တာရှည်အထားခံသော ဈေးကွက်ဝင်ထုတ်ကုန် "မျှစ်ခြောက်"
မျှစ်တွင် ရေဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကယ်လစီယမ်ဓာတ်၊ သံဓာတ်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဂလူးကိုစ့် စသည့် ဓာတ်များအပြင် အခြားဗီတာမင်ဓာတ်များစွာ ပါဝင်သည်။
မျှစ်အဖြစ် တူးယူစားသုံးနိုင်သော ဝါးအမျိုးအစားများစွာရှိသည့်အနက် ကျသောင်းဝါး၊ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနီ၊ မျှင်ဝါး၊ ဝါးကြီး၊ ဝါးဘိုးကြီး၊ ဝါးဘိုးမျက်ဆံကျယ်၊ ဝါးနက်၊ သိုက်ဝါးတို့မှာ ကြားဖူးနားဝဖြစ်ပြီး ထင်ရှားကြသည်။
လူသားများသည် ဝါးပင်အောက်မှ မျှစ်စို့နုများကို တူးယူ၍ အစိမ်းအတိုင်း ကြော်စား၊ ချက်စားကြသည့်အပြင် မျှစ်ချဉ်၊ မျှစ်ခြောက်၊ မျှစ်ဆားစိမ်၊ မျှစ်ချို၊ မျှစ်ယို စသည့် အမယ်အမျိုးမျိုးပြုလုပ်၍ နှစ်ပေါက်ထားကာ စားသုံးလေ့ရှိကြသည်။
ရှေးယခင်က မြန်မာနိုင်ငံတွင် မျှစ်ခြောက်စားသုံးမှုကို အညာဒေသများတွင် အများဆုံးတွေ့ရှိခဲ့ရသည်။ ယခုအခါ ရန်ကုန်မြို့ပေါ်ရှိ စူပါမားကတ်နှင့် ဈေးဝယ်စင်တာများတွင် ပြည်တွင်းသို့ Inport တင်သွင်းထားသည့် မျှစ်ခြောက်ထုတ်ကုန်များ ရောင်းချလာသည်ကို တွေ့ရသည့်အပြင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများတွင်လည်း မျှစ်ခြောက်စားသုံးမှု မြင့်တက်နေကြောင်း သိရှိရသည်။
မျှစ်ခြောက်ထုတ်လုပ်ရာတွင် မျှစ်၏အဖျားပိုင်းနှင့် အလယ်ပိုင်းဟူ၍ (၂) မျိုးရှိပြီး၊ အဖျားပိုင်း(အသားနု)ဘက်မှထုတ်လုပ်သော မျှစ်ခြောက်သည် ဈေးပိုမိုရရှိသည်။ အရသာမှာလည်း ဆားထည့်၍ပြုလုပ်ထားသော မျှစ်ခြောက်နှင့် ဆားမပါသော မျှစ်ခြောက်ဟူ၍ (၂)မျိုး ရှိပေသည်။
မျှစ်ခြောက်ပြုလုပ်နည်း
- လတ်ဆတ်သော မျှစ်အစိုများကို သန့်စင်အောင်ပြုလုပ်၍ အပူချိန် (၁၀၀) ဒီဂရီစင်တီဂရိတ်တွင် ပြုတ်ပါ။
- (၃) နာရီကြာအောင် ပြုတ်ပြီးနောက် ဆယ်ယူ၍ လေလုံအောင် ပလတ်စတစ်အိတ်ကြီးများအတွင်း ထည့်၍ သိမ်းဆည်းပါ။
- ထို့နောက်မှာ တဖြည်းဖြည်းချင်းထုတ်၍ သေးငယ်သော အချောင်းများ၊ အလွှာပါးများ ရအောင် လိုအပ်သလို လှီးပါ။
- လှီးပြီးသောမျှစ်များကို သဘာဝနေရောင်ခြည် (သို့မဟုတ်) Solar Dryer (သို့မဟုတ်) Oven စသည့် အပူပေးပုံစံ တစ်မျိုးမျိုးဖြင့် အခြောက်ခံပါ။
- ရရှိလာသော မျှစ်ခြောက်များကို လေလုံစွာပိတ်ပြီး ထုတ်ပိုးသိမ်းဆည်းထားပါက (၃)နှစ်ခန့် အထားခံကြောင်း သိရသည်။
အထက်ပါ နည်းအတိုင်းပင် မျှစ်ဆားစိမ်ကို အခြောက်လှမ်းကာ မျှစ်ဆားစိမ်ခြောက်အဖြစ်လည်းကောင်း၊ မျှစ်ချဉ်ကို အခြောက်လှမ်းကာ မျှစ်ချဉ်ခြောက်အဖြစ်လည်းကောင်း ပြုလုပ်သိမ်းဆည်း စားသုံးနိုင်ပေသည်။
နန်းထက်ထက်ချစ်
Ref: Forest Department
Kaung Myat
လွန်ခဲ့သော ၄ နှစ် ကမျှဥ်ခြောက်ကဘယ်ပွဲရုံတင်ပို့လို့ရလားဗျ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....