အရသာကောင်းတဲ့ ဆန်ချိုအေး
ရှမ်းပြည်ကဒေသအစားအစာတစ်ခုဖြစ်ပြီး ဆန်ချိုအေးလို့ ခေါ်ကြပါတယ်။
အယ်ကိုဟော (alcohol) ဓာတ်အရမ်းမပါဘဲ ဖျော်ရည်တစ်ခုအနေနဲ့ သောက်လို့ကောင်းတဲ့ ဆန်ချိုအေးကို ရှမ်းပြည်ဘက်တွေမှာတော့ လုပ်ရောင်းကြပါတယ်။ ကျွန်မလည်း အိမ်မှာ အန်တီလုပ်ထားတာကို သောက်ရတာနဲ့ လုပ်နည်းလေးတွေကို ပြန်လည်မျှဝေချင်တာနဲ့ပဲ ရေးသားလိုက်ရပါတယ်။
လုပ်နည်းလေးကတော့ တကယ်ကိုမခက်ပါဘူးနော်…
ပါဝင်ပစ္စည်းတွေ အနေနဲ့-
- ကောက်ညင်းဆန် (၂)ဗူး
- တဆေး
- ရေ
ကောက်ညင်းကို တစ်ညရေစိမ်ပြီး ခပ်တင်းတင်းအနေအထားရအောင်ချက်ပါ။ ကောက်ညင်းဆန်လုံးရှည်ရှည်လေးတွေကိုသုံးပါ။ ဒါမှဆန်လုံးလှမှာပါ။ ထမင်းပေါင်းအိုးနဲ့ချက်ရင်ရပါတယ်။ ကောက်ညင်းပေါင်းကိုဝယ်ပြီး လုပ်လို့လည်းရပါတယ်။ နောက်ပြီး အအေးခံပါ။
အအေးခံပြီးပြီဆိုရင်တော့ တဆေးလုံးကို ချေပြီး ကောက်ညင်းနှင့်ရောနယ်ပေးပါ။ တဆေးများကြေသည်အထိရောမွှေပေးရန်လိုအပ်ပါတယ်။ နောက် ရေ (၅) လီတာနှင့် ရောကာ ရေသန့်ဗူးထဲသို့ ထည့်ပြီး အလုံပိတ်ထားပါ။ ရေသန့်ဗူးကိုတော့သန့်သန့်လေးထားပြီး ဆီကင်းနေရပါမယ်နော်။
ရှမ်းပြည်ဘက်မှာဆိုရင်တော့ ၃ ရက်လောက်ထားပါတယ်။ ပူတဲ့ဒေသမှာဆိုရင်တော့ တစ်ရက်ခွဲလောက်ထားပါ။ ဖောက်ထားတဲ့ ကောက်ညင်းဖတ်လေးတွေ ရေပေါ်ပေါ်လာပြီဆိုရင် အသင့်အနေအထားတိုင်းရပါပြီ။
ဒါဆိုရင်တော့ ဖောက်ပြီးသားဆန်ချိုကို သကြား၊ သံပုရာ၊ ရေခဲတို့ထည့်ပြီး မိမိကြိုက်နှစ်သက်ရာအချိုးအတိုင်း အရသာကောင်းမွန်စွာသောက်သုံးနိုင်ပါပြီ။


သုံးလို့ရတဲ့ တဆေးပါ။ ဝယ်မယ်ဆိုရင်တော့ အခဲရတာများပါတယ်။ အခဲဆိုရင်တော့ (၁) တုံးနှုန်းထည့်ပါ။ အမှုန့်ဆိုရင် စားပွဲတင်ဇွန်း(၁) ဇွန်းနှုန်းနဲ့ပါ။
ကျော့နန္ဒာစိုး
Photo Source- Google
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
မျိုးမြတ်သူ
လွန်ခဲ့သော ၄ နှစ် ကဆန်အဖြူလား ငချိတ်လား
win than
လွန်ခဲ့သော ၅ နှစ် ကတစေးကဘယ်မှာဝယ်ရမလဲဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကျော့နန္ဒာစိုး
အားလုံး