ဆေးဘဲဥကို ဝယ်စားတုန်းလား? ကိုယ်တိုင်လုပ်ကြည့်ကြမယ်
ဆေးဘဲဥ ခေါ် ဖီတန်ကို လူတိုင်းကြားဖူးမှာပါ။ ဆေးဘဲဥက အမျိုးသမီးတွေအတွက်လည်း ကျန်းမာရေးအရ စားပေးသင့်ပါတယ်။ ဒါကြောင့် ဆေးဘဲဥလုပ်နည်းလေးကို တင်ပြလိုက်ပါတယ်။
ဦးစွာ ဆော်ဒါမှုန့်ကို မီးဖိုပေါ် ငါးမိနစ်ခန့် အဆက်မပြတ်လှော်ပေးရန်လိုပါသည်။ သို့မှသာ ဆော်ဒါမှ ဆော်ဒါအက်ရှ်ဖြစ်မည်ဖြစ်ပါသည်။ အချို့ကလည်း ဆော်ဒါမှုန့်ကိုမလှော်ဘဲသုံးပါသည်။
(၁) ဘဲဥ ၅ လုံး ခန့်
(၂) ပြာ နို့ဆီဘူးတစ်ဘူး (ဖွဲပြာ၊ မီးဖိုပြာ)
(၃) မဖောက်ထုံးမှုန့် နို့ဆီဘူးတစ်ဘူး
(၄) မှုန့်ဖုတ်ဆော်ဒါမှုန့် သို့ ဆော်ဒါအက်ရှ်(soda ash)အနည်းငယ်
(၅) ဆား အနည်းငယ်
(၆) လက်ဖက်ခြောက်လက်တစ်ဆုပ်
ဘဲဥများကို ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ထားပါ။ အနှစ်ပြုလုပ်ရန် ထုံးမှုန့်၊ ပြာ၊ ဆော်ဒါအက်ရှ်၊ ဆားနှင့် လက်ဖက်ခြောက်ကို ရေနွေးပူပူတွင် ကျအောင်စိမ်ပြီး အအေးခံထားသောရေတို့ကို ဇလုံတစ်ခုတွင်နယ်ပါ။ လက်ဖက်ခြောက်ရေပမာဏထည့်ရာတွင် မများစေရန်သတိပြုပါ။ ရေများလျှင် အနှစ်များ ဥတွင်မကပ်နိုင်ပါ။ ထို့နောက် ဘဲဥများကို အနှစ်ထဲတွင်စိမ်ပြီး ဥတစ်လုံးချင်းကို အနှစ်များဖြင့် ဘိလပ်မြေကိုင်သကဲ့သို့ လုံအောင်မံပေးပါ။ ပြီးနောက် ဥများကို အိတ်အမဲထဲတွင် လေလုံအောင် သေချာထုတ်ပိုးပြီး အေးမြပြီး နေရောင်မထိသောနေရာတွင်ရောမရွေ့စေဘဲ နှစ်ပတ်သိမ်းပါ။ နှစ်ပတ်ကြာလျှင်အိတ်မှထုတ်ကာ ခဲနေသောအနှစ်များကိုဇွန်းဖြင့်ရိုက်ခွာကာ ဆေးဘဲဥကို နှစ်သက်သလိုစားနိုင်ပါပြီ။ မိမိသုံးသော ပြာပေါ်မူတည်ကာ ဘဲဥအရောင်မှာ အဝါရောင်မှ အမဲရောင်အထိရှိနိုင်ပါသည်။
လုပ်ရလွယ်ကူပြီး အိမ်တွင်ကိုယ်တိုင်လုပ်နိုင်သော ဆေးဘဲဥကို ကိုယ်တိုင်လုပ်နိုင်ရန်ရည်ရွယ်၍ရေးသားလိုက်ရပါသည်။
မောင်ကျော်မျိုးအောင်
လွန်ခဲ့သော ၂ နှစ် ကရှာနေတာကြာပေါ့ခုမသိတယ်
ဌေးအောင်
လွန်ခဲ့သော ၃ နှစ် ကစား😁😁
Daw Phyu. phyu Hnin
လွန်ခဲ့သော ၄ နှစ် ကစားချင်တာအေ
aung myint
လွန်ခဲ့သော ၄ နှစ် ကငုံးဥ ရော ရလား
rose
လွန်ခဲ့သော ၄ နှစ် ကကြက်ဥ နဲ့ကောရပါသလား
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022