစ်တာလဲဘယ်လိုလုပ်ရမလဲပြောပြပေးပါဦးဆရာတို့

စိုက်ပျိုးနည်း ကွမ်း
Post image
70 လွန်ခဲ့သော ၁၃ နာရီ က

ဟုက်ကဲ့ကျေးဇူးပါအကို

အတည်ပြုပြီး 319,466 လွန်ခဲ့သော ၁၃ နာရီ က

မြေကြီးအစိုဓာတ်များပြီး စိုထိုင်းစမြင့်တက်နေတဲ့ကာလမှာ အပင်တွေက ရေ၊ သကြားနဲ့ ဆားဓာတ်တွေကို ပြန်လည် စွန့်ထုတ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ပိုး၊ ရောဂါမဟုတ်ပါဘူး။ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။ ပေါင်းမြက်တွေကို ရှင်းပေးပါ။ ရေထုတ်မြောင်းကောင်းအောင် လုပ်ပေးပြီး မြေကြီး အစိုဓာတ်ကို လျှော့ချပေးပါ။ အရွက်ထဲက သကြားဓာတ်တွေ ထွက်လာတဲ့အတွက် ပုရွက်ဆိတ်နဲ့ မှို ကျရောက်နိုင်မှု မြင့်လာနိုင်တတဲ့အတွက် သတိထားစောင့်ကြည့်ပေးပါ။ အခုရက်ပိုင်း နိုက်ထရိုဂျင် (ပုလဲ) ဓာတ် အလွန်အကျွံကျွေးတာမျိုး ရှောင်ထားပေးပါ။

You
149
လွန်ခဲ့သော ၂၂ နာရီ က · ပန်းတောင်း

ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား

စိုက်ပျိုး ရေ ပဲပုပ်
85 လွန်ခဲ့သော ၁၂ နာရီ က

ံရေနက်ကွင်းဖြစ်လို့ ဆောင်းမှစိုက်ရပါတယ်ခုတ်ဖုံးကနောက်ပေါင်းကိုမနိုင်ပါအကြံပေးပါအုံ‌း

85 လွန်ခဲ့သော ၁၂ နာရီ က

@ဦးလှဦးမှထောက်ခံသည်

You
33
လွန်ခဲ့သော ၂၃ နာရီ က · အင်္ဂပူ

ကြက်သွန်နီ စိုက်ပျိုးပုံ အဆင့်ဆင့်ကိုပြောပါအုံး တစ်ခါမှမစိုက်ဖူးလို့ ဘယ်လမှာ ပျိုးပြီးတော့ ဘယ်နရက်သားမှာ ချစိုက်ရတာလဲ

စိုက်ပျိုးနည်း ကြက်သွန်နီ
288,571 လွန်ခဲ့သော ၁၉ နာရီ က
You
1,284
လွန်ခဲ့သော ၁ ရက် က · လယ်ဝေး

ပြည်ပ နိုင်ငံအချို့ ရာသီဥတုဖောက်ပြန်မှု့ကြောင့် ရေဘေးကြုံနေရချိန် ကျတော်တို့ နေပြည်တော် ကောင်စီနယ်မြေမှာ ဆည်ရေသောက်တွေရေမရဘူးဗျ။စပါး ၁၃၅ ရက် မျိုးကြဲထားတာ ရက် ၇၀ ရှိပြီ။ ပေါင်းသတ်ဆေးဖျန်းပြီး ရေမသွင်းရတော့ ပေါင်းလည်းမသေ။စပါးကလည်း ၁၀လက်မသာသာပဲရှိတယ် စပါးငွေ့ရည်တည်တော့မယ် ရေလိုအပ်ချက်ရှိနေလို့ အထက် လူကြီးသိစေလိုခြင်းကြောင့် ရေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။နေရာ ငလိုက်ဆည် DY. 4

စိုက်ပျိုး ရေ စပါး
288,571 လွန်ခဲ့သော ၁ ရက် က

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်မှ လယ်သမားတစ်ဦးသည် သက်တမ်း ၁၃၅ ရက်ရှိ စပါးမျိုးကို ကြဲခင်းအဖြစ် စိုက်ပျိုးထားသည်မှာ ရက်ပေါင်း ၇၀ ရှိပြီဖြစ်သော်လည်း လိုက်ဆည် (DY. 4) မှ ဆည်ရေမရရှိသဖြင့် အခက်အခဲ ကြုံတွေ့နေရပါသဖြင့် သက်ဆိုင်သူများ ဝင်ရောက်ကူညီဖြေကြားတင်ပြပေးလိုက်ပါဦး။

42 လွန်ခဲ့သော ၁ ရက် က

ကိုယ်ချင်းစာပါတယ် ထိထိရောက်ရောက်စုံစမ်းတင်ပြပါခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
29
လွန်ခဲ့သော ၁ ရက် က · လှည်းကူး

ဂန္ဓမာပန်းခင်း တစ်ညတာမီးဘယ်အချိန်ပေးပြီး ဘယ်အချိန်မှာပိတ်သင့်ပါလဲခင်ဗျ အပင်တွေအဝါရောင်လိုက်နေပါတယ် ဘာဆေးသုံးရမလဲခင်ဗျ

