စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၁)
အခန်း (၁)
စပါးမျိုး ရွေးချယ်ခြင်း
၁.၁ ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
ဘာကြောင့် ရွေးချယ်ရတာလဲ။
- သီးနှံပင် သန်စွမ်းတယ်၊ ဖြစ်ထွန်းတယ်။
- အထွက်ကောင်းတယ်။
- စျေးကွက်ရှိတယ်။
ဘယ်လိုရွေးချယ်မလဲ ... .. .

- ကြိတ်ခွဲရာမှာ ဆန်ထွက်ကောင်းရမယ်။
- ချက်ပြုတ်ရာမှာ အိုးတက်ရမယ်။
- စားသုံးရာမှာ ကောင်းရမယ်။
- အထွက်ကောင်းရမယ်။
- အထွက်နှုန်း တည်ငြိမ်ရမယ်။
- ပိုးမွှားဒဏ် ခံနိုင်ရမယ်။
- မိုးလို မိုးခေါင်ဒဏ် ခံနိုင်ရမယ်။
- ရေကြီး နစ်မြုပ်ဒဏ်ခံနိုင်ရမယ်။
- ပင်ပွားထွက်အားကောင်းရမယ်။ ဒါမှ ပေါင်းမြက်ကို ဖိနှိမ်နိုင်မယ်။ ပင်ပွားများပြီး အထွက်ကောင်းရမယ်။ အပင်ယိုင်လဲမှု ကင်းရမယ်။ ဓာတ်မြေသြဇာ နည်းနည်းထည့်သော်လည်း သင့်တင့်တဲ့စပါးအထွက်ရှိရမယ်။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ... .. .
- ရွေးချယ်ထားတဲ့မျိုးကို သုံးရာသီခန့်စိုက်ပျိုးပါ။ အထက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေရှိရင် ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးလို့ ဆုံးဖြတ်ချက်ချနိုင်ပါပြီ။
၁.၂ စိုက်ပျိုးရေး သုတေသန(ရေဆင်း)က ထောက်ခံထားတဲ့ ရေ မြေ ဒေသစိုက်စနစ်အလိုက် ရွေးချယ်စိုက်ပျိုးရမည့် မျိုးများ။
ရေတော် မိုးတော် ဒေသများ ... .. .
- ကျော်ဇေယျ၊ မနောသုခ၊ ရွှေဝါထွန်း၊ ရွှေသွယ်ထွန်း၊ ဆင်းသိဂီ၊ ဆင်းဧကရီ-၂၊ ဆင်းဧကရီ-၃၊ ဆင်းသီရိ၊ ဆင်းရွှေဝါ၊ ဆင်းသွယ်လတ်၊ ဆင်းနွယ်ရင်၊ မှော်ဘီ-၁၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ မှော်ဘီ-၅၊ ရွှေသွယ်ရင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ပုလဲသွယ်၊ ရွှေသွယ်လေး၊ ရွှေသွယ်ထွန်း၊ လုံးသွယ်မွှေး။
ရေနေရေထိုင် တောင်ဆုပ်/တစ်တောင်ခန့်ရှိ လယ်ကွက်ဒေသများ ... .. .
- ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေမန်း-၁၊ အင်းမရဲဘော်၊ ငကျွဲ၊ ပေါ်ဆန်းမွှေး၊ပေါ်ဆန်းရင်၊ ရွှေတစ်ဆုပ်၊ ရေနက်-၃၊ ရေနက်-၄။
ရေနက်ကွင်းဒေသများ ... .. .
- ရေနက်-၁၊ ရေနက်-၅၊ ဆစ်ပွား၊ တတောင်ပို၊ တောင်ထိ၊ ယိုးဒယား။
ဆားငန်ရေဝင်ဒေသများ ... .. .
- ဆားငန်ခံ-၂၊ ဆားငန်ခံ-၃၊ ဆားငန်ခံ-၄၊ လက်ရုံးကြီး၊ ရခိုင်သူမ။
မိုးပါးရေရှားဒေသများ ... .. .
- ယာ-၂၊ ယာ-၄၊ ယာ-၅၊ ယာ-၈၊ ယာ-၉၊ ယာ-၂ ထွန်း၊ ခေါက်ဒင်။
တောင်ပေါ်ဒေသများ ... .. .
- လယ်စပါးအတွက် - သီးထပ်ရင်၊ ဆင်းရွှေဝါ၊ မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ စိန်တလေး၊ ရွှေရင်အေး၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ဘာစမာတီ-၃၇၀၊ ကုန်းမြင့်-၂၊ ကုန်းမြင့်-၄။
- ယာစပါးအတွက် - ဒေသစပါးများ။
နွေစပါး(မျိုးစေ့တိုက်ရိုက်ချစနစ်) ... .. .
- ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ရေဆင်း-၂၊ ဆင်းနွယ်ရင်၊ ရတနာတိုး။
၁.၃ မျိုးစေ့ကောင်းကိုသာ စိုက်ပျိုးပါ။
မျိုးစေ့ကောင်းကို ဘာကြောင့်စိုက်ပျိုးရသလဲ ... ..

