အစိမ်းရောင်လမ်း
ရိုးရှင်းတဲ့ စတော်ဘယ်ရီယိုထိုးနည်း

ရိုးရှင်းတဲ့ စတော်ဘယ်ရီယိုထိုးနည်း

    အခုချိန်က စတော်ဘယ်ရီတွေပေါနေတဲ့အချိန် အထိမခံစတော်ဘယ်ရီသီးတွေကို ပေါတုန်းများများဝယ်ထားချင်တဲ့ အန်တီ၊ မမများ စတော်ဘယ်ရီယိုလေး ထိုးထားကြမယ်ဆိုရင်ရော…

ပါဝင်ပစ္စည်းလို့ အမည်တပ်လို့မရအောင် ရိုးရှင်းလွန်းပါတယ်နော်..

- စတော်ဘယ်ရီသီး (၈၀၀ ဂရမ်)

- သကြား (၅၀၀ ဂရမ်)

- သံပုရာသီး (တစ်လုံး) ဒီသုံးမျိုးထဲပါ။

    လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေကို ရေဆေး အညှာချွတ်ပြီး နုတ်နုတ်လေးတွေစင်းပါ။ ပြီးရင် သံပုရာသီးရည် ညှစ်ထည့်ပြီး သကြားလည်းထည့်ကာ သမအောင်မွှေပါ။ 

    ဒယ်အိုးနဲ့လည်းကျိုလို့ရသလို အိမ်ရှင်မများအများဆုံးသုံးတဲ့ ဒယ်နီနဲ့လည်းရပါတယ်ရှင့်။ 

    အရင်ဆုံး မီးနည်းနည်းပေးကာ သကြားများပျော်သည်အထိတည်ပေးပါ။ မွှေပေးနေဖို့တော့ လိုပါမယ်နော်။ 

    ၁၀ မိနစ်လောက်တည်ပြီး သကြားပျော်သွားပြီဆိုရင် မီးထပ်တင်ပြီး မိနစ် ၃၀ လောက်တည်ပေးပါ။ တည်နေတုန်းကြားထဲ အမြှုပ်တွေထွက်လာရင် ဖယ်ပစ်ပေးပါ။ 

    နာရီဝက်တည်ပြီးတဲ့အခါ ၅ မိနစ်လောက်အအေးခံပြီး ပန်းကန်ထဲအနည်းငယ်ထည့်ကြည့်  ပန်းကန်ကို ဟိုဘက်ဒီဘက်စောင်းကြည့်ပါ။ ယိုများမကျသွားပဲ ကပ်နေတဲ့အနေထားဆိုရင် ရပါပီ။

    အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့အဆင်ပြေတဲ့ စတော်ဘယ်ရီယိုကို ပေါင်မုန့်နဲ့ညှပ်စားပြီး သာယာတဲ့ မနက်ခင်းတိုင်းပိုင်ဆိုင်နိုင်ကြပါစေနော်။ 

ကျော့နန္ဒာစိုး

ကိုးကား- Youtube

ညိမ်းထွန်း

ညိမ်းထွန်း

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....