အစိမ်းရောင်လမ်း
ရေရှည်ထားစားနိုင်မယ့် သရက်ချဉ်လုပ်နည်း

ရေရှည်ထားစားနိုင်မယ့် သရက်ချဉ်လုပ်နည်း

Zaw Htet Aung
Zaw Htet Aung 11/05/2022

အခုလို သရက်သီးတွေလှိုင်လှိုင်ပေါ်ချိန်ဆို တာရှည်အစားခံမယ့် သရက်သီးသနပ်၊ သရက်သီးဆားရည်စိမ်၊ သရက်ချဥ်၊ သရက်ပြင် စသဖြင့် ပြုလုပ်ထားမယ်ဆိုရင် အလေအလွင့်မဖြစ်စေသလို တန်ဖိုးမြှင့်ထုတ်ကုန်တွေလည်း ပြုလုပ်ပြီးသား ဖြစ်သွားစေမှာပါ။

သရက်ပြင်၊ သရက်ပေါင်း၊ သရက်ဖျော်ရည် စတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ လုပ်နည်းတွေ ကိုတော့ Green Way မှာ ဖော်ပြပြီးသွားပြီဖြစ်ပြီး အောက်က လင့်ကနေ ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/making-mango-jam?fbclid=IwAR3O_HV6EDERyVtyQNcjtf2Nn4PH3fgr7Fq13ivQqE_AEShRlK0bh1f1OVg

ဒီတစ်ခါတော့ သရက်သီးရာသီမကုန်ခင်မှာ လုပ်ထားလို့ရတဲ့ သရက်ချဉ် လုပ်နည်းလေးကို ပြောပြပေးသွားပါ့မယ်။

သရက်ချဥ်ပြုလုပ်ဖို့-

၁။ အချဥ်မစူးတဲ့ သရက်သီးတစ်မျိုးမျိုးကို ဓါးနဲ့ ပေါက်ပါ။(သို့ )အမျှင်ကြီးကြီး လှီးထားပါ။

၂။ ဓါးနဲ့ လှီးရင် ပိုလှပေမယ့် အများကြီးလုပ်ရင်တော့ ဓါးနဲ့ ပေါက်တာ ( သို့ ) ခြစ်တာက ပိုအဆင်ပြေပါလိမ့်မယ်ခင်ဗျ။

အချိုးအစားကတော့-

သရက်သီး ၁ လုံးကို ဆား လက်ဖက်စားဇွန်း ၁ ဇွန်း အမောက်ထည့်ပါ။

အလေးချိန်နဲ့ ကတော့-

- နည်းနည်းလုပ်မယ်ဆိုရင် လှီးပြီးသား သရက်မျှင် ( ၃၀ သား ) ကို  ဆား ( ၃ ကျပ်သား ) ထည့်ပါ။

- များများလုပ်ပါက လှီးပြီးသား သရက်မျှင် ( ၃ ပိဿာ ) ကို ဆား ( ၃၀ သား)ထည့်ပါ။( ဒီ့ထက် ဆားပိုထည့်ရင် ငန်သွားပါလိမ့်မယ်။ )

 

ပြုလုပ်နည်းက-

- လှီးပြီးသားသရက်မျှင်နဲ့ ဆားကို ရောနယ်လိုက်ပြီး ကျွတ်ကျွတ်အိတ်နဲ့ ဆို ၂ ထပ် ထုပ်ပါ။ပလတ်စတစ်အိတ်နဲ့ဆို ၁ ထပ်ပဲ ရပါတယ်။

- ပြီးရင် အိတ်ကို သွားကြားထိုးတံနဲ့ ပတ်ချာလည် အပေါက်ဖေါက်ပီး အလေးနဲ့ ဖိထားပါ။အရည်တွေ ထွက်ကျလာပါလိမ့်မယ်။

- အရည်တွေကို မသွန်ပစ်ပဲ တစ်ညသိပ်ထားရပါမယ်။ နောက်တစ်နေ့ မနက်မှ သရက်သီးထုပ်ကို ယူလိုက်ပြီး အရည်တွေ သွန်ပစ်ပါ။

ပြီးရင် ထွက်လာတဲ့ အချဥ်ရည်နဲ့ မထိစေအောင် အမြင့်ပေါ်တင်ပြီး ထပ်ဖိထားပေးပါ။အလေးကြီးလေ အသားကျစ်လေဖြစ်ပါတယ်။

- သရက်ချဥ်ထုပ်ကိုဖိရာမှာ ပတ်ချာလည်ကို အုပ်မိမယ့် စဥ့်နှီးတုံးနဲ့ ဖိတာက ပိုကောင်းပါတယ်။

- အလေးချိန်များရင်တော့ ပလတ်စတစ် အထူသားအိတ်ကြီးတွေနဲ့လုပ်ပြီး အပေါ်က ခဲကြီးများနဲ့ဖိပါ။

-၂ ညဖိထားပြီးရင်တော့ သရက်ချဉ်ရပါပြီ။

-၂ ညထက် ပိုဖိထားရင်(သို့ )ပထမရက် ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပီး ထပ်ထွက်လာတဲ့ အရည်တွေနဲ့ သရက်သီးထုပ် ထိရင် သရက်သီး ရိသွားတတ်တာမို့ ဂရုပြုသင့်ပါတယ်ဗျ။

လုပ်ပြီးသား သရက်ချဥ်တွေကို freezer(ခဲကန်)ထဲမှာ တစ်ခါစားစာ အထုတ်ငယ်လေးများနဲ့ ခွဲခွဲထုပ်ပြီး ထည့်ခဲထားပါ။ သုပ်မယ့်နေ့  ၁ ရက်အလိုမှ ၁ ထုပ်စီထုတ်ပြီး စားသုံးပါ။

သရက်သီးရာသီကုန်ရင် စျေးမှာဝယ်တဲ့သရက်ချဥ်တွေက အချဥ်စူးစူးအရသာဖြစ်နေတာများပါတယ်။ဒါကြောင့် မိမိကိုယ်တိုင်လုပ်ပြီး ထည့်ခဲထားတဲ့အတွက် အနံ့မကောင်းမှာလည်း မပူရတော့သလို အချဥ်စူးစူး အရသာလည်း ဖြစ်မနေစေတော့ဘဲ မိမိထည့်ထားစဥ်က အချဥ်အရသာအတိုင်းသာ ဖြစ်နေပါလိမ့်မယ်ဗျ။

ကဲ..ဒီတော့..သရက်ချဉ်သုပ်လေးနဲ့ ပဲဟင်းချိုလေးနဲ့တွဲဖက်စားပြီး ထမင်းစားမြိန်ကြပါ စေဗျာ..။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
koko

koko

လွန်ခဲ့သော ၂ နှစ် က

အခဲရအောင်ဘယ်လိုလုပ်ရပါသလဲ

အောင်မိုး

အောင်မိုး

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုဖတ်ရမလဲ

Naing Ye Zaw

Naing Ye Zaw

လွန်ခဲ့သော ၃ နှစ် က

ဖတ်လို့လည်း မရဘူး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....