အစိမ်းရောင်လမ်း
မက်မန်းဝိုင်

မက်မန်းဝိုင်

မက်မန်းဝိုင်ဟာ သုံးစွဲတတ်လျှင် ဆေးကောင်းတစ်လက်ဖြစ်နိုင်ပါတယ်။ မက်မန်းသီးမှ ဗီတာမင်စီဓာတ်ကို များစွာထောက်ပံ့ပေးသလို အစာချေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဝိုင်ကြိုက်နှစ်သက်သူတွေအတွက်က ဗဲရီးဂွတ်ပါပေါ့နော်။ ကဲ နွေရာသီစတိုင် မက်မန်းဝိုင်လေးပြုလုပ်ကြည့်ရအောင်.....

လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

မက်မန်းသီး  (၁) ပိသာ

သကြား     (၁)ပိသာ

ရေအေး  (၁) ဂါလံ

pectic အင်ဇိုင်း 

ဝိုင်ပြုလုပ်ပုံပြုလုပ်နည်းကြည့်ရအောင်

- အသီးခူးဆွတ်သောအချိန်တွင် အတတ်နိုင်ဆုံး အသီးအမှည့်များ ရွေးချယ်ရန်လိုအပ်ပါသည်။ ထို့ နောက် မက်မန်းသီးများမှ အမှိုက်နှင့် ကျောက်ခဲများကို စင်ကြယ်အောင်ရေဖြင့်ဆေးကြောဖယ်ရှားပေးပါ။ 

- ရေဆေးပြီးတဲ့ မက်မန်းသီး (၁) ပိသာကို အိုးထဲသို့ထည့်ပါ။  ရေ (၁) ဂါလံကိုထည့်၍ မီးဖိုပေါ်တင်ပေးပါ။

- ရေဆူလာသည်အထိတည်ထားပြီး မက်မန်းသီးများပျော့သွားသည်အထိ ထားပါ။ မက်မန်းသီးများခပ်ပျော့ပျော့ အနေအထားရောက်လျှင် မီးဖိုမှချပါ။ မက်မန်းသီးများကို ပိတ်ပါးစထဲထည့်၍ အရည်များစစ်ထုတ်ထားပါ။ မက်မန်းသီးအဖတ်များကိုတော့ မက်မန်းယိုထိုးဖို့အတွက် ချန်ထားနိုင်ပါတယ်။

- စစ်ထုတ်ထားသော မက်မန်းရည်ထဲကို သကြား (၁) ပိဿာ ထည့်ပြီး သကြားပျော်သည်အထိ မွှေပေးရပါမယ်။ 

- မက်မန်းသီးအရည်များအေးပြီး သကြားများအရည်ပျော်လာသောအခါတွင် pectic အင်ဇိုင်းကို အနည်းငယ်ထည့်ပြီး မွှေပေးရပါမယ်။

- ပြီးရင်တော့ မက်မန်းရည်များကို ခြောက်သွေ့ပြီး သန့်စင်တဲ့ ဗူး၊ ပုလင်း ထဲသို့ထည့်ပြီး အနွေးဓာတ်ရှိတဲ့အခန်းမှာ ထားရပါမယ်။ အနွေးဓာတ်ရှိသော အခန်းမှာထားပေးခြင်းဟာ ကစော်ဖောက်ခြင်းဖြစ်စဉ်ကို တွန်းအားပေးပါတယ်။ 

- ကစော်ဖောက်ခြင်းဖြစ်စဉ်အတွင်း လိုအပ်မယ်ဆိုလျှင် သကြားကို ထမင်းစားဇွန်း (၁-၂) ဇွန်း ထည့်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ 

- သကြားထည့်တဲ့ဇွန်းက သန့်ရှင်းနေရပါမယ်။ သကြားကို ထမင်းစားဇွန်း (၁-၂)ဇွန်းထည့်ပေးတာမျိုးကို (၁-၂) ကြိမ်လောက် ပြုလုပ်ပေးခြင်းဟာ ဝိုင်ရဲ့အရသာကို ကောင်းမွန်စေမှာပါ။ ပြီးရင် ပုလင်းကို လုံအောင်ပြန်ဖုံးထားရမှာဖြစ်ပါတယ်။ 

(၆-၇) လ လောက်ထားပြီးတဲ့အခါမှာတော့ အရသာကောင်းမွန်တဲ့ မက်မန်းဝိုင်တစ်ပုလင်းကို စတင်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

ဇွန်ပွင့်ဖြူ

ကျော်မြင့်

ကျော်မြင့်

လွန်ခဲ့သော ၄ နှစ် က

pecticအင်ဇိုင်းဆိုတာဘာကိုခေါ်ပါသလဲ? မသိလို့ပါ

Mai Nyi Myat Aung

Mai Nyi Myat Aung

လွန်ခဲ့သော ၄ နှစ် က

pectic အင်ဇိုင်း ထည့်တဲ့ ပမာဏကော ဘယ်လောက်လဲနော်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....