အိမ်လုပ်မဆလာ ကိုယ်တိုင်လုပ်နည်း
အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတစ်ခုဖြစ်ပါသည်။ ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာပိုပြည့်စုံသည်မဟုတ်ပေလော။ ယခုကဲ့သို့ ရောဂါများထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များအလွယ်တကူမဖွင့်သောကာလတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆလာလုပ်နည်းကိုတင်ပြလိုက်ပါသည်။
မဆလာလုပ်ရန်
၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း
၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကရဝေးရွက်-၂ ရွက်
၆။ သစ်ဂျပိုးခေါက်-၁ခေါက်
၇။ နာနတ်ပွင့်-၁ ပွင့်
၈။ လေးညှင်း-၂ ပွင့်
၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။
ထိုအရာများအားလုံးကို ပထမဦးစွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အောင်လှော်ပီးနောက် ဖယ်ထားပါ။ ထို့နောက် ကျန်အရာများအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုပေါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ထောင်းပါ။ မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချင်းထောင်းပါ။ မိမိနှစ်သက်သည့်အနေအထားအတိုင်း မှုန့်ညက်အောင်ထောင်းလည်းရသကဲ့သို့ ခပ်ကြမ်းကြမ်းထောင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်းရပါသည်။ သို့သော် ဆုံထဲတွင်ကြိတ်ထားသော မဆလာက ပိုအရသာရှိသည်ဟုထင်ရသောကြောင့် မိမိနှစ်သက်ရာနည်းကိုသုံးနိုင်ပါသည်။
အထက်ဖော်ပြပါ အမယ်များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆိုင်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာလုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန်သတိပြုရပါမည်။ မိမိတို့အိမ်တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီးအိမ်လုပ်မဆလာကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကတစ်ခြားသောနည်းလမ်းများရှိပါကဖော်ပြပေးစေချင်တယ်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022