ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
ပုံမှန်အားဖြင့် အပြာရောင်အရည်တွေက ကောပါးအခြေခံ မှိုသတ်ဆေးအရောင်တွေ ဖြစ်လေ့ရှိတယ်။ သံသယဖြစ်ရင်တော့ မစားပါနဲ့ဗျ။ တကယ်လို့စားမယ်ဆိုရင်တော့ သေချာပြောင်အောင်ဆေး၊ ရှာလကာရည်/ baking soda တို့နဲ့ စိမ်ထားပြီး ဆေးအာနိသင်လျော့ကျသွားအောင် လုပ်ပြီးမှ စားစေချင်ပါတယ်ဗျ။ (တစ်ခါတစ်လေ မူလအရွက်က မဟုတ်ဘဲ ဈေးခြင်းထောင်းထဲမှာ ဘူးတွေကနေ ဖိတ်စင်တာလည်း ဖြစ်လေ့ရှိတာမို့ သေချာစဉ်းစားကြည့်ပါဦးဗျ)