ကောက်ရိုးမှိုစိုက်ပျိုးနည်း

07/07/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကောက်ရိုးမှိုစိုက်ပျိုးနည်းမှာ နေရာဒေသနှင့် ရလွယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ နည်းမျိုးစုံရှိပါသည်။ ယခင်က ကောက်ရိုးကို အသုံးပြု၍ စိုက်ပျိုးကြသော်လည်း ယခုအခါစျေးသက်သာစွာဖြင့် အချိန်မရွေးရရှိနိုင်သော ဂျပ်စက္ကူကို အသုံးပြု၍ စိုက်ပျိုးမှုများပြားလာသဖြင့် ၎င်းနည်းကိုသာ ဖော်ပြထားပါသည်။

  • မှိုစိုက်မည့်ဘောင်သည် အလျား ၉ ပေနှင့် အကျယ် ၃ ပေခန့် ရှိသင့်ပါသည်။ ၎င်းအရွယ်အစားရှိ ဘောင်တစ်ဘောင်ပေါ်တွင် ကြက်ချေးမြေဆွေး ၁ တင်းခန့် ဖြူး၍အပေါ်မှ နွားချေးမြေဆွေး ၅ တင်းခန့် ဖုံးအုပ်ရပါသည်။
  • ဂျပ်စက္ကူ ၆ ပိဿာအား နာရီဝက်ခန့် ရေစိမ်ပြီးနောက် လက်တစ်ဖဝါးခန့် အပိုင်းအစလေးများဖြစ်အောင် စုတ်ဖြဲထားရပါသည်။ မှိုစိုက်မည့် ဘောင်ပေါ်အနားပတ်လည်မှ ၄ လက်မခန့်ချန်၍ ယင်းရေစိုဂျပ်စက္ကူစလေးများကို ဘောင်အတွင်းပိုင်းအားလုံးပေါ်တွင် ညီညာစွာ ဖြန့်ကျဲထားရပါမည်။
  • ကောက်ရိုးမှိုမျိုးထုပ် (၆) ထုပ်အား ကောင်းစွာချေမွ၍ ရေစိုဂျပ်စက္ကူစများပေါ်တွင် ဘောင်တစ်ခုလုံးအပြည့် ဖြန့်ချပေးရပါမည်။ မှိုမျိုးများအပေါ်မှ နွားချေးဆွေး (၃) တင်း ထပ်မံဖုံးအုပ်ပေးရပါမည်။
  • မှိုစိုက်ဘောင်ပေါ်သို့ ရေ၁၀ ဂါလံခန့် ပက်ဖျန်းပေးပြီး၊ ပလတ်စတစ်စဖြင့် လုံအောင်ဖုံးအုပ်ရပါမည်။
  • ၅-ရက်ခန့်ကြာသောအခါ မှိုစိုက်ဘောင်မျက်နှာပြင်ပေါ်သို့ မီးခိုးရောင်မှိုမျှင်များထွက်ပေါ်လာသည်ကို တွေ့ရမည်။ ထိုအချိန်တွင် ဖုံးအုပ်ထားသော ပလတ်စတစ်စကိုဖယ်၍ ရေပန်းကရားနှင့် ဖြေးညှင်းစွာ ရေဖျန်းပေးရပါမည်။ ပြီးလျှင် ပလတ်စတစ်စကို ပြန်လည် ဖုံးအုပ်ထားရပါမည်။
  • မှိုစိုက်ပြီး ၆ ရက်မြောက်နေ့မှစ၍ ဖုံးအုပ်ထားသော ပလတ်စတစ်စအား နေ့စဥ် ၅ မိနစ်မှ ၁၅ မိနစ်ခန့်ကြာသည်အထိ ဖွင့်ထားပေးရပါမည်။
  • ၈-ရက်ခန့်ကြာသောအခါ မှိုစိုက်ထားသည့်ဘောင်ပေါ်၌ ပင်အပ်ခေါင်းအရွယ် မှိုကလေးများ စတင်ဖြစ်ပေါ်လာပါသည်။
  • နောက်ထပ် ၁-၂ ရက်ခန့်အကြာတွင် စာဥကလေးများအရွယ်သို့ ရောက်လာပြီး၊ ၂-၃ ရက်အကြာတွင် ကြက်ဥအရွယ်ခန့်ရှိသော မှိုလုံးကလးများ ဖြစ်လာပါသည်။
  • မှိုပွင့်အဖြစ်သို့မရောက်မီ မှိုလုံး၊ မှိုဥများကို သေချာစွာဂရုတစိုက် ခူးရပါမည်။ လိုအပ်ပါက ဓားသေးသုံး၍ ခူးဖြတ်နိုင်ပါသည်။
  • မှိုများအားလုံး ကုန်အောင်သိမ်းယူပြီးပါက မှိုဘောင်အား ရေဖြင့်နှံ့စပ်အောင်လောင်း၍ ပလတ်စတစ်စဖြင့် ပြန်လည်ဖုံးအုပ်ထားရမည်။ရေလောင်းပြီး၂-၃ ရက်မှ စတင်၍ ဒုတိယအကြိမ် ခူးဆွတ်နိုင်ပါသည်။
  • ၎င်းအပုံတစ်ပုံမှ ပထမအကြိမ်ခူးလျှင် မှို ၁၀ မှ ၁၅ ပိဿာခန့် ရရှိနိုင်ပါသည်။ ဒုတိယအကြိမ်ခူးလျှင် ၅ ပိဿာခန့် ထပ်မံရရှိနိုင်ပါသည်။

ကောက်ရိုးမှိုမျိုးထုတ်လုပ်ခြင်း

ကောက်ရိုးမှိုမျိုးကိုထုတ်လုပ်ရာ၌ စနစ်ကျမှုနှင့်သန့်စင်မှုသည် များစွာအရေးကြီးပါသည်။ ကောက်ရိုးမှိုပွင့်၏ ပါးဟက်မှ တစ်ရှုးသားကို သန့်စင်စွာရယူပြီး အာလူးကျောက်ကျောအဟာရပြင်တု (Potato sucrose agar) ပေါ်တွင် မွေးမြူရပါသည်။

တစ်ပတ်ခန့်အကြာတွင် ၎င်းအဟာရပြင်တုပေါ်တွင် ပေါက်ရောက်လာသော မှိုမျှင်အားပိုးသန့်ထားသော နှံစားပြောင်း သို့မဟုတ် စပါးခွံ ပွားစာပေါ်သို့ ပြောင်းရွှေ့ပွားများရပါသည်။

နှစ်ပတ်ခန့်ကြာသောအခါ မှိုမျှင်များပွားများလျက်ရှိသည့် ၎င်းပွားစာအား ပိုးသန့်ထားသော ကောက်ရိုးပွားစာပေါ်တွင် ထပ်မံပွားများရပါသည်။ နှစ်ပတ်မှ လေးပတ်ခန့်ကြာသောအခါတွင် ကောက်ရိုးပွားစာတွင် မှိုမျှင်များ ကောင်းမွန်စွာ ပွားများလာကာ စိုက်ပျိုးရန် အဆင်သင့် ဖြစ်လာပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်