သရက်သီးမှည့်ခြောက်ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ
မြန်မာနိုင်ငံတွင် သရက်ပင်သည် နိုင်ငံ၏ဒေသတိုင်းတွင်ပေါက်သောအပင်ဖြစ်ကာ သရက်သီးကို မြန်မာလူမျိုးများသည် အစိမ်းအနေနှင့်သော်လည်းကောင်း အမှည့်အနေနှင့်လည်းကောင်း ယိုများလုပ်၍လည်းကောင်း စားကြပါသည်။ ယခုချိန်ခါသည် သရက်သီးမှည့်များလှိုင်လှိုင်ပေါသော အခါဖြစ်၍ သရက်သီးမှည့်များကို စျေးကွက်တွင်တွေ့ရပါသည်။ သရက်စိုက်တောင်သူများပြားကာ စျေးကွက်အနေထားအရ ယှဥ်ပြိုင်ရသော ဒေသများတွင် တောင်သူများအနေဖြင့် မိမိတို့သရက်သီးမှည့်များကို စျေးကွက်တွင် ရောင်းမကုန်ဘဲ လေလွင့်သွားနိုင်သော အနေထားမဖြစ်စေရန် မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချမှုနည်းသော သရက်သီးမှည့်ခြောက်ပြုလုပ်ကာ preserved food အနေဖြင့် ထုတ်လုပ်နိုင်ပါသည်။
သရက်သီးမှည့်ခြောက်ပြုလုပ်ရန် သရက်သီးအမှည့်သည် ရောင်းတမ်းအတွက်ပိုလျှံသော အသီးဖြစ်စေ ရောင်းတမ်းအတွက်မလှသော အသီးဖြစ်စေ လူကြိုက်နည်းသော ရင်ကွဲသရက်ကဲ့သို့ အသီးများဖြစ်စေ အသုံးပြုနိုင်ပါသည်။ ရှေးဦးစွာ သရက်သီးမှည့်များအား အလုံးလိုက်ရေဆေးကာ အခွံခွာပြီး အစိတ်များစိတ်ထားရပါမည်။ ထို့နောက် သရက်သီးပမာဏနှင့်သင့်သော ဆားရေကို ငါးမိနစ်ခန့်စိမ်ပြီးရေစစ်ထားရပါမည်။ ပြီးလျှင် ဇကာများပေါ်တွင် သရက်သီးစိတ်များ တစ်ခုနှင့်တစ်ခုထပ်မနေစေဘဲ အစီအရီစီပြီး နေရောင်တွင်လှန်းရပါမည်။ နေပူပူတွင် နှစ်ရက်ခွဲမှ လေးရက်ထိ နှစ်ဖက်လှန်ပေးရန်လိုပါသည်။ အစိုဓာတ်မရှိသော နေရောင်ပြင်းပြင်းဖြစ်ရန်လိုပါသည်။
သတိပြုရန်မှာ သရက်ပြားများ ကောင်းစွာမခြောက်သေးချိန်တွင် လှန်းမိပါက ကပ်ကာ ပျက်စီးတတ်၍ သတိပြုရပါမည်။ ခြောက်လျှင် ဘူးလှလှလေးများတွင်စနစ်တကျထုပ်ပိုး၍ ကြိုးကလေးများဖြင့်စည်းကာ ရောင်းချနိုင်ပါသည်။ အရသာမှာ မာလည်းမမာလွန်းဘဲ တင်းတင်းလေးနှင့် ချိုချိုလေးဖြစ်သောကြောင့် ဘူးလေးဖွင့်ကာ အချိန်မရွေးစားနိုင်ပါသည်။ ဤသည်မှာ တစ်နိုင်တစ်ပိုင် သရက်သီးမှည့်ခြောက်ထုတ်ခြင်းဖြစ်၍ နေရောင်ဖြင့်သာ အခြောက်ခံခြင်းဖြစ်ပါသည်။ စက်ရုံလိုက်ထုတ်သော အကြီးစားစက်မှုလုပ်ငန်းများတွင်မူ အခြောက်ခံစက်ဖြင့်ခြောက်ကာ ထုတ်ကြပါသည်။ အခြောက်ခံစက်ဖြင့်မူ အပူချိန် 135 ဒီဂရီတွင် ဆယ့်နှစ်နာရီ ကြာအောင် အခြောက်ခံရပါမည်။
သရက်သီးအမှည့်ခြောက်တွင် ဗိုက်တာမင် A နှင့် B complex တို့ပါဝင်ပါသည်။ ဗိုက်တာမင် A သည် မျက်စိအားကောင်းစေခြင်း ခံတွင်းဆိုင်ရာ အမြှေးပါးများတွက် အထောက်ကူပြုခြင်း ကြွက်သားနာကျင်ခြင်းကို သက်သာစေခြင်းများအပြင် B complex သည် စိတ်ဖိစီးမှုပြေလျော့စေခြင်း သွေးဆဲလ်များကို ထုတ်လုပ်ပေးခြင်း စသောအကျိုးများရှိသောကြောင့် တောင်သူများအနေဖြင့် သရက်သီးမှည့်ခြောက်ထုတ်လုပ်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာနိုင်ပါသည်။ ထို့ပြင် ပိုလျှံသော သရက်သီးမှည့်များနှင့် လူကြိုက်နည်းသည့်သရက်သီးများကိုလည်း အလေအလွင့်မဖြစ်စေဘဲ ဆန်းသစ်သော မြန်မာ့စားစရာတစ်မျိုးကို တီထွင်ကြံဆကာ ရောင်းချနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
ကိုးကား - https://m.youtube.com/watch?v=4PNEijGJFl4
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022