ဝက်အူချောင်းကိုယ်တိုင်လုပ်ကြည့်ကြမယ်
အခြောက်အခြမ်းတွေ မိမိတို့အိမ်မှာရှိရင် ဘယ်လိုအချိန်ဖြစ်ဖြစ် ဟင်းတစ်ခွက်ဖန်တီးလို့ရပါတယ်။ ခုလိုကာလမှာ အထားခံတဲ့ဝက်အူချောင်းကို ကိုယ်တိုင်လုပ်စားကြရအောင်။
ဝက်အူချောင်းလုပ်ရန်
၁။ ဝက်သုံးထပ်သား ၅၀ သား
၂။ ဝက်အူကြမ်း (သို့) collagen casing
၃။ ဆား အနည်းငယ်
၄။ သကြား ဟင်းခပ်ဇွန်း ၄ ဇွန်း
၅။ ပဲငံပြာရည်အပျစ် ဟင်းခပ်ဇွန်း၂ဇွန်း
၆။ ပဲငံပြာရည်အကျဲ ဟင်းခပ်ဇွန်း ၂ဇွန်း
၇။ ဟွာကျောင်းမှုန့်(သို့) တရုတ်မာဆလာအနည်းငယ်
၈။ အရောင်တင်မှုန့် အနည်းငယ်
၉။ ပြောင်းကော်မှုန့်အနည်းငယ်
၁၀။ ဟင်းချက်ဝိုင် ဟင်းခပ်ဇွန်း ၂ ဇွန်း တို့လိုပါသည်။
ပထမဦးစွာ ဝက်သားမှ အခေါက် များဖယ်ကာ စဥ်း၍ဖြစ်စေ၊ ကြိတ်၍ဖြစ်စေထားပါ။ ထို့နောက် ပါဝင်သည့်အရာအားလုံးရောကာ အသားစဥ်းထားတာနှင့် နယ်ပါ။ တစ်နာရီခန့်နှပ်ထားပါ။
အစာသွပ်ရန် ဝက်အူကြမ်းသုံးပါက အူကြမ်းကိုသန့်စင်ထားပါ။ collagen casing ဆိုသည်မှာ အူအစားသုံးနိုင်သည့် ဝက်အူချောင်းပြုလုပ်ရာတွင်သုံးသော အရာဖြစ်ပါသည်။ ဝက်အူကိုဖြစ်စေ၊ collagen casing ကိုဖြစ်စေ ကတော့ပြွန်တွင်စွပ်ပါ။ အူ၏အဆုံးနားအထိရောက်အောင်ဆွဲ၍ ကတော့ပြွန်တွင်စွပ်ပြီး အူ၏ကျန်ထိပ်ဝတစ်ဖက်ကို အစာများမထွက်စေရန် ထုံးထားပါ။ ထို့နောက် ကတော့ဝမှနေ၍ နှပ်ထားသောဝက်သားများကို ဖိထည့်ပါ။ ပြွန်မှတစ်ဆင့်အူဆီကျလာသော ဝက်အူချောင်းကို လေမခိုစေရန် သွားကြားထိုးတံလေးနှင့် လေခိုသည့်နေရာတိုင်းကို ဖောက်ပေးပါ။ အူတစ်ခုစာကုန်လျှင် ထိပ်မှပြန်ထုံးပါ။ collagen casing ဆိုလျှင်လည်းမိမိလိုသလောက်အရှည်ပိုင်းဖြတ်ကာသုံးပါ။ ရလာသောဝက်အူချောင်းများကို နေပူကျက်ကျက်တွင် တစ်နေ့ကို ၄ နာရီခန့် သုံးရက်မျှနေလှန်းပါ။ သို့မဟုတ် oven ထဲတွင် ဗန်းခံကာ အပူချိန် ၈၀ ဒီဂရီနှင့် တစ်နာရီခန့်အပူပေးလည်းရပါသည်။ ရလာသောဝက်အူချောင်းများကို ချက်ချင်းကြော်ချက်စားနိုင်သကဲ့သို့ လိုသလိုသိမ်းဆည်း၍လည်း လိုအပ်ချိန်တွင်စားသုံးနိုင်ပါသည်။
တာရှည်အထားခံသည့်အပြင် လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်သော ဝက်အူချောင်းကို ကိုယ်တိုင်ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....