Covid-19 ကာလအတွင်း အတွေ့အကြုံရှိ ဆိတ်မွေးမြူရေးလုပ်ငန်းများ ဈေးကွက်ထိခိုက်မှု အထိုက်အလျောက်ခံသာ
Covid-19 ကာလအတွင်း အတွေ့အကြုံရှိ ဆိတ်မွေးမြူရေးလုပ်ငန်းများမှာ ကြိုတင်ပြင်ဆင်မှုများရှိသည့်အတွက် ဈေးကွက်ထိခိုက်မှုဒဏ်ကို အထိုက်အလျောက်ခံသာသော်လည်း အတွေ့အကြုံပိုင်းအားနည်းသေးသည့် ခြံငယ်များမှာမူ အခက်အခဲများစွာကြုံတွေ့ရနိုင်ကြောင်း သိရသည်။
ဒီလို ကိုဗစ်ရောဂါကျရောက်တဲ့ အခြေအနေမျိုးကလည်း ဘယ်သူမှမဖြစ်ဖူးဘူးလေ။ ဒီကာလမှာ မွေးမြူရေးတောင်သူအနေနဲ့ ပြောရရင် တော်တော်ရုန်းကန်ရတာပေါ့နော်။ ကျွန်တော်တို့လို အတွေ့အကြုံရှိတဲ့ (ကိုဗစ်မဖြစ်ဖူးပေမယ့် ဈေးကွက်ကျဆင်းတဲ့ အချိန်မျိုးလည်း ကြုံခဲ့ဖူးတယ်) မရောင်းရတဲ့အချိန်တွေကျရင် ဘယ်လိုဖြတ်သန်းမလဲ ကြိုတင်အစီအစဉ်တွေ ဆွဲထားတာရှိတာပေါ့။ အဲ့ဒီတော့ အထိုက်အလျောက် ခံသာနေတာပေါ့။ တခြားခြံတွေကျတော့ မသက်သာလောက်ဘူး။ အလုပ်သမားစရိတ်၊ စားစရိတ် စတာတွေကို အဆင်ပြေအောင် ခြံရှင်တွေကပဲ စီစဉ်ပေးနေရတာကြောင့် အခက်အခဲတွေ များစွာရှိနေနိုင်ပါတယ်။
ဟု မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဌ ဦးထက်သူအောင်က ပြောသည်။
Covid-19 ကာလမတိုင်ခင်က ပြည်တွင်းရှိ ဆိတ်အရှင် မွေးမြူတင်ပို့မှုများကို နယ်စပ်လမ်းကြောင်းများမှတဆင့် အိမ်နီးချင်းနိုင်ငံတချို့သို့ တင်ပို့ရောင်းချခဲ့ကြသည်။
လက်ရှိဈေးကွက်တွင် ဆိတ်အကောင်လုံး ချိန်ဆရောင်းချသည့် (ရှင်ချိန်) လက်ကားဈေးနှုန်း အနေဖြင့် အလေးချိန် တစ်ပေါင်လျှင် အရည်အသွေးပေါ်မူတည်ပြီး (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ် ကြား ဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။
ဈေးကွက်က ကိုဗစ်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲ။ လောလောဆယ် ရပ်နေတာပေါ့။ ပြည်တွင်းဈေးကွက်ကလည်း အရောင်းမသွက် ပုံမှန်လေးပဲ သွားနေတယ်။ ဆိုင်တွေက ပါဆယ်စနစ်ဖြစ်သွားတော့ အရောင်းအဝယ်တွေက ကျတာပေါ့နော်။ ဈေးကွက်က ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတာပေါ့။ ဈေးကွက်ပျက်တဲ့ အနေအထားမှာကိုရှိတယ်။ ပြည်တွင်းမှာက အသားဈေးကွက်ပဲရှိတာ။ ကျန်တဲ့ဈေးကွက်က နည်းတယ်။ ကိုဗစ်မတိုင်ခင်ကတော့ တရုတ်ကို တင်ပို့တယ်၊ မြဝတီတင်တယ် စသည်ဖြင့် ရန်ကုန်လည်းပို့တယ်။ အခုကျတော့ ပြည်တွင်းဈေးကွက်ပဲ ရှိတယ်။ ကုန်ကပေါနေတော့ ရန်ကုန်ကလူကလည်း အရင်ကလို မန္တလေးအထိ လာစရာမလိုတော့ဘူး။ သူတို့ဆိုင်တွေလည်း တစ်နိုင်တပိုင် နည်းနည်းလေးရောင်းရတော့ အရင်တုန်းကလို အများကြီးမလိုတော့ဘူးလေ။ အဲ့ဒိတော့ နီးစပ်ရာ ပဲခူးတို့ တောင်ငူတို့ကနေပဲ ဝယ်တော့တာပေါ့။ ကျွန်တော်တို့ မန္တလေးဘက်ကတော့ အနီးအနား မိုင်နှစ်ဆယ်၊ မိုင်အစိတ်လောက်ပဲကွာဝေးတဲ့ ဈေးကွက်လေးတွေကိုပဲ ရောင်းနေရတော့တာပေါ့။
ဟု ဦးထက်သူအောင်က ဆက်လက်ပြောသည်။
ဆိတ်မွေးမြူလုပ်ငန်းများကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း စသည်တို့တွင် လုပ်ကိုင်နေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက်မွေးမြူမှုများ ရှိနေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022