အစိမ်းရောင်လမ်း
လက်ဖက်ခြောက်ကို ရေအေးနဲ့  စိမ်…သောက်လျှင်

လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်

Nan Su San
Nan Su San 13/07/2023

Green tea လက်ဖက်ခြောက်ကို ရေနွေးဆူဆူထဲထည့်ပြီး ပူပူလေးမှုတ်သောက်ရတဲ့ ရေနွေးကြမ်း (Hot tea) အရသာဟာ  မြန်မာလူမျိုးတွေ အကြိုက်ပါ။

Black tea ကိုတော့ နို့ဆီ၊ နို့စိမ်း၊ သကြားထည့်ပြီး လက်ဖက်ရည် (Milk tea) အဖြစ်နဲ့ သောက်တဲ့ အလေ့အကျင့်ကတော့ လူငယ်၊ လူလတ်ပိုင်းတွေကြားမှာ ရေပန်းအစားဆုံးပဲဖြစ်ပါတယ်။

ဆိုတော့ လက်ဖက်ခြောက်ကို ရေအေးမှာစိမ်ပြီး Cold brew အနေနဲ့ရော သောက်သုံးလို့ ရနိုင်လား...

ဂျပန်နိုင်ငံမှာတော့ လက်ဖက်ခြောက်ကို အအေးအနေနဲ့ရော  အပူအနေနဲ့ပါ လူကြီးရော လူငယ်ရော တွင်တွင်ကျယ်ကျယ် သောက်သုံးကြပါတယ်။ လက်ဖက်ဟာ ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးဖြစ်ပြီး ကော်ဖီထက် သောက်သုံးမှု ပိုများပါတယ်။ 

ဂျပန်နိုင်ငံမှာတော့ Cold brew tea ပုလင်းတွေကို အကြွေစေ့ထည့်ပြီး ဝယ်သောက်ရတဲ့ စက်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးလို့ ရနိုင်သလို နီးနီးနားနားမှာရှိတဲ့ ဈေးဆိုင်၊ စူပါမားကတ်စတဲ့နေရာတွေမှာလည်း ရောင်းချပေးပါတယ်။ လူငယ်အရွယ်ကတည်းက လက်ဖက်ခြောက်ကို အမျိုးမျိုးသောက်သုံးကြတဲ့ ဂျပန်လူမျိုးတွေဟာ အသားအရေ စိုပြည်ရုံသာမက  သက်ရှည်ကျန်းမာရှိနေတာလည်း အထင်အရှားပါ။ 

မြန်မာပြည်မှာတော့ ရေနွေးကို အပူအနေနဲ့ သောက်သုံးတာ အများဆုံးတွေ့ရပြီး Cold brew tea အနေနဲ့ သောက်သုံးတာ တော်တော်နည်းပါတယ်။ အမှန်တော့ Cold brew tea ဟာ Hot tea ထက် အနံ့အရသာ ပိုမိုကောင်းမွန်ရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ 

  •   ရေအေးမှာ စိမ်ထားတဲ့ Cold brew tea မှာ Vitamin C နဲ့ Antioxidants ဓာတ်ပါဝင်မှုဟာ Hot tea ထက်  ပိုများပါတယ်။
  •   Cold brew tea  ပုံမှန်သောက်သုံးရင် smile lines (အပြုံးလမ်းကြောင်း) တွေ၊ wrinkles (အရေးအကြောင်း) တွေဖြစ်တာ သက်သာစေလို့ Beauty routine (အလှအပအတွက် လုပ်ရိုးလုပ်စဉ်) တစ်ခုအနေနဲ့ သောက်သုံးသင့်ပါတယ်။ 
  •   Cold brew tea ဟာ caffeine (ကဖိန်း) ဓာတ်ပါဝင်မှု နည်းတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတခုပါ။
  •   မြန်မာတိုင်းရင်းဆေးအယူအဆအရ  လက်ဖက်ခြောက်ကို ရေအေးစိမ်သောက်လျှင် ဆီးကျင်၊ ဆီးအောင့် သက်သာစေပါတယ်။ လက်တွေ့ရောဂါ သက်သာပျောက်ကင်းသူများကိုလည်း တွေ့ဖူးကြားဖူးပါတယ်။ 
  •   လက်ဖက်ရဲ့ ပင်ကိုယ်အရသာထဲမှာ အချိုဓာတ် အနည်းငယ် ပါဝင်တာကြောင့် သကြားတော့ကြောက်တယ် ချိုမြမြလေးသောက်ကြည့်ချင်တယ်ဆိုရင်တော့ Cold brew tea လေးသောက်ကြည့်စေချင်ပါတယ်။ ညနေစာဝိုင်းမှာ ဝိုင်တခွက်အစား  Cold brew tea လေး အစားထိုး သောက်ရင်တော့ ကုန်ကျစရိတ်သက်သာစေမှာ အမှန်ပါ။

