အစိမ်းရောင်လမ်း
Covid-19 ကာလဖြစ်သော်လည်း ပြည်တွင်းပျားရည်ဈေးကွက် ကောင်းမွန်နေဆဲဖြစ်

Covid-19 ကာလဖြစ်သော်လည်း ပြည်တွင်းပျားရည်ဈေးကွက် ကောင်းမွန်နေဆဲဖြစ်

    Covid-19 ကာလဖြစ်သော်လည်း ပြည်တွင်းပျားရည်ဈေးကွက် ကောင်းမွန်နေဆဲဖြစ်ကြောင်း ပျားမွေးမြူရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ပြည်တွင်းဈေးကွက်က ကောင်းပါတယ်။ ဈေးကွက်မကျပါဘူး။ ဒေသအသီးသီးက မွေးမြူထုတ်လုပ်တဲ့ ပျားရည်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကထားပြီး တင်ပို့နေပါတယ်။ ပြည်ပတင်ပို့မှုတွေကိုတော့ ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတွေကနေပြီး တင်ပို့ကြတာပေါ့။

ဟု ပျားသုံးဖော် သဘာဝပျားရည်ရောင်းဝယ်ရေး လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင် က ပြောသည်။ 

    မြန်မာနိုင်ငံတွင် မိုးရေချိန်များသည့်ဒေသများမှအပ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်အနီးတစ်ဝိုက်ဒေသများ၌ ပျားမွေးမြူရေး လုပ်ကိုင်လျက်ရှိပြီး ထွက်ရှိသည့် ပျားရည်နှင့် ပျားဖယောင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်မှတ်သည့် အခွန်ကင်းလွတ်ကုန်စည်ဖြစ်သဖြင့် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်သည့် ကုန်စည်တစ်ခု ဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ ဆီး(ဇီး) ပျားရည် တစ်ပိဿာကို (၃၀၀၀) ကျပ်ကနေ (၄၅၀၀) ကျပ်အတွင်း ဈေးနှုန်းတွေနဲ့ ရောင်းချနေကြပါတယ်။ ဈေးနှုန်းအနည်းအများကတော့ ပျားရည်ရဲ့ အရည်အသွေးအပေါ် မူတည်ပါတယ်။

ဟု ဦးမြင့်နိုင် က ဆိုသည်။

    မြန်မာ့ပျားရည်ကို ပြည်ပသို့ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်အောက်ခံဌာနခွဲတစ်ခုဖြစ်သည့် ပျားလုပ်ငန်းဌာနမှ အဓိကလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ပျားရည်အရည်အသွေးမြှင့်တင်ရေး၊ ထွက်ရှိတင်ပို့သည့် ပျားရည်တန်ချိန် မြင့်မားစေရေး၊ ပျားရည်ထုတ်လုပ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ခိုင်မာစေရေး စသည့်လိုအပ်ချက်များအတွက် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....