အစိမ်းရောင်လမ်း
ပြည်တွင်း ဖားဈေးကွက် အရောင်းသမားများပြီး ဝယ်လက်နည်းပါးနေ

ပြည်တွင်း ဖားဈေးကွက် အရောင်းသမားများပြီး ဝယ်လက်နည်းပါးနေ

      ပြည်တွင်းရှိ ဖားသား (အစို) ဈေးကွက်တွင် အရောင်းသမားများပြားပြီး ဝယ်လက်နည်းပါးနေကြောင်း ဖားဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ကိုဗစ်ကာလက မပြီးနိုင်သေးတော့ စားသောက်ဆိုင်တွေက မဖွင့်၊ စားသောက်ဆိုင်တွေက မဖွင့်တော့  ဖားအဝယ်မရှိလို့ မရောင်းရကြပါဘူး။ ဖားဈေးက လက်လီလောက် ရောင်းချရသူသာ အဆင်ပြေဈေးလေးရနေတာ။ သားပေါက်ဝယ်ပြီး အများကြီးမွေးထားသူတွေ ရှုံးနေပါတယ်။ ဈေးကွက်မရ၊ အဝယ်သမား နည်းနေတာကြောင့်ပါ၊၊

ဟု ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ၊ ဖားမွေးမြူရေးနှင့်သင်တန်းမှ ဦးမိုးရဲဝင်း(ဆယ်လမွန်) က ပြောသည်။

      ဈေးကွက်ဝယ်လိုအားနည်းပါးနေသည့်အတွက် မွေးမြူသူများမှ ဆက်လက်ကျွေးမွေးမွေးမြူထားရသဖြင့် ဈေးကွက်အတွင်း ဖားအကောင်ကြီးသားများ ရောင်းချလာသည်ကို တွေ့ရှိရသည်။

ဝယ်လက်နည်းနေတော့လည်း မွေးထားတဲ့ဖားတွေကို အစာကျွေးပြီး ဆက်မွေးထားကြရတာပေါ့။ ဒါ့ကြောင့် အခုတလောဆို ဈေးကွက်ထဲ ဖားကြီးသား ရောင်းချသူတွေ များလာတာပါ။ ဟင်းစားအရွယ်အစား ၁၅,၁၈,၂၀,၂၅,၃၀ ကျပ်သား  စတဲ့ ဖားတွေပေါ့

ဟု ၎င်းက ဆက်လက်ပြောသည်။

      လက်ရှိတွင် ရန်ကုန်မြို့ရှိဈေးများအတွင်း၌ ဖားသား(အစို) တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်မှ (၁၀,၀၀၀)ကျပ်အတွင်း ဈေးနှုန်းများဖြင့် လက်လီရောင်းချနေသည်။


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....