စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၃) - ပျိုးထောင်ခြင်း
အခန်း (၃)
ပျိုးထောင်ခြင်း
၃.၁ ပျိုးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
- · တို တုတ် သန်မာတယ်၊ အမြစ်ဖွာတယ်။
- · အရွယ်အစား ညီညာတယ်။
- · ရောဂါကင်းတယ်။
၃.၂ ပျိုးကောင်းရအောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်။
- · ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်ပါ။
- · မျိုးကောင်း မျိုးသန့်ကိုသုံးပါ။
- · အစေ့အဆံပြည့်ဖြိုးပြီး အရွယ်ညီညာတဲ့မျိုးစေ့တွေရရှိအောင် လုပ်ဆောင်ပါ။ (ဆန်ကောဆန်ခါနဲ့ သုံးကြိမ်ခန့် ပြာတီးသန့်စင်ရမယ်။)
- · အစေ့ ၁၀၀ မှာ အနည်းဆုံး အစေ့ ၈၀ အပင်ပေါက်/မပေါက်သိအောင် အပင်ပေါက်နှုန်းစမ်းသပ်ပါ။
- · စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။
- · ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။
၃.၃ ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်နည်း။
ဘာကြောင့်ဒီနည်းကို အသုံးပြုတာလဲ ...
- · တိုတုတ်သန်မာပြီး အမြစ်ဖွာတဲ့ပျိုး၊ အရွယ်ညီတဲ့ပျိုး၊ ရောဂါကင်းတဲ့ပျိုးတွေရတယ်။
- · ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးအမြင့် ၈ လက်မခန့်ရှိတယ်။ ဒါကြောင့် ပျိုးသက်ငယ်ငယ်နဲ့ ကောက်စိုက်နိုင်တယ်။
- · ကောက်စိုက်အပြီး ၃ ရက်မြောက်မှာ ကောက်ပင်လှန်တယ်။
- · ကျင်းပျောက်/ပင်ပျောက်နည်းလို့ ကောက်ပင်ဖာထေးရ သက်သာတယ်။
- · အပင်ငယ်စဉ်မှာ ကြီးထွားမြန်လို့ ပေါင်းမြက်ကိုစီးနိုင်တယ်။
ပျိုးဘောင်အရွယ်အစား ဘယ်လောက်ရှိရမလဲ ...
· စိုက်ခင်းတစ်ခုလုံးရဲ့ အပုံ ၁၀၀ မှာ ၁ ပုံ အရွယ်အစားဟာ လုံလောက်တဲ့ပျိုးခင်း အကျယ်အဝန်းဖြစ်တယ်။ (ဥပမာ - စိုက်ခင်း ၁ ဧကအတွက် ပျိုးဘောင်အရွယ်အစားဟာ အနံ ၃ ပေ အလျား ၁၅၀ ပေ အကျယ်အဝန်းသာလိုအပ်တယ်။)
မျိုးစေ့ပမာဏ ဘယ်လောက်လိုသလဲ ...
· မျိုးစေ့အရွယ်အစားနဲ့ အစေ့ ၁၀၀၀ အလေးချိန်၊ ပင်ကြားတန်းကြား အကွာအဝေးနဲ့ လက်ဆအပေါ်မူတည်ပြီး မျိုးစေ့လိုအပ်ချက် ပမာဏကွဲပြားတယ်။ ဥပမာ - အစေ့ ၁၀၀၀ မှာ အလေးချိန် ၁၉ ဂရမ်မှ ၂၀ ဂရမ်အထိလေးတဲ့ မနောသုခနဲ့ သီးထပ်ရင်ကို ကောက်ကွက် ၈ လက်မ ၆ လက်မထားပြီး တစ်ကျင်း ၃ ပင်နှုန်း လက်ဆနဲ့စိုက်မယ်ဆိုရင် မျိုးစေ့ ၈ ပြည်လိုအပ်ပြီး အစေ့ ၁၀၀၀ မှာ ၂၄ ဂရမ်မှ ၂၆ ဂရမ်လေးတဲ့ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စပါးမျိုးကို အလားတူကောက်ကွက်/လက်ဆနဲ့ စိုက်ရင် ၁၀ ပြည်သာလိုအပ်တယ်။ (သတိပြုရမှာက အစေ့ ၁၀၀ မှာ ၈၀ စေ့အပင်ပေါက်ရမယ်။ ပြာတီးသန့်စင်ထားတဲ့ မျိုးစေ့ကောင်းတွေဖြစ်ရမယ်။)
ပျိုးဘောင်ကို ဘယ်လိုဖော်မလဲ ...
