မြန်မာ့ဆီး(ဇီး)ပျားရည်ကို ဂျပန်နိုင်ငံဈေးကွက်မှ လိုလားနှစ်သက်မှုရှိ
မြန်မာ့ဆီး(ဇီး)ပျားရည်ကို ဂျပန်နိုင်ငံဈေးကွက်မှ လိုလားနှစ်သက်မှုရှိနေကြောင်း သဘာဝပျားရည်ရောင်းဝယ်ရေး လုပ်ငန်းများမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် တောဆီး(ဇီး)ပျားရည်ကို နမူနာပေးပို့ပြီးနောက် ဂျပန်နိုင်ငံမှ နှစ်သက်သဖြင့် ရန်ကုန်အခြေစိုက် NRD Co.Ltd ကုမ္ပဏီမှတဆင့် ၂၀၂၀ ခုနှစ်၊ ဧပြီ(၂၀)ရက်က ပျားရည် မက်ထရစ်တန်(၂)တန် ဂျပန်သို့ တင်ပို့ခဲ့သည်။
ကျွန်တော်တို့ဆီက မြန်မာ့ဆီး(ဇီး)ပျားရည်ကို ပါကင်ထုတ်ပိုးပြီး ကုမ္ပဏီကိုပေးရတယ်။ ကုမ္ပဏီကနေပြီး ဂျပန်ကိုတင်ပို့ပါတယ်။ တောဆီး(ဇီး) ပျားရည်နမူနာကို ဂျပန်ကို အရင်ပို့ကြည့်တော့ ဂျပန်နိုင်ငံဘက်က ကြိုက်တယ်ဆိုပြီး မှာယူခဲ့တာပါ။ မြန်မာ့အကောင်းဆုံးပျားရည်အမျိုးအစားထဲမှာ ဆီး(ဇီး) ပျားရည်က ပါဝင်ပါတယ်။ နေကြာပျားရည်ကျတော့ အေးခဲလွယ်တယ်။ သကြားပါဝင်မှုနှုန်း များတယ်။ ဆီး(ဇီး) ပျားရည်ကျတော့ အချဉ်ဓာတ်ကလေးရော အချိုဓာတ်ရော ပါတယ်။ မအေးခဲလွယ်ဘူး။ ဆီး(ဇီး) ပျားရည်ရဲ့ အဲ့ဒီအချက်လေးတွေကို ဂျပန်က သဘောကျသွားတာပါ။
ဟု ပျားသုံးဖော် သဘာဝပျားရည်ရောင်းဝယ်ရေးလုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင် က ပြောသည်။

ပြည်တွင်း ပြည်ပရှိ Export လမ်းကြောင်းများ ပြန်လည်လည်ပတ်ပါက ပျားရည်ထပ်မံမှာယူမှုများ ရှိလာနိုင်ကြောင်းသိရသည်။
၂၀၂၀ ခုနှစ် ဘက်ဂျတ်ကာလအတွင်းမှာတော့ ကျွန်တော်တို့ ပထမဆုံးတင်ပို့နိုင်ခဲ့တာပါ။ အခုက Export လမ်းကြောင်းတွေ သိပ်မလည်ပတ်နိုင်သေးလို့ ခဏရပ်ထားတာပါ။ လမ်းကြောင်းတွေ ပြန်ပွင့်တာနဲ့ ပျားရည်ထပ်ပြီးမှာယူဖို့ အလားအလာတွေလည်း ရှိပါတယ်။
ဟု ဦးမြင့်နိုင် က ဆက်လက်ပြောသည်။
အဆိုပါ တင်ပို့သည့်ပျားရည်မှာ အရည်အသွေးမြင့် ဥရောပပျားမျိုးကို ပြည်တွင်း၌ မွေးမြူ၍ စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ထုတ်လုပ်ထားသည့် ဆီး(ဇီး)ပျားရည် အမျိုးအစားဖြစ်ကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022