အစိမ်းရောင်လမ်း
ကြက်ဆင်အသားဈေးကွက် နည်းပါးသော်လည်း အလှမွေးဈေးကွက် ပုံမှန်လည်ပတ်နေ

ကြက်ဆင်အသားဈေးကွက် နည်းပါးသော်လည်း အလှမွေးဈေးကွက် ပုံမှန်လည်ပတ်နေ

    ကြက်ဆင်အသားဈေးကွက် နည်းပါးသော်လည်း အလှမွေးဈေးကွက် ပုံမှန်လည်ပတ်နေကြောင်း ကြက်ဆင်မွေးမြူရောင်းချသူများထံမှ သိရသည်။

    မြန်မာနိုင်ငံတွင် ကြက်ဆင်သား/ကြက်ဆင်ဥကိုစားသုံးသည့်ဓလေ့ အလွန်ရှားပါးပြီး၊ ကျေးဇူးတော်နေ့နှင့် ခရစ္စမတ်နေ့ စသည့်နေ့ထူးနေ့မြတ်တချို့တွင်သာ စားသုံးလေ့ရှိကြသည့်အတွက် အသားဈေးကွက်မှာ အားနည်းနေသေးခြင်း ဖြစ်သည်။

ကြက်ဆင် အသားဈေးကွက်ကတော့ သိပ်မကောင်းဘူး။ ပွဲတော်ရက်တွေလောက်ပဲ ရောင်းရတယ်။ အလှမွေးဈေးကွက်ကတော့ သူ့ဟာလေးနဲ့သူ ရောင်းနေရပါတယ်။ သားပေါက်လေးတွေကို အလှမွေးဖို့ ဝယ်ကြတာများတယ်။ အမ လေးငါးကောင်နဲ့ အထီးတစ်ကောင်နဲ့ ထားပြီးတော့ သားပေါက်လေးတွေပေါက်တဲ့အခါ အလှမွေးချင်သူတွေကို ပြန်ရောင်းချကြတယ်။ မွေးမြူရတာ လွယ်ကူပြီး တွက်ခြေကိုက်ပါတယ်။ ကျွေးတာက စီပီအစာ (မွေးမြူရေးအစာ)နဲ့ အစာကြမ်း ကျွေးတယ်။ ကြက်ဆင်က နေဗီယာမြက်လည်း တအားကြိုက်တယ်။ ခြင်မကိုက်အောင် ဇာလေးတွေ ကာပေးထားတာတို့ဘာတို့ လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။

ဟု နေပြည်တော်မှ ကြက်ဆင်သားပေါက် မွေးမြူရောင်းချသူ ကိုမောင်က ပြောသည်။

    တစ်လသားအရွယ် ကြက်ဆင်သားပေါက်တစ်ကောင်လျှင် (၆၅၀၀)၊ (၇၀၀၀)ကျပ်၊ (၂)လသားအရွယ် ကြက်ဆင်သားပေါက် တစ်ကောင်လျှင် ကျပ် (၁၀၀၀၀) ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

ကြက်ဆင်က နှစ်လသားလောက်အရွယ်မှာဆိုရင် အထီးအမက မကွဲသေးဘူး။ သုံးလကျော်ပြီဆို အထီးအမကွဲတယ်။ အလှမွေးကို ဦးစားပေးရောင်းချတဲ့အခါ ကြက်ဆင်ရဲ့အရောင်ပေါ်မူတည်ပြီး ဈေးကကွာသွားတယ်။ အညိုရောင် (ချောကလက်ရောင်) ဆိုရင် အခုတလောမှာ ဈေးကောင်းရနေတယ်။ အလှမွေးတဲ့သူတွေက ဒီအညိုရောင်ကြက်ဆင်ကို လှလို့ သဘောကျကြတယ်။ ကျန်တဲ့ အဖြူတို့ အမဲတို့ကတော့ ဈေးသိပ်မကွာဘူး။ ပုံမှန်ဈေးလောက်ပါပဲ။ အပြာရောင် တစ်မျိုးဆိုရင် တအားဈေးမြင့်တယ်၊ ရှားပါးတယ်၊ ကျွန်တော့်ခြံမှာတောင် မရှိသေးဘူး။ အလှမွေးတဲ့အရွယ်မဟုတ်တော့ဘဲ အသားဈေးကွက်အတွက််ဆိုရင်တော့ ကောင်ပြတ်ကို အလေးချိန်နဲ့ချိန်ရောင်းကြပါတယ်။

ဟု ကိုမောင်က ဆက်လက်ပြောသည်။

    ကြက်ဆင်အမများသည် သက်တမ်း (၈) လဝန်းကျင်တွင် ဥစတင်ဥကြပြီး၊ အသားဈေးကွက်သွင်းမည်ဆိုပါကလည်း ထိုသက်တမ်းအရွယ်တွင် စတင်သွင်းနိုင်ကြောင်း သိရသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....