အချိုတည်းစရာ ချဉ်ပေါင်ရွက်ယို
ချဉ်ပေါင်ရွက်ကို ဟင်းအဖြစ်သာမက ကျန်းမာရေးဓာတ်စာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကျန်းမာရေး အခြေအနေကြောင့် ခံတွင်းပျက်နေလို့ဖြစ်စေ၊ ရာသီဥတုကြောင့် အစားမချိုလျှင် ခံတွင်းမြိန်အောင် ချဉ်ပေါင်ရွက်ကို မျှစ်နှင့်ကြော်စားကြမလား ဒါမှမဟုတ် အချဉ်ဟင်းပဲချက်စားမလား၊ ချဉ်ပေါင်ယိုထိုးပြီး သရေစာလိုပဲစားမလား ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပါတယ်။
ချဉ်ပေါင်ရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ အအေးမိဖျားနာခြင်းကို သက်သာစေသလို၊ သံဓာတ်ပါဝင်တဲ့အတွက် အားနည်းခြင်းရောဂါအတွက် အထူးသင့်လျော်သော ဓာတ်စာတစ်ခု ဖြစ်ပါတယ်။
ချဉ်ပေါင်ယို ပြုလုပ်တဲ့အခါမှာတော့ ချဉ်ပေါင်အသီးကိုဖြစ်စေ၊ ချဉ်ပေါင်ရွက်ကိုဖြစ်စေ အသုံးပြုနိုင်ပါတယ်။
ချဉ်ပေါင်ရွက် ပေါများတဲ့အချိန်မျိုးမှာဖြစ်စေ ချဉ်ပေါင်သီးများပေါ်ချိန်တွင်ဖြစ်စေ ချဉ်ပေါင်ယိုများပြုလုပ်ပြီး သိမ်း ဆည်းထားနိုင်ပါသည်။ သိမ်းဆည်းထားသော ယိုများကို ထမင်းစားပြီး အချိုတည်းရာတွင်လည်း စားသုံးနိုင်ပါတယ်။
ချဉ်ပေါင်ရွက်ဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့အတွက် သွေးအားနည်းသူများအတွက် ဓာတ်စာတစ်ခု အနေနဲ့လည်း အသုံးပြုနိုင်တယ်နော်။ ဗီတာမင်စီ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
ချဉ်ပေါင်ရွက်/ ချဉ်ပေါင်သီး (၁) ပိဿာ
ထန်းလျက် (၅၀) ကျပ်သား
ဆား (၅) ကျပ်သား
ရေ (၁.၅) လီတာ
ငရုတ်သီးခြောက် (၅) ကျပ်သား
ပထမအဆင့်အနေနဲ့
ချဉ်ပေါင်ရွက်/ အသီးများကို ရေစင်အောင်ဆေးကြောပြီး နေလှန်း အခြောက်ခံထားပါ။
အရမ်းမစိုမခြောက် အနေအထားရောက်လျှင် သိမ်းထားနိုင်ပါသည်။
ဒုတိယအဆင့်အနေနဲ့
ထန်းလျက် (၅၀) ကျပ်သားကို ရေ (၁.၅) လီတာနှင့် ရောပြီးကြိုပါ။ ထို့နောက် ထန်းလျက်ရည် အနည်းငယ် ပျစ်လာလျှင် မီးဖိုမှချ၍ ထန်းလျက်ရည်ကို စစ်ယူထားပါ။ အချို့က သကြားအသုံးပြုပြီး ယိုထိုးကြတယ်နော်။ သကြားဆိုရင်တော့ (၂၅ - ၃၀) ကျပ်သားလောက် ထည့်ကြပါတယ်။
ပြီးနောက် စစ်ထားတဲ့ ထန်းလျက်ရေထဲကို အခြောက်ခံထားတဲ့ ချဉ်ပေါင်ရွက်များကို ထည့်ကြိုပါ။
တတိယအဆင့်အနေနဲ့
ဆား (၅) ကျပ်သားထည့်၍ မွှေပါ။ မီးအေးအေးနှင့် အဆက်မပြတ်မွှေပေးရန် လိုအပ်ပါတယ်။
အစပ်ကြိုက်တတ်သူများအတွက် ချဉ်စပ်အနေအထားလည်း ပြုလုပ်နိုင်ပါတယ်။ အစပ်ကြိုက်သူများ အတွက် ငရုတ်သီးအခြောက်များကို ကြိတ်ထားပြီး ဆားထည့်တဲ့အချိန်မှာ ငရုတ်သီးပါ ထည့်ပေးနိုင်ပါတယ်။
ခပ်ပျစ်ပျစ် အနေအထားရောက်ပြီဆိုရင်တော့ အအေးခံပြီး ဗူးထဲကိုထည့် စားသုံးနိုင်ပါပြီ။
ဇွန်ပွင့်ဖြူ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇွန်ပွင့်ဖြူ
အားလုံး