Cold brew tea ကို ဘယ်လိုဖျော်မလဲ...

လက်ဖက်ခြောက် ၁၀ ဂရမ်ကို ရေသန့် ၂၀၀ မီလီလီတာမှာထည့်၍ ၁၅မိနစ်ခန့်စိမ်ပြီး သောက်သုံးနိုင်ပါတယ်။ လက်ဖက်ခြောက် အရွက်ကြီးကြီးတွေထက် အညွန့်ခြောက်လေးတွေနဲ့ဆို ပိုကောင်းပါတယ်။

လက်လှော်လက်ဖက်ခြောက်ထက် စက်လှော်လက်ဖက်ခြောက်ကို သုံးရင် Cold brew tea ရဲ့ အနံ့ ပိုမွှေးပါတယ်။ ပင်ကြီးလက်ဖက်ခြောက် ၊ ကောက်ညှင်းမွှေး လက်ဖက်ခြောက်၊ Green tea, white tea, black tea စတဲ့ လက်ဖက်ခြောက်အမျိုးမျိုးနဲ့ Cold brew tea သောက်သုံးလို့ရပါတယ်။ 

အခုနောက်ပိုင်းမှာ တချို့စူပါမားကတ်တွေမှာ အိတ်သေးပုံစံလေးတွေနဲ့ လက်ဖက်ခြောက်ကို ထုပ်ပိုးရောင်းချနေတော့ ဒီလို Tea bags လေးတွေနဲ့ဆို Cold brew tea ကို အချိန်မရွေးနေရာမရွေး ဖျော်လို့ရ၊ သောက်သုံးလို့ ရပါပြီ။

မှတ်ချက် - အသုံးပြုတဲ့ လက်ဖက်ခြောက် အမျိုးအစား၊ အရွယ်အစားနဲ့ သောက်သုံးသူရဲ့ အဖန်အခါး ကြိုက်နှစ်သက်မှုပေါ်မူတည်၍ ပမာဏ ချိန်ဆ အသုံးပြုရန် အကြံပြုလိုပါတယ်။

ရေနွေးဆိုတာ အသက်ကြီးကြီး လူကြီးပိုင်းတွေပဲ သောက်သုံးတဲ့ဟာလို့ မသတ်မှတ်ဘဲ သက်ရှည်ကျန်းမာ အလှဝေဖြာဖို့  လူကြီးရော လူငယ်တွေပါ သောက်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

 နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
U Saw

U Saw

လွန်ခဲ့သော ၃ နှစ် က

အမျိုးသမီး အမျိုးသားမရွေးဘဲ ကျန်းမာသက်ရှည် အလှပန်းတွေဝေဖို့ ရေအေးစိမ်ထားတဲ့ လက်ဖက်‌ခြောက်ရည်ကို သောက်သင့်ကြောင်း ကိုယ်တွေ့ထောက်ခံလိုက်ပါတယ် 👍🥰✨🫖

စောယု

စောယု

လွန်ခဲ့သော ၃ နှစ် က

အခုဘဲ လက်ဖက်ခြောက်သောက်ရင်း အမပြောတဲ့ Clod brew tea လေးသောက်ချင်တယ်တွေးနေတာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....