အပင်အာဟာရ ဂန္ဓမာ
အတည်ပြုပြီး 319,466 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
288,571 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

https://www.greenwaymyanmar.com/posts/Different_responses_chrysanthemum_depend_on_ light_exposure အရွက်ဝါတာကပုံ‌တင်မေးပေးပါ၊ဘာကြောင့်ဖြစ်လဲဖြေပေးပါမယ်

You
ဖြေလည်သော အဖြေရရှိပြီး
8,168
လွန်ခဲ့သော ၁ ရက် က · ချောက်

ဆရာခင်ဗျ အိမ်ရောတင်းကုတ်ရော မီးထဲပါသွားတာ အတာမြတ်ခြောက်တွေလဲပါသွားတယ်ရော အတာနဲ့ ကျွေးစရာရှိအောင်ဆိုပြီး ပြောင်း20ရက်သားလောက်ကို ပုလဲသွားကျွေးမိတယ်ဆရာ မိုးကနည်းနည်းပဲရွာတယ်ဆရာ ထပ်ရွာမှာပဲဆိုပီကျွေးလိုက်တာ ထပ်မရွာဘူးဆရာ ခုရက်ပိုင်းတွေလဲ အနည်းငယ်ပဲရွာတယ်ဆရာ အတာကိုလေ ပြောင်းတွေတက်လာအောင် GA3 ဆေးမျိုးတွေ ဖျန်းလို့ရလားဆရာ အပင်တက်လာအောင်ဘယ်လိုတွေ လုပ်လို့ရလဲဆရာ

မြေဆီလွှာ ပြောင်း
Post image
288,571 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အသက် ၂၀ ရက်သား ပြောင်းစိုက်ခင်းတွင် ပုလဲမြေဆီ ကျွေးပြီးနောက် မိုးမရွာဘဲ ခြောက်သွေ့နေပါက GA3 ဟော်မုန်းကို ချက်ချင်းမဖျန်းသင့်သေးပါဘူး။ အကြောင်းမှာ GA3 သည် အပင်ကို အရှိန်အဟုန်ဖြင့် ရှည်ထွက်စေသဖြင့် ရေနှင့် အာဟာရ ပိုမိုလိုအပ်သော်လည်း လက်ရှိတွင် မြေခြောက်နေ၍ အပင်က ပုလဲဓာတ်ကို မစုပ်ယူနိုင်သေးသောကြောင့် ဖြစ်နိုင်ပါတယ်။ အာဟာရမရှိဘဲ GA3 ဖျန်းပါက အပင်ပိန်ရှည်ဖြစ်ပြီး အပင်လဲသွားနိုင်ပါတယ်။ ထို့ကြောင့် အပင်ထောင်တက်လာစေရန် ဦးစွာ စိုက်ခင်းကို ရေသွင်းပေးခြင်း (သို့မဟုတ်) ရေငတ်ဒဏ်ခံနိုင်ရန် နိုက်ထရိုဂျင် မြင့်မားသော ရွက်ဖျန်းမြေဩဇာကို အမိုင်နိုအက်ဆစ်နှင့် တွဲဖက်ဖျန်းပေးရပါမယ်။ မိုးရွာသွန်းပြီး၍ မြေတွင်းအစိုဓာတ် ပြည့်ဝကာ အပင်က မြေဆီစုပ်ယူနိုင်သည့် အခြေအနေရောက်မှသာ GA3 ကို စနစ်တကျ ပြောင်းလဲသုံးစွဲသင့်ပါတယ်။ဘာအတွက်ရည်ရွယ်စိုက်ပျိုးထားတာလဲခင်ဗျာ။

125 လွန်ခဲ့သော ၁ ရက် က

@U Yan အကိုခုကောအဆင်‌ေြပသွားpလားဗျ

You

မေးခွန်း

6
လွန်ခဲ့သော ၃ နာရီ က · ဝါးခယ်မ

ကွမ်းသီးအ၀ယ်ကောင်းပါသလား ဘယ်အတွက်အဝယ်များနေရတာလည်းသိပါရစေ

စိုက်ပျိုးစီးပွား ကွမ်းသီး
288,571 လွန်ခဲ့သော ၃ နာရီ က

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ ဈေးကွက်အခြေအနေအရ မြန်မာ့ကွမ်းသီးဈေးကွက်သည် အရောင်းအဝယ် အေးစက်နေပြီး ဈေးနှုန်းများ သိသိသာသာ ကျဆင်းနေပါတယ်။ ရာသီအစပိုင်းက ဈေးကောင်းရခဲ့သော်လည်း ယခုအခါ အဓိကဝယ်လက်ဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံများမှ ၎င်းတို့၏ ရာသီအလိုက် အဝယ်ပြည့်မီသွားသဖြင့် ဝယ်လိုအား အကြီးအကျယ် လျှော့ချလိုက်သောကြောင့် ဖြစ်ပါတယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။