စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၂)
အခန်း (၂)
စပါးပျိုးခင်း စိုက်ခင်းအတွက် မြေယာပြုပြင်ခြင်း
၂.၁ မြေယာပြုပြင်မှုဟာ ဘယ်လောက်အရေးပါသလဲ။
• စပါးစိုက်ပျိုးထုတ်လုပ်ရေးမှာ အခြားလုပ်ငန်းတွေ ဘယ်လောက်ကောင်းကောင်း မြေယာပြုပြင်မှုမကောင်းရင် စပါးအထွက်မကောင်းဘူး။
• မြေယာပြုပြင်တဲ့လုပ်ငန်းဟာ စပါးစိုက်ပျိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။
၂.၂ မြေယာပြုပြင်ရတဲ့ ရည်ရွယ်ချက်။
• ကန်သင်းလုံရမယ် (ရေနေရေထိုင်ကို လိုသလိုထိန်းနိုင်တယ်။ ကိုယ့်လယ်ကွက်ထဲမှာရှိတဲ့ မြေဆီသြဇာတွေ ရေစီးနဲ့မျောပါမသွားနိုင်ဘူး။ ပေါင်းပင်ပွားများမှုသက်သာတယ်။)
• သမန်းပုပ်ရမယ်၊ သမန်းညက်ရမယ် (မြေသားဖွဲ့စည်းမှုကောင်းတယ်၊ မြေသြဇာတိုးပွားတယ်၊ ပေါင်းသက်သာတယ်၊ စပါးပင်ကို သမန်းပူမလောင်ဘူူး၊ အမြစ်စွဲမှုကောင်းတယ်။)
• သမန်းပြင်ညီညာရမယ် (စိုက်ပျိုးရေကို အပိုအလိုမရှိအသုံးပြုနိုင်တယ်၊ အပင်ပေါက်ကောင်းတယ်၊ သန်စွမ်းတယ်၊ အရွယ်ညီညာတယ်၊ ရင့်မှည့်ချိန်ညီညာတယ်၊ ပေါင်းမြက်ထက်ဝက်ခန့် သက်သာတယ်၊ လုပ်အားသက်သာတယ်၊ လယ်ကွက်ပြည့်အသုံးပြုနိုင်တယ်၊ အထွက်တိုးတယ်။)
• မျိုးစေ့ချချိန်/ကောက်စိုက်ချိန်မှာ သမန်းအိပ်ရမယ် (တိုက်ရိုက်မျိုးစေ့ချစပါးအတွက် ပေါက်နှုန်းကောင်းတယ်၊ အပင်သန်စွမ်းတယ်၊ အဖြစ်ဖွံ့ဖြိုးတယ်၊ ကောက်စိုက်စပါးအတွက် ကောက်ချက်အနက် လက်တစ်သစ်ခန့်ထားပြီး စိုက်ပျိုးနိုင်တယ်၊ အမြစ်စွဲမြန်တယ်၊ ကောက်ပင်လှန်တာမြန်တယ်။)
၂.၃ လယ်ကွက်မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ပါ။
ဘာကြောင့်လဲ။
• စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ လယ်ကွက်ရဲ့မြေမျက်နှာပြင်ကို ညီညာအောင်လုပ်ဆောင်မှုက အဓိကအကျဆုံးဖြစ်တယ်။

ဘယ်လိုကောင်းကျိုးတွေရသလဲ
• စိုက်ပျိုးရေကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်။ ဒါကြောင့် ...
သွင်းရေပမာဏကို လျော့ချနိုင်တယ်။ အပင်ပေါက်ကောင်းတယ်။ အပင်ကြီးထွား သန်စွမ်းတယ်။ အပင်အရွယ်အစား ညီညာတယ်။ ရင့်မှည့်ချိန်ညီညာတယ်။
• သီးနှံ ပိုမိုထွက်ရှိတယ်။
ဥပမာ ၅၀ ထွက်လယ်ကွက်ဟာ ၅၈ တင်းခန့်မှ ၆၂ တင်းထိ (၁၅ မှ ၂၄ ရာခိုင်နှုန်း) ပိုပြီးထွက်တယ်။
• ပေါင်းမြက်လျော့နည်းတယ်။
မြေယာကို စနစ်တကျပြုပြင်မယ်ဆိုရင် ပေါင်းမြက်ထက်ဝက်ခန့် (၄၀ ရာခိုင်နှုန်းခန့်) လျော့နည်းသွားတယ်။
• လုပ်အားလျော့ချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာတဲ့ ၁ ဧကအကျယ်လယ်ကွက်မှာ ပေါင်းရှင်းရင် တစ်ရက်လျှင် လူ ၈ ယောက်ခန့်လိုတယ်။ မြေမျက်နှာပြင်ညီညာရင် လူ ၂ ယောက်သာလိုတယ်။
• လယ်ကွက်မြေနေရာကို စွမ်းအားပြည့်အသုံးချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာရင် အကွက်လိုက်ကျင်းပျောက် ပင်ပျောက်တွေ့ရမယ်။ ညီညာရင်လယ်ကွက်ပြည့် စပါးပင်တွေရှိနေမယ်။
လယ်ကွက် ၁ ဧကကို မြေညှိရန် အချိန်ဘယ်လောက်ကြာသလဲ။
