အစိမ်းရောင်လမ်း
ဆာဒင်း (သို့) ငါးသေတ္တာငါးရဲ့ ကျန်းမာရေးကောင်းကျိုးများ

ဆာဒင်း (သို့) ငါးသေတ္တာငါးရဲ့ ကျန်းမာရေးကောင်းကျိုးများ

Zaw Htet Aung
Zaw Htet Aung 07/04/2022

ဆာဒင်း(sardines)လို့ခေါ်တဲ့ သေးငယ်တဲ့ ဒီငါးလေးတွေကို ငါးသေတ္တာဘူးတွေအတွက် အဓိကထားအသုံးပြုလေ့ ရှိကြပါတယ်။ ဒီငါးလေးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းကျိုးတွေရရှိစေနိုင်မယ့် အာဟာရဓာတ်တွေအမြောက်အများ ပါဝင်နေပါတယ်။ 

Sardines ငါးတွေဟာ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုမိုသင့်တော်တဲ့ငါးတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ Calcium နဲ့ အခြားသော မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေဟာလည်း ဒီငါးလေးတွေမှာ ပါဝင်တာမို့ ဆာဒင်းငါးရဲ့ကျန်းမာရေး အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါရစေ။

 

၁။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်(Omega -3 Fatty Acid) ကြွယ်ဝခြင်း

 နှလုံးရောဂါကို ကာကွယ်ရာမှာအထောက်အကူပေးတဲ့ omega -3 fatty acid ကို ဆာဒင်းငါးတွေမှာ ပေါကြွယ်ဝစွာ တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် သွေးခဲခြင်းနဲ့ သွေးပေါင်ချိန်ကျခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

၂။ အသားဓာတ်(Protein) ကြွယ်ဝခြင်း

ကျန်းမာတဲ့အရိုးအဆစ်နဲ့ ကြွက်သားတွေတည်ဆောက်ဖို့အတွက် အရေးပါတဲ့ Protein(အသားဓာတ်) ကိုလည်း ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါသေးတယ်။ ပရိုတင်းကတော့ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကိုအားကောင်းစေရုံသာမက မရှိမဖြစ်လိုအပ်တဲ့ oxygen ကိုလည်း ခန္ဓာကိုယ်အနှံ့ကို သယ်ယူပို့ဆောင်ဖို့အတွက် တာဝန်ယူဆောင်ရွက်ပေးပါတယ်။

၃။ ဗီတာမင် ( Vitamin)ဓာတ်ကြွယ်ဝခြင်း

ဆာဒင်းငါးတွေဟာ Vitamin-B 12 အတွက် အဓိကအရေးပါတဲ့ ပင်မအရင်းအမြစ်တစ်ခုပါ။ B-12 ဟာ နှလုံးနဲ့သွေးကြောစနစ်တွေကို ပိုမိုအားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ အရိုးအဆစ်ကျန်းမာဖို့အတွက်လိုအပ်တဲ့ Vitamin -D ပမာဏကိုလည်း ဒီငါးတွေကနေတဆင့် လုံလောက်စွာ ရရှိနိုင်ပါတယ်။   

၄။ ကယ်လ်စီယမ်ဓာတ်(Calcium) ကြွယ်ဝခြင်း

 ဆာဒင်းငါးတွေမှာ Calcium ဓာတ် ပေါပေါများများ တွေ့ရလေ့ရှိပြီး နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်သူ တွေ၊ အစားအစာမှာ Calcium ဓာတ်လိုအပ်နေသူတွေအတွက်တော့ ဒီငါးဟာ ရွေးချယ်စရာတစ်ခုပါ။

၅။ သတ္တုဓာတ် (Minerals) ကြွယ်ဝခြင်း

ဆာဒင်းငါးတွေမှာ  သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဖော့စ်ဖရပ်  တို့လိုအရေးပါတဲ့ mineral (သတ္တုဓာတ်)တွေ အများအပြား ပါဝင်နေတာကို တွေ့ရှိရပါတယ်။ Minerals ဓာတ်တွေဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို  ပုံမှန်လည်ပတ်စေဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ 

​Ref: www.healthline.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
ဦးတိုးနီ

ဦးတိုးနီ

လွန်ခဲ့သော ၄ နှစ် က

good

You

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....