- · ပျိုးခင်းမှာ စက်ဖွဲပြာထည့်ပါ။ ပျိုးနှုတ်ရာမှာ ပျိုးပင်မနာဘူး။
- · သမန်းပြင်ညီညာအောင် သမန်းပုပ်အောင် သမန်းညက်အောင် ဦးစွာလုပ်ပါ။
- · သမန်းပြင်မှာ အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေ အရွယ်ရှိတဲ့ ပျိုးဘောင်တွေ ပေါ်လာအောင် ရေဖြည့်ထားတဲ့ သောက်ရေအိုးကို ကြိုးချည်ပြီး ဖြောင့်ဖြောင့်တန်းတန်းဆွဲပါ။
- · အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေရှိတဲ့ ပျိုးဘောင်တစ်ဘောင်ဟာ စိုက်ခင်းတစ်ဧကအတွက် လုံလောက်တဲ့ပျိုးပင်တွေ ရရှိတဲ့အပြင် ကျင်းပျောက်/ပင်ပျောက်တွေကိုပါ ဖာထေးဖို့ ပျိုးလက်ကျန်လုံလောက်ပါတယ်။
မျိုးစေ့ကို ဘယ်လိုချမလဲ ...
- · မျိုးစေ့ကို စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။
- ပျိုးဘောင်အကျယ် ၃ ပေ အရှည် ၃ ပေ အကွက် ၁ ကွက်မှာ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စတဲ့စပါးမျိုးတွေဆိုရင် နို့ဆီဗူး ၁ ဗူးခွဲချပါ။ အစေ့အရေအတွက်အားဖြင့် ၈၀၀၀ ကျော်ရှိမယ်။ မနောသုခ၊ သီးထပ်ရင် စတဲ့စပါးမျိုးဆိုရင် နို့ဆီဗူး ၁ ဗူးနဲ့ သုံးပုံတစ်ပုံခန့်ချပါ။
- · မန်ကျည်းစေ့အရွယ် အကွက်တစ်ကွက်အတွင်းမှာ မျိုးစေ့တစ်စေ့နှုန်းချပါ။ မျိုးစေ့တွေ မထပ်အောင်ဂရုစိုက်ပါ။
- · မျိုးစေ့ချပြီးပါက မျိုးစေ့အပေါ်မှာ စက်ဖွဲပြာလက်မဝက်ခန့်ဖုံးပေးပါ။ (ရည်ရွယ်ချက်က မိုးသည်းရိုက်တဲ့ဒဏ် မခံရအောင်ဖြစ်ပါတယ်။ အကယ်၍ မျိုးစေ့ချအပြီး မိုးသည်းသည်းမဲမဲ ရွာမယ့်လက္ခဏာရှိရင် ပျိုးဘောင်တစ်ခုလုံးမြုပ်အောင် ရေသွင်းထားပါ။)
ပျိုးခင်းကို ဘယ်လိုစောင့်ရှောက်မလဲ ...
- · ပျိုးဘောင်မှာ အစိုဓာတ်ရှိနေသမျှ ကာလပတ်လုံး ပျိုးခင်းမှာ ရေပြောင်အောင်ထားပါ။
- · ရေပြောင်အောင်ထားခြင်းအားဖြင့် ပျိုးမြစ်တွေလေကောင်းစွာရရှိတယ်။ ဒါကြောင့် ပျိုးပင်တွေတိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတယ်။
- · ပျိုးခင်းမှာ ဓာတ်မြေသြဇာထည့်ပေးဖို့ မလိုဘူး။ ပျိုးပင်ငယ်လေးဟာ ၁၄ ရက်သားအထိ အစေ့ထဲကအစာကိုသာ စားတယ်။ မြေထဲမှာ ရှိနေတဲ့အာဟာရကို မစားဘူး။
- · ဆစ်ပိုးတွေကျလေ့ရှိရင် ပျိုးဘောင်ပေါ်မှာ ဖြူ ရာဒန် သရီးဂျီကို အညွှန်းအတိုင်း ထည့်သွင်းပေးပါ။
- · ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးနှုတ်/ကောက်စိုက်ပါ။
- · ပျိုးမနှတ်မီ မြေအခြေအနေအရ ၃ ရက်ခန့်ကြိုတင်ပြီး ပျိုးဘောင်တွေ မြုပ်အောင်ရေသွင်းထားပါ။ ဒါမှ ပျိုးနှုတ်ရတာ လွယ်ကူမယ်။
ပျိုးပင်ကို ဘယ်လိုနှုတ်မလဲ ...
