နဂါးမောက် ဝိုင်
နဂါးမောက်ရာသီရောက်ပြီဆိုတော့ နဂါးမောက်ဝိုင်ပြုလုပ်နည်းလေးကို ညွှန်းချင်ပါတယ်။ ခဏလေးအချိန်ပေးရုံနဲ့ ဝိုင်တစ်မျိုးပြုလုပ်နိုင်ပြီး မိသားစု ဆွေမျိုး မိတ်ဆွေတွေနဲ့ စကားလေးပြောရင်းကိုယ်လုပ်ထားတဲ့ ဝိုင်အကြောင်းကိုလည်းမပါမဖြစ် ပြောလို့ရတာပေါ့။
နည်းလမ်းတွေအမျိုးမျိုးရှိပေမဲ့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးကို ဝေမျှလိုက်ပါတယ်ရှင့်။
ပါဝင်ပစ္စည်းများ-
- နဂါးမောက်သီး (၃) လုံး (နဂါးမောက်ကို အနီသုံးတာများပါတယ်။ အရောင်လေးလှတာပေါ့)
- သံပုရာသီး (၂) လုံး
- သကြားအညို
ပြုလုပ်နည်း-
သံပုရာသီးနှစ်လုံးကို အခွံခွာပြီး ပါးပါးလေးလှီး အစေ့ထုတ်ထားပါ။ နောက် နဂါးမောက်ကိုလည်း အခွံခွာ အစိတ်သေးသေးလေးတွေရအောင် လှီးရပါမယ်။
လှီးပြီးပြီဆိုရင်တော့ ပုလင်း/ဗူး သန့်သန့်ထဲကို နဂါးမောက်တစ်ထပ် သံပုရာသီးလေးငါးစိတ်လောက် တစ်ထပ် ပြီးတော့သကြားတစ်ထပ် ဖြူးထည့်ပါ။ အဲ့တိုင်းကို နဂါးမောက်သီးများကုန်သည်အထိ တစ်ထပ်ချင်းစီထည့်သွားပေးပါရှင့်။
ပြီးပြီဆိုရင်တော့ ပလပ်စတစ်နဲ့လေလုံအောင်ပိတ်ပြီး အမှောင်ကျတဲ့နေရာမှာထားပါ။ နှစ်ရက်သုံးရက်လောက်ကြာရင် ပုလင်း/ဗူး ကိုလှုပ်ပေးပါ။
၄ ပတ်ကြာရင်တော့ အချဉ်ဖောက်လုပ်ငန်းစဉ်ပြီးဆုံးပြီး အရည်စစ်ထုတ်ပေးပါ။ ဒါဆိုရင်တော့ အရသာရှိလှတဲ့ နဂါးမောက်ဝိုင်ကို အိမ်မှာပဲ လွယ်လွယ်ကူကူဖောက်နိုင်ပြီပေါ့။

နဂါးမောက်ကိုလှီးဖြတ်ရမယ့်ပုံစံပါ။ ပုံပါအတိုင်း ပါးပါးလေးလှီးဖြတ်ပေးပါ။
ကျော့နန္ဒာစိုး
ကိုးကား- https://www.youtube.com/watch?v=a1v2ePCEvnA
photo source- shutterstock
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
အေးချမ်းမောင်
လွန်ခဲ့သော ၄ နှစ် ကတဆေးကဘာကျြိုပာတာလဲ
phoenyein
လွန်ခဲ့သော ၄ နှစ် ကဝိုင်ပြုလုပ်ရာတွင်အခွံပါထည့်လို့ရပါသလား
Aaa Kaa Thk Niung
လွန်ခဲ့သော ၅ နှစ် ကသကြားက ဘယ်လောက်ထည့်ရမှာလည်းဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကျော့နန္ဒာစိုး
အားလုံး