အစိမ်းရောင်လမ်း
“ ကျန်းမာရေးအကျိုးပြုဓာတ်စာ..ငါးကြီးဆီ ”

“ ကျန်းမာရေးအကျိုးပြုဓာတ်စာ..ငါးကြီးဆီ ”

Zaw Htet Aung
Zaw Htet Aung 02/05/2022

ငါးကြီးဆီဆိုတာ ဆေးဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု ဖြည့်စွက်စာတစ်မျိုးပါ။

 ကျွန်တော်တို့အနေနဲ့ ငါးကြီးဆီကို ဆေးတောင့်အနေနဲ့ဖြစ်ဖြစ်၊ အရည်အနေနဲ့ပဲ ဖြစ်ဖြစ် စိတ်တိုင်းကျရွေး ချယ်သုံးစွဲနိုင်ပါတယ်။ဘယ်အရာကို ရွေးချယ်သည်ဖြစ်ပါစေ ဒီငါးကြီးဆီတွေထဲမှာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိလှတဲ့ Omega-3 fatty acid (၂)မျိုး ပါဝင်လို့နေပါတယ်။

အဲ့ဒါတွေကတော့-

(1)Docosahexaenoic acid (DHA)

(2)Eicosapentaenoic acid(EPA) တို့ ပဲ ဖြစ်ပါတယ်။

 

ဒီ acid ၂ မျိုးကို အများအားဖြင့် salmon ငါးနဲ့ ကဏန်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့နာမည်တွေကတော့ ဖတ်ရတာလျှာလိပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက်တော့ ဒီအရာတွေက မယုံနိုင်လောက်အောင် အကျိုးပြုလှပါတယ်။

အထူးသဖြင့် ကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ကြရအောင်ဗျ။

 

(၁) သွေးတိုးရောဂါ

            ငါးကြီးဆီပုံမှန်စားသုံးခြင်းဟာ သွေးတိုးရောဂါ ကို သက်သာစေတယ်လို့ ယူဆကြပါတယ်။မှန်ပါတယ်။ အတော်အသင့်(ဒါမှမဟုတ်) ပြင်းထန်တဲ့သွေးတိုးရောဂါသည်တွေအဖို့ ငါးကြီးဆီက အတိုင်းအတာတစ်ခုထိ သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

 

(၂) ဦးနှောက်နဲ့ စိတ်ကျန်းမာရေးမြှင့်တင်ခြင်း

              Omega-3 fatty acid ဟာ ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုတွေ၊ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ပတ်သက်လေ့ရှိပါတယ်။ မှတ်ဥာဏ်ပျောက်ဆုံးခြင်း၊ စိတ်ဓာတ်ကျခြင်းအစရှိတဲ့ အရာတွေကိုတောင်မှ အကောင်းဘက်ကနေ တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။

 

(၃) နှလုံးကျန်းမာရေး

              ငါးကြီးဆီတွေမှာ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ကို ထူးခြားကောင်းမွန်လာအောင် အဓိကတာဝန်ယူပံ့ပိုးပေးနိုင်တဲ့ omega-3 လို့ခေါ်တဲ့ acid တစ်မျိုးလည်း ပါရှိပါတယ်။ ဒါကြောင့် omega-3 acid ပါတဲ့ ငါး(သို့မဟုတ်)ငါးကြီးဆီကို စားသုံးပေးခြင်းဖြင့် နှလုံးရောဂါရရှိနိုင်တဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါတွေကတော့ ငါးကြီးဆီကို ပုံမှန်မှီဝဲပေးခြင်း ဖြင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

        သို့သော်လည်း ဘယ်အရာမဆို “တန်ဆေး..လွန်ဘေး”ဆိုသည့်အတိုင်း လုပ်သင့်လုပ်ထိုက်သည်ထက်ပိုတာ၊ စားသင့်စားထိုက်တာထက်ပိုတာ စတဲ့ အလွန်အကျွံတွေတော့ မပြုလုပ်မိကြပါစေနဲ့နော်။

Ref:www.geisinger.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ငါးစုံ

မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု

ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

TunThein • ဖြေကြားချက် 1 ခု

စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်

Ma Tin Nilar Htun • ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....