အစိမ်းရောင်လမ်း
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း

မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း

Green Way
Green Way 26/08/2026
00:00
00:00

မွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် တိရစ္ဆာန်ကိုက်ခြင်း၊ ကုတ်ခြင်းတို့သည် အဖြစ်များ သောမတော်တဆမှုများ ဖြစ်ပါတယ်။ ၄င်းတို့၏ သွားနှင့် လက်သည်းများသည် လူ့အရေပြားကို စုတ်ပြဲ စေရုံသာမက တံတွေးနှင့် ဘက်တီးရီးယားတို့ကြောင့် အနာရင်းခြင်း၊ ပြည်တည်ခြင်းတို့ အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဆဲလ်များကို ပျက်စီးစေပြီး နောက်ဆက်တွဲအနေဖြင့် ဆိုးရွားသော အမာရွတ်များကို ကျန်ရစ်စေတတ်ပါတယ်။ ယင်းသို့ ပြင်းထန်သည့် အမာရွတ်များ မဖြစ်ပေါ်စေရန် အောက်ပါအချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရပါမယ်။

၁။ ဒဏ်ရာရပြီးနောက် ချက်ချင်းလုပ်ဆောင်ရမည့် ရှေးဦးသူနာပြုစုခြင်း

ဆိုးရွားသောအမာရွတ် ဖြစ်/မဖြစ် ဆိုသည်မှာ ဒဏ်ရာရပြီး မိနစ်ပိုင်းအတွင်း လုပ်ဆောင်ချက်အပေါ် များစွာ မူတည်ပါတယ်။

ဒဏ်ရာကို သေချာဆေးကြောပါ - သန့်ရှင်းသောရေနှင့်ဆပ်ပြာ သုံး၍ အနည်းဆုံး ၁၅ မိနစ်ကြာအောင် ဒဏ်ရာကိုဆေးကြောပါ။ စီးဆင်းနေသောရေ (ဥပမာ- ဘုံဘိုင်ရေ) ဖြစ်ရပါမယ်။ ဤသို့ပြုလုပ်ခြင်းက တိရစ္ဆာန်တံတွေးထဲတွင် ပါဝင်သော ဘက်တီးရီးယားများနှင့် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးများကို များစွာ ဖယ်ရှားပေးနိုင်ပါတယ်။

ပိုးသတ်ဆေးထည့်ပါ - ရေဆေးပြီးနောက် ဒဏ်ရာကို သန့်ရှင်းသောအဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။ ထို့နောက် ပိုးသတ်ဆေးရည် (ဥပမာ- Betadine) ထည့်ပေးပါ။

ဒဏ်ရာကိုအုပ်ထားပါ - ပြင်ပမှ ဖုန်မှုန့်နှင့် ပိုးမွှားများ ထပ်မံမဝင်ရောက်စေရန် သန့်ရှင်းသော ပတ်တီး သို့မဟုတ် အဝတ်ဖြင့် ဒဏ်ရာကိုအုပ်ထားပါ။

၂။ ဆေးရုံ၊ ဆေးခန်းတွင် စနစ်တကျ ဆေးဝါးကုသမှုခံယူခြင်း

မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတို့ကို ဆေးရုံ၊ ဆေးခန်းများတွင် စောလျင်စွာ သွားရောက်ထိုးနှံရပါမယ်။

ဆရာဝန် ညွှန်ကြားသည့် ပဋိဇီဝသောက်ဆေး သို့မဟုတ် လိမ်းဆေးများကို ရက်ပြည့်အောင် သုံးစွဲရပါမယ်။ အနာရင်းပြီး ပြည်တည်ခြင်းကို ကာကွယ်နိုင်မှသာ အရေပြားဆဲလ်များ ပျက်စီးမှုနည်းပြီး အမာရွတ် သေးငယ်မှာ ဖြစ်ပါတယ်။

တိရစ္ဆာန်ကိုက်ခဲဒဏ်ရာများသည် အတွင်းပိုင်း၌ ပိုးမွှားအောင်းနေနိုင်ခြေ အလွန်များသဖြင့် သာမန်ဒဏ်ရာများကဲ့သို့ အတင်းပိတ်ချုပ်ရန် မသင့်တော်ပါ။

ချုပ်ရန်သင့်လျော်သောအခြေအနေရှိသည့်အခါ မေ့ဆေး သို့ ထုံဆေးဖြင့် ဆရာဝန်မှချုပ်ပေးပါမယ်။

အကယ်၍ မျက်နှာ၊ လည်ပင်းစသော မြင်ရသည့် နေရာများမှာ ဒဏ်ရာရပါက ပြုပြင်ကုသမှုဆိုင်ရာ ခွဲစိတ်ဆရာဝန် (Plastic Surgeon) နှင့် ပြသသင့်ပါတယ်။

၃။ ဒဏ်ရာကျက်ပြီးနောက် ဆောင်ရွက်ရမည်များ

ဒဏ်ရာကျက်ပြီးနောက်ပိုင်း အရေပြားဆဲလ်အသစ်များကောင်းမွန်စွာဖြစ်ပေါ်လာစေရန် အမာရွတ် ထိန်းသိမ်းမှုများကို လုပ်ဆောင်ရပါမယ်။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ- အမာရွတ်အသစ် ဖြစ်ပေါ်နေသော အရေပြားသည် နုနယ်သဖြင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက နေလောင်ပြီး မည်းသွားတတ်ပါတယ်။ ထို့ကြောင့် အမာရွတ် ကို နေရောင်မထိအောင်ကာကွယ်ပေးပါ။

ဆရာဝန်ညွှန်ကြားသောအမာရွတ်လိမ်းဆေးလိမ်းပါ- အမာရွတ်လိမ်းဆေး အသုံးပြုခြင်းသည် အမာရွတ် ၏ ပုံသဏ္ဌာန်ကို သိသာစွာ ကောင်းမွန်စေပါတယ်။

နိဂုံးချုပ်ဆိုရသော် မွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် တိရစ္ဆာန်များကြောင့် ဒဏ်ရာရ ရှိခဲ့ပါက သာမန်ဒဏ်ရာကဲ့သို့ ပေါ့ဆစွာ မထားသင့်ပါ။ ဒဏ်ရာကောင်းစွာကျက်စေဖို့၊ ဆိုးရွားသော အမာရွတ်များမဖြစ်စေဖို့ အထက်ဖော်ပြပါနည်းလမ်းများကို စနစ်တကျလုပ်ဆောင်ကြပါရန် အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

ရေးသားသူ - ဒေါက်တာကျော်ဖြိုးလွင်

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ

နှင်းစုလှိုင် • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ

mt • ဖြေကြားချက် 2 ခု

လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့

latdan aung • ဖြေကြားချက် 2 ခု

ဝါပိုးရှိနေလို့

zin Phyo naung • ဖြေကြားချက် 4 ခု

သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။

ဒေါ်ဋေးကြွယ် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။