- · ပျိုးပင် ၂ ပင် ၃ ပင်ကို ပျိုးပင်အခြေမှာ ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားနဲ့ နှုတ်ပါ။ ဒါမှ ပျိုးခေါင်းပြုတ် ပျိုးခါးကျိုး ပျိုးခါးကြေ သက်သာမယ်။
- · ပျိုးမြစ်တွေကို ရေထဲနှစ်ပြီး လှုပ်ခါလိုက်ရင် ပျိုးချေးတွေစင်သွားမယ်။
- · ခြေရိုက်ပျိုး လုံးဝ မလုပ်ပါနဲ့။
- · ပျိုးပင်တွေကို ဖွဖွရွရွလေး စည်းနှောင်ပါ။ ကောက်မစိုက်မီ ပျိုးစည်းတွေကို အရိပ်မှာထားပါ။
၃.၄ ပျိုးခင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာနဲ့ ဖြေရှင်းချက်များ။
ဘာကြောင့်ပျိုးပင်အရွယ်အစား မညီညာသလဲ ...
- · ပျိုးခင်း မြေမျက်နှာပြင် မညီညာဘူး။
- · မျိုးစေ့ အရွယ်အစား မညီညာဘူး။
- · မျိုးစေ့ ကြဲပက်ရာမှာ မညီညာဘူး။
- · ဓာတ်မြေသြဇာ ကြဲပက်ရာမှာ မညီညာဘူး။
ဘာကြောင့် ပျိုးလှီ ပျိုးနွဲ့ ပျိုးခါးရှည် ဖြစ်ရသလဲ ...
- · အစေ့အဆန် ပြည့်ဖြိုးပြီး အလေးချိန်စီးတဲ့ မျိုးစေ့ကိုမသုံးဘူး။
- · မျိုးစေ့နှုန်း လိုတာထက်ပိုပြီး အဆမတန်သုံးတယ်။
- · ပျိုးခင်းမျက်နှာပြင် မညီညာဘူး။
- · ပျိုးခင်းမှာ ရေနေရေထိုင်များပြီး ရေကိုအမြဲတမ်းလှောင်ထားတယ်။
ဘာကြောင့် ပျိုးမြစ်များ မသန်ရတာလဲ ...
· ပျိုးခင်းမှာ ရေကိုပြောင်စင်အောင် ခါထုတ်လေ့မရှိဘူး။ (ဥပမာ - ကုန်းပျိုးတွေဟာ ရေပျိုးထက် အမြစ်ပိုပြီး သန်စွမ်းတယ်။)
သန်စွမ်းပြီး အရွယ်ညီတဲ့ ပျိုးတွေရအောင် ဘယ်လိုဆောင်ရွက်မလဲ ...
- · ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးပါ။
- · မျိုးစေ့ကောင်းကို အသုံးပြုပါ။
- · ပျိုးခင်းကို သမန်းပုပ် သမန်းညက် သမန်းပြင်ညီညာအောင် လုပ်ဆောင်ပါ။
- · ဧရိယာကျဉ်း အစိုပျိုးထောင်နည်းကို အသုံးပြုပါ။
ပျိုးပင်မနာအောင် ဘယ်လိုလုပ်ဆောင်မလဲ ...
- · ပျိုးမနှုတ်မီ မြေအခြေအနေအရ ပျိုးဘောင်တွေ နစ်မြုပ်အောင် ၃ ရက်ခန့် ကြိုတင်ပြီး ရေတင်သွင်းထားပါ။
- · ပျိုးပင် ၂ ပင်မှ ၃ ပင် အခြေကို ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားဖြင့် နှုတ်ပါ။
- · ပျိုးချေးတွေကို ရေထဲမှာ လှုပ်ခါဆေးပါ။
- · ပျိုးစည်းတဲ့အခါ ဖွဖွရွရွလေးစည်းပါ။
- · ကောက်မစိုက်မီ ပျိုးမြစ်တွေကို ရေထဲမှာ နစ်မြုပ်အောင်ထားပါ။
ဆရာဦးဘဟိန်း- စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ) စာအုပ်မှ ကူးယူဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
BhaiBhai
လွန်ခဲ့သော ၂ နှစ် ကဖြူရာဒန်သရီးဂျီကဘာလဲ
Thaw Zin
လွန်ခဲ့သော ၃ နှစ် ကစပါး ပြုစုစောင့်ရှောက်ခြင်း
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကတစဧက စပါးဘယ်လောက်ဝင်အောင်စိုက်ရမလဲဗျာ
ေဇာ်ထွန်း
လွန်ခဲ့သော ၄ နှစ် ကgood
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဘဟိန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....