အစိမ်းရောင်လမ်း
Black Soldier Fly ကို အသုံးချခြင်း (သို့)  “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့

Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့

Nan Su San
Nan Su San 29/03/2022

အစားအသောက် အလေအလွင့်တွေကနေ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ ငါးမွေးမြူရေးလုပ်ငန်းတွေမှာ ပြန်သုံးလို့ရတဲ့  အာဟာရအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကို စင်ကာပူနိုင်ငံ Tampines park မှာ စတင်လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် စင်ကာပူနိုင်ငံရဲ့ တခြားနေရာတွေမှာပါ တိုးချဲ့လုပ်ဆောင်ဖို့   စီစဉ်နေပါပြီ။

ဒီလုပ်ငန်းကတော့ Black soldier fly (စစ်သည်ယင်နက်) မွေးမြူရေးစင်တာတခုရယ်၊ အဆင့်မြင့်နည်းပညာနဲ့ ဒေါင်လိုက်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းတွေ၊ တီလားပီးယားငါးမွေးကန်တွေနဲ့  ဖွဲ့စည်းထားတဲ့ ဂေဟစက်ဝန်းတခုဖြစ်ပြီး  Tampines park ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံတွေအစပျိုးခဲ့တဲ့ ကြိုးပမ်းမှုတခုပေါ့။

အစားအသောက် စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် အပိုင်းအစ၊ အကြွင်းအကျန်တွေ၊ သစ်သီးခွံတွေ၊ အသားတွေကို ဒေသခံတွေဆီကနေ စုဆောင်းပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေထဲက Black soldier fly ပိုးလောင်းလေးတွေ မချေဖျက်နိုင်တဲ့ အရာတွေ ဥပမာ- ဒူးရင်းသီးအခွံတွေ၊ ဖရဲသီးအခွံတွေကို စေတနာ့ဝန်ထမ်းတွေကနေ ဖယ်ထုတ်ပေးပါတယ်။

Black soldier fly ပိုးလောင်းလေးတွေ ချေဖျက်နိုင်တဲ့ အစားအသောက် စွန့်ပစ်ပစ္စည်းတွေကို Okara (တို့ဟူး၊ ပဲနို့တို့ လုပ်တဲ့အခါ ထွက်လာတဲ့ ပဲပုပ်အနှစ်/အဖတ်) နဲ့ ရောမွှေပေးတယ်။ ဒီလို လုပ်ပေးခြင်းဟာ Processing rate (လုပ်ငန်းစဉ်အမြန်နှုန်း) ကို ကောင်းမွန်စေပါတယ်။

အစားအသောက်အကြွင်းအကျန်တွေနဲ့ ပဲနှစ်ဖတ်တွေရောထားတဲ့ အရောကို Black soldier fly ပိုးလောင်းလေးတွေကို ကျွေးပါတယ်။ ဒီ Food waste တွေကို Black soldier fly ပိုးလောင်းလေးတွေ မကျွေးခင်မှာ မှိုတွေပါ၊ မပါ နှစ်ခါလောက် စစ်ဆေးပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပိုးလောင်းလေးတွေကို ကျွေးပြီး  ရက်အနည်းငယ်အကြာမှာ  Black soldier fly ပိုးလောင်းလေးတွေကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေ/Frass တွေရရှိလာပါတယ်။

အစာစကျွေးပြီး ၂ ပတ်အကြာမှာ ပိုးလောင်းကောင်လေးတွေကိုဖယ်ပြီး  Frass တွေ ယူပါတယ်။ ဒီလိုမျိုးရလာတဲ့ Frass တွေက အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ် ဓါတ်တွေ ပါဝင်တာဆိုတော့ အသီးအရွက်စိုက်ခင်းမှာ မြေသြဇာအနေနဲ့  သုံးပါတယ်။ Black soldier fly ပိုးလောင်းကောင်လေးတွေဟာ ပရိုတင်းဓါတ်၊ အဆီဓာတ်ကြွယ်ဝတာမို့ သူတို့ကိုတော့ ရေခဲရိုက်ပြီး တီလားပီးယားငါးမွေးကန်ထဲမှာ ငါးစာအနေနဲ့ ကျွေးပါတယ်။ (တီလားပီးယားငါးအပြင် ရေချိုပုစွန်ကြီး ၊ Marble goby နဲ့ Jade perch တို့လို ငါးမျိုးတွေကိုလည်း ကျွေးလို့ ရနိုင်မယ်လို့ ဆိုပါတယ်)

ရလာတဲ့ တီလားပီးယားနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ဒေသခံတွေ စားဖို့အတွက် ဖြစ်ပါတယ်တဲ့။ ဒီလို မွေးမြူထားတဲ့ ငါးတွေ၊ စိုက်ထားတဲ့ အသီးအရွက်တွေဟာ လူတွေ စားသုံးဖို့ ဘေးအန္တရာယ် ကင်း မကင်းဆိုတာကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

ဒီ ပရောဂျက်ဟာ စိုက်ပျိုးမြေရှားပါးတဲ့ စင်ကာပူနိုင်ငံမှာ စိုက်ပျိုးနေရာ ပိုမို သုံးစွဲနိုင်တဲ့ နည်းဗျူဟာ တခုဖြစ်ပြီး ဒေသတွင်းအစားအသောက်ထုတ်လုပ်ခြင်းကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒီလိုမျိုး လုပ်ဆောင်လာတာဟာလဲ  စားနပ်ရိက္ခာဖူလုံဖို့ ၊ အလေအလွင့်တွေ လျှော့ချဖို့၊ နိုင်ငံတွင်း စားသောက်ကုန် ထုတ်လုပ်ခြင်းကို ၂၀၃၀ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းထိ တိုးပြီး ထုတ်လုပ်နိုင်ဖို့ ဆိုတဲ့  နိုင်ငံ တော်ရဲ့ ရည်မှန်းချက်တွေကြောင့် ဖြစ်ပေါ်လာကြတာပါ။  

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ဒီ project ကို စတင်လုပ်ဆောင်ခဲ့ပြီး Tampines မြို့နယ်ကောင်စီ၊ စင်ကာပူအစားအသောက် အေဂျင်စီ၊ Netatech နည်းပညာ ကုမ္ပဏီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတိုင်ပင်ခံ နှင့် Tampines ဒေသခံများ ကွန်ရက်များရဲ့ ပူးပေါင်းဆောင်ရွက်မှု တခုဖြစ်ပါတယ်။

အခုဆိုရင်တော့ ဒေသခံတွေရဲ့ အားပေးမှု တခဲနက်ရရှိပြီး Tampines မြို့နယ်ကောင်စီကလည်း တခြားနေရာတွေမှာပါ တိုးချဲ့လုပ်ဆောင်ပြီး ၂၀၂၅ ခုနှစ်မှာ စံပြ Eco-Town အဖြစ် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
Myo Min Kine Oo

Myo Min Kine Oo

လွန်ခဲ့သော ၄ လ က

အဲဒီအမျိုးကို ဘယ်မှာဝယ်ရမလဲဗျ အကုန်ပတ်မှာနေတာ ဘယ်မှ မရလို့ ရွှေထက်ရှားနေတာ

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....