• ကျွဲ/နွားကို သုံးရင် ၁၂ ရက်ခန့်
• လက်တွန်းထွန်စက်ကိုသုံးရင် ၈ ရက်ခန့်
• ထွန်စက်ကိုသုံးရင် နောက်တွဲကိရိယာပေါ်မူတည်ပြီး အနည်းဆုံး ၄ နာရီမှ အများဆုံး ၈ နာရီခန့်
• လေဆာကိရိယာ တပ်ဆင်ထားတဲ့ထွန်စက်ဆိုရင် အနည်းဆုံး ၂ နာရီမှ အများဆုံး ၄ နာရီခန့် ကြာနိုင်ပါတယ်
မြေညှိအပြီးမှာ ဘာလုပ်ဆောင်သင့်သလဲ။
• မြေသားပါးလွှာတဲ့နေရာများမှာ တီစူပါဓာတ်မြေသြဇာနဲ့ မြေဆွေးထည့်ပေးပါ။ ထယ်ထိုးရာမှာ ခရုပတ်နဲ့ ရင်ခွဲထယ်ထိုးနည်းကို အလှည့်ကျအသုံးပြုပါ။ ဒါမှလယ်ကွက်ရဲ့အလယ်သား ဟောက်သွားခြင်း (သို့) မောက်သွားခြင်း မဖြစ်နိုင်ပါ။
ရင်းနှီးကုန်ကျစရိတ် ကြေတဲ့နှစ်။
• လယ်ကွက်မြေမျက်နှာပြင် ညီညာအောင်ညှိအပြီး ဒုတိယသီးနှံရိတ်သိမ်းချိန်မှာ ရင်းနှီးကုန်ကျစရိတ်ကြေပါတယ်။ (ထရံထောင်လယ် အကော အဝှမ်းလယ်ဖြစ်နေသမျှ ကာလပတ်လုံး စပါးအထွက်မတိုးဘူး။)
၂.၄ မြေယာပြုပြင်စဉ် သတိထားရန်အချက်များ။
• လယ်ကွက်တစ်ကွက်လုံး ရေစပ်စပ်ဖုံးလွှမ်းအောင် ရေတင်သွင်းပါ။ (ရေချိန်နဲ့ မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ဖို့ဖြစ်ပါတယ်။)
• အစိုထွန်ရေး/ထယ်ရေး ဝင်ပြီးတိုင်း လယ်ကွက်မှာ ရေနေရေထိုင် ၆ လက်မခန့်ထားရှိရမယ်။ (ရိုးပြတ်နဲ့ အခြားအပင်များ ပုပ်ဆွေးပြီးထွက်ရှိလာတဲ့ အပင်အာဟာရဓာတ်များ အငွေ့အဖြစ်မပျောက်ဆုံးနိုင်ဘူး။ ထွန်ရေး/ထယ်ရေး ပက်လက်ထားမယ်ဆိုရင် ယူရီးယားဓာတ်မြေသြဇာထဲမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အနည်းဆုံး ၅ ပိဿာမှ ၁၇၂ ပိဿာအထိ ဆုံးရှုံးနိုင်တယ်။ စပါးခြောက်တင်းထွက်တိုင်း ကောက်ရိုးပိဿာ ၂၀၀ ထည့်ပေးရင် မြေဆီသြဇာ လျော့မသွားဘူး။)
• စပါးပင် နီတိုဖြစ်လေ့ရှိတဲ့ စိုက်ကွက်တွေမှာ ထွန်ရေး/ထယ်ရေး တိမ်ရမယ်။
စပါးနီတိုဖြစ်ရတဲ့ အကြောင်းရင်းဟာ သံဓာတ်အဆိပ်သင့်တဲ့အတွက် (သို့) ကြက်ဥပုပ်နံ့ရှိတဲ့ H2S ဓာတ်ငွေ့လောင်တဲ့အတွက်ဖြစ်တယ်။ နီတိုသက်သာစေတဲ့နည်းလမ်းက ထွန်ရေး/ထယ်ရေး မနက်စေရ။ သမန်းပုပ်ချိန်မရရင် ရိုးပြတ်နဲ့ မြက်ခေါင်းတွေ ကုန်စင်အောင်ကောက်ပါ။ ထုံး ၅ အိပ်ခန့်ထည့်ပါ။ သို့မဟုတ် စက်ဖွဲပြာများများထည့်ပါ။ ပျိုးထောင်ကောက်စိုက်စပါးဆိုရင် ပျိုးသက်ကြီးကြီးနဲ့ လက်ဆများများစိုက်ပါ။ ရေကိုပြောင်စင်အောင် ခါထုတ်ထားပါ။ စပါးအပြီး စပါးအစား ပဲတစ်မျိုးမျိုးကို သီးလှည့်အဖြစ်စိုက်ပါ။
• အညာဒေသမှာဆိုရင် ဆိုဒီယမ်ဓာတ်ဆားကြောင့် အလားတူ နီတိုလက္ခဏာမျိုးတွေ့ရနိုင်တယ်။ သွင်းရေမှာ ဆားဓာတ်ပျော်ဝင်နေလို့ (သို့) အဝီစိတွင်းရေမှာ အငန်ဓာတ်ပါလို့ဖြစ်နိုင်တယ်။ ဂျစ်ပဆန်မြေသြဇာနဲ့ သဘာဝဓာတ်မြေသြဇာ ထည့်ပေးရင်သက်သာနိုင်ပါတယ်။ ရေရှည်ဆိုရင် စိုက်ပျိုးမြေတွေ ဆားဓာတ်ပေါက်ပြီးပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ယာသီးနှံ ပြောင်းလဲစိုက်ပျိုးရေးကို အလေးအနက်ထား စဉ်းစားသင့်ပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဘဟိန်း
အားလုံး