ဖျားနာတုပ်ကွေးဗိုင်းရပ်တွေကို ကာကွယ်ပေးတဲ့ ဂျင်း(ချင်း) ဖျော်ရည်
တစ်နေ့ ဆရာကြီး ဦးမောင်မောင်ထွေးဆီ အလည်သွားဖြစ်ရင်းနဲ့ ဒီနည်းလမ်းကို သိခဲ့ရတာပါ။ ဂျင်းပြုတ်ရည်ဆိုရင် ဂျင်းနဲ့ ထန်းလျက်နဲ့ပဲ လုပ်သောက်တတ်တဲ့ ကျွန်မ နောက်တစ်နည်းသိလိုက်ရတော့ အရမ်းကျေနပ်သွားတာပေါ့။ ပါဝင်ပစ္စည်းလေးတွေကလည်း ရိုးရှင်းသလို အရသာကလည်း အရမ်းကောင်းပါတယ်။ ဆရာကြီးဆီက မြည်းခဲ့ရတာပေ့ါနော်။
ကဲပါဝင်ပစ္စည်းလေးတွေကို တစ်ချက်ကြည့်ရအောင်…
- ဂျင်း
- citric acid (အချဉ်ခဲ)
- သကြား
ဒီသုံးမျိုးပဲဖြစ်ပါတယ်...
ဂျင်းကိုနုတ်နုတ်လေးတွေစင်းပြီး ပထမ၊ ဒုတိယပြုတ်ရည်တွေကို လွှင့်ပစ်ပါ။ တတိယရည်ကျမှ စစ်ယူပြီး ဂျင်းပြုတ်ရည် ၂ လီတာကို citric acid (အချဉ်ခဲ) ထမင်းစားဇွန်း တစ်ဇွန်း၊ သကြားကို ၂လီတာဆိုတော့ ၂၀ ကျပ်သား ထည့် ရောမွှေ အအေးခံပြီးရင် သောက်လို့ရပါပြီနော်။ သကြားကတော့ အချိုလိုချင်သလောက် ညှိထည့်လို့ရပါတယ်။ ပြောထားတဲ့နှုန်းတိုင်းဆိုရင်တောင် အချဉ်ဓာတ်လေးနဲ့မျှပြီး တော်တော်သောက်လို့ကောင်းနေပါပြီရှင့်။
ဂျင်း၁၀သား ပြုတ်မယ်ဆိုရင် ပထမရည်ကို ရေ ၃လီတာနဲ့၊ ဒုတိယရည်ကို ရေ ၂ လီတာ၊ တတိယရည်ကျရင်တော့ ရေ ၁လီတာနဲ့ ပွက်ပွက်ဆူအောင်ပြုတ်ရပါမယ်နော်။
အားလုံးလည်းသိတဲ့အတိုင်း ဂျင်းက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေပါတယ်။ အိမ်ရှင်မများ ဟင်းချက်တဲ့နေရာမှာလည်း ထည့်သုံးကြသလို အသားစိမ်း၊ ငါးစိမ်းများနယ်တဲ့နေရာမှာလည်း အများဆုံးသုံးကြပါတယ်။ တုပ်ကွေးရာသီတွေမှာဆိုရင် လူကြီးတွေက ဂျင်းပြုတ်ရည်လေး လုပ်တိုက်နေကြပါ။ ဂျင်းပြုတ်ရည်က ကိုယ်ခန္ဓာနာကျင် ကိုက်ခဲတာတွေကိုလည်း ကောင်းစေပြီး ရောဂါဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ နေ့စဉ်ပုံမှန် သောက်သုံးသင့်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။
ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီးရင် လွယ်ကူတဲ့ ဂျင်းပြုတ်ရည်လေးကို လုပ်သောက်ကြပါနော်။ ကြာရှည်ခံစေချင်ရင်တော့ ရေခဲသတ္တာထဲမှာ ထည့်သိမ်းထားလို့ရပါတယ်။ ရေခဲသတ္တာထဲထည့်ရ အဆင်မပြေတဲ့သူတွေကတော့ တာရှည့်ခံဆေးလေး ထည့်ထားပေးလို့ရပါတယ်။ တစ်နိုင်လေးပဲလုပ်သောက်လည်း အပန်းမှမကြီးတာနော်။ စစ်ထုတ်ထားတဲ့ ဂျင်းဖတ်တွေကိုလည်း ဟင်းချက်တဲ့နေရာမှာ ပြန်သုံးလို့ရတယ်ဆိုတော့ လွှင့်ပစ်စရာမလိုတဲ့ နည်းလမ်းကောင်းလေးဖြစ်တာကြောင့် မျှဝေရေးသားလိုက်ပါတယ်...။
ကျော့နန္ဒာစိုး
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကyes
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကျော့နန္ဒာစိုး
အားလုံး