- မျိုးစေ့နှုန်းကို လျှော့ချနိုင်တယ်။
- အစေ့ ၁၀၀ မှာ ၈၀ စေ့ (၈၀ ရာခိုင်နှုန်း) အပင်ပေါက်တယ်။
- ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာတယ်။
- အပင်ညီညာတယ်။
- အပင်ကြီးထွားမြန်တယ်။ ဒါကြောင့် ပေါင်းကိုစီးနိုင်တယ်။
- ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတယ်။ သာမန်မျိုးစေ့နဲ့ စိုက်ပျိုးလို့ စပါးတင်း ၁၀၀ ထွက်တယ်ဆိုရင် မျိုးစေ့ကောင်းကို အသုံးပြုမယ်ဆိုပါက စပါး ၁၀၅ တင်းမှ ၁၂၀ တင်းအထိထွက်တယ်။ အနည်းဆုံး ၅ တင်းမှ အများဆုံး ၂၀ တင်း (၅ မှ ၂၀ ရာခိုင်နှုန်း) အထိ ပိုမိုထွက်ရှိနိုင်တယ်။
မျိုးစေ့ကောင်းဆိုတာဘာလဲ ... .. .
- မျိုးသန့်တယ်။
- အစေ့အဆံပြည့်ဖြိုးတယ်။
- အစေ့အရွယ်အစားညီညာတယ်။
- အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်း အထက်ရှိတယ်။ (အစေ့ ၁၀၀ မှာ အနည်းဆုံး ၈၀ စေ့ အပင်ပေါက်တယ်)
- ပိုးထိုးလောက်ကိုက်ကင်းတယ်။ ရောဂါကင်းတယ်။
- ပေါင်းစေ့၊ အခြားစပါးစေ့နဲ့ အဖျင်းအမှော် ဖုံ၊ခဲ၊သဲ ကင်းစင်တယ်။
မျိုးစေ့ကောင်းကို ဘယ်လိုရနိုင်သလဲ ... .. .
- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း၊ ပျဉ်းမနား နေပြည်တော်) တို့ထံမှ ဝယ်ယူရရှိနိုင်တယ်။
- ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ်ထားစနစ် ကျင့်သုံးနိုင်တယ်။
၁.၄ ကိုယ့်အားကိုယ်ကိုး ကိုယ့်မျိုးကိုယ်ထားစနစ် ဆောင်ရွက်ပုံနည်းလမ်း။
- မြေဆီထက်သန်တဲ့ လယ်မြေကို ရွေးချယ်ပါ။
- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (သို့) စိုက်ပျိုးရေးသုတေသနဌာန(ရေဆင်း/ပျဉ်းမနား-နေပြည်တော်)မှ မျိုးစေ့ကို ဝယ်ယူပါ။
- သမန်းပြင်ညီညာအောင်၊ သမန်းပုတ်အောင်၊ သမန်းညက်အောင်၊ ကောက်မစိုက်မီ သမန်းအိပ်အောင် လုပ်ဆောင်ပါ။
- တိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတဲ့ ပျိုးပင်တွေရရှိအောင် ဧရိယာကျဉ်း အစိုပျိုးထောင်နည်းစနစ်ကို ကျင့်သုံးပါ။
- ပျိုးသက်(၁၅-၂၀)ရက်သားကို ၁ ကျင်း ၂ ပင်နှုန်းနဲ့ ပင်ကြား ၉ လက်မ၊ တန်းကြား ၉ လက်မ အကွာအဝေးထားပြီးစိုက်ပါ။
- ဓာတ်မြေသြဇာကို ထောက်ခံနှုန်းထားအတိုင်း အသုံးပြုပါ။
- ပင်ပွားအများဆုံးထွက်ချိန်၊ အနှံထွက်ချိန်နဲ့ စပါးမရိတ်သိမ်းမီအချိန်မှာ မျိုးကွဲပေါင်းမြက်နဲ့ ပိုးမွှားရောဂါကျရောက်နေတဲ့ အပင်များကို နှုတ်ပယ်ပါ။
- မောင်းညိုချိန် (အစေ့ ၁၀၀ မှာ အစေ့ ၈၀ မှ ၈၅ စေ့ခန့် ကောက်ရိုးရောင်ပြောင်းချိန်) မှာ ရိတ်သိမ်းပါ။
- သီးခြားချွေလှေ့ ပြာတီးသန့်စင်ပါ။ ချွေစက်နှင့် တောင်းများအတွင်း အခြားစပါးမျိုးစေ့များ လုံးဝမပါအောင်သန့်စင်ပါ။)
- အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် အခြောက်လှန်းပါ။ (စပါးစေ့ကို ရှေ့သွားနဲ့ ဖိညှပ်ပြီးကိုက်လို့ ထောက်ခနဲအသံမည်ပါက အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။)
- ခြောက်သွေ့တဲ့စပါးကို စည်ပိုင်း၊ စဉ့်အိုး၊ ပလပ်စတစ်ပုံး၊ ပုတ် စသည်တို့အတွင်း အပြည့်အသိပ်ထည့်သွင်းပြီး လေလုံသိုလှောင်ထားပါ။
- အေးပြီး ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ ထားပါ။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဘဟိန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....