အစိမ်းရောင်လမ်း
ရာသီစာ ဇီးယိုထိုးနည်း

ရာသီစာ ဇီးယိုထိုးနည်း

 

နွေရာသီရောက်လာပြီဆိုတော့ ဇီးသီးတွေလှိုင်လှိုင်ပေါလာပါပြီ။ ဇီးယိုထိုးစားဖို့လည်း စဥ်းစားမိကြမယ်ထင်ပါတယ်နော်။ ဒါကြောင့် ဇီးယိုပြုလုပ်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

ဇီးသီးခြောက် -(၁) ပိဿာ

ထန်းလျှက် - (၅၀- ၈၀) ကျပ်သား

ဆား လက်ဖက်စားဇွန်; -  (၂) ဇွန်း

သို့မဟုတ်

ဇီးသီး - (၅) ပြည်

ထန်းလျှက်  - (၁) ပိဿာခွဲ

မှတ်ချက်။ ။ ဇီးသီးအရသာပေါ်မူတည်၍ ထန်းလျှက်ကို သင့်တော်သလို အသုံးပြုသင့်ပါသည်။

ပြုလုပ်ပုံ

-ထန်းလျှက်ကို ရေနှင့် ညောင်စေးကျအောင် ကျိုပါ။

-ဇီးသီးကို ရေစင်အောင်ဆေးပါ။

-ဇီးသီးကို ရေနှင့် မိနစ် ၂၀ခန့်ပြုတ်ပါ။

-ထို့နောက် ဇီးသီးကိုအနှစ်တိုက်ပြီး ထန်းလျှက်ရည်နှင့်ရော၍ ဆားထည့်ကာ မီးအေးအေးဖြင့်ကျိုပါ။

-မဆလာနှင့်ငရုပ်သီးကို ထည့်လိုပါက မီးပေါ်မှမချမှီ ထည့်ပါ။

-ထို့နောက် အအေးခံကာစားသုံးနိုင်ပါသည်။

နောက်တစ်တနည်းကတော့ ပေါင်မုန့်နဲ့တွဲစားလို့ရတဲ့ ဇီးယိုလုပ်နည်းလေးပါ။

လိုအပ်သောပစ္စည်းများ

ဇီးသီးမှည့်အကြီး - (၃) ပိဿာ

သကြား အဖြူ - (၁) ပိဿာ

မှတ်ချက်။ ။ ဇီးသီးအရသာပေါ်မူတည်၍ သကြားကိုသင့်တော်သလို အသုံးပြုသင့်ပါသည်။

ပြုလုပ်ပုံ

အဆင့် (၁)

ဇီးသီးကိုထက်ခြမ်းခွဲပြီး အစေ့ထုတ်ပါ။ ထိုနောက် ဇလုံထဲတွင် သကြားနှင့်ရောထည့်ပြီး သမအောင်မွှေကာ တစ်နာရီခန့်ထားပါ။

အဆင့် (၂)

ဇလုံထဲရှိ ဇီးသီးများကို အိုးထဲသို့ပြောင်းထည့်ပြီး မီးအေးဖြင့် တည်ပါ။ မကပ်စေရန် မကြာခဏမွှေပေးပါ။ ဆူပွက်လာပါက ၁၀မိနစ်ခန့်ထားရှိပြီး မီးဖိုမှ ချပါ။ ထို့နောက် အခန်းအပူချိန်တွင် အအေးခံပါ။( အိုးထဲတွင်ထား၍ အအေးခံပါ။)

အဆင့် (၃)

အေးသွားပါက အဆင့် ()အတိုင်း ()ကြိမ်ပြုလုပ်ပေးပါ။ ()ကြိမ်မြောက်ပြုလုပ်ရာတွင် ယခင်ကထက် မီးအေးအေးဖြင့် အချိန်ပိုကြာကြာတည်ပြီး အအေးမခံတော့ဘဲ ပုလင်းထဲသို့ တိုက်ရိုက်ထည့်ပါ။ ထို့နောက်ရေခဲသတ္တာတွင် အအေးခံပြီး စားသုံးနိုင်ပါသည်။ ပုလင်းထဲသို့ ဇီးယိုမထည့်မီ ပုလင်းကို ရေနွေးဖြင့်ဆေး၍ အခြောက်ခံထားပါ။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

https://natashaskitchen.com/plum-jam-recipe-no-peel-no-pectin/

 (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ

ဦးဝင်းဇော် • ဖြေကြားချက် 1 ခု

သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။

ဦးလာလ်နောန် • ဖြေကြားချက် 1 ခု

ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့

sansansoe • ဖြေကြားချက် 3 ခု

ဝဥ

Win Naing • ဖြေကြားချက် 0 ခု

မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ

SawYanNaing • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....