ကြက်မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလိုအပ်
ပြည်တွင်းရှိ ကြက်မွေးမြူထုတ်လုပ်ရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့၏ ပံ့ပိုးကူညီမှုများကို လိုအပ်နေကြောင်း သိရသည်။
အခုလို ကြက်သားဈေးနှုန်းတွေကျဆင်းချိန်မှာ အေးခဲထားနိုင်မယ်ဆိုရင် မလေလွင့်တော့ဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်ပတင်သွင်းမယ့်အစား၊ ပြည်တွင်းမှာ မွေးမြူထုတ်လုပ်တဲ့ ကြက်သားတွေကို ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်ဖို့အတွက် အအေးခန်းစက်ရုံတွေ တည်ဆောက်ပေးတာမျိုး၊ ခေတ်မီစက်ကိရိယာနဲ့ နည်းပညာတွေ ပံ့ပိုးပေးတာမျိုး၊ လိုအပ်တာလေးတွေ ကူညီပေးစေချင်တယ်။ အအေးခန်းဆိုတာ ကြက်သားမှမဟုတ်ဘူး၊ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ တခြားအသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေအတွက်လည်း ဘက်စုံအသုံးဝင်ပါတယ်။
ဟု မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ ဥက္ကဌ ဒေါက်တာကျော်ဝင်းက ပြောသည်။
COVID ဒုတိယလှိုင်းကာလအတွင်း အသားတိုးကြက်သား ခြံဖမ်းဈေး (လက်ကားဈေး) များ သိသိသာသာကျဆင်းသွားခဲ့ပြီး၊ ပြည်တွင်း၌ အအေးခန်းစက်ရုံများ လုံလုံလောက်လောက်ရှိပါက ပိုလျှံကြက်သားများကို အေးခဲထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
အသားတိုးကြက်သားဈေးကျတဲ့အခါ မွေးမြူသူတွေမှာ ကောင်ရေတစ်ထောင်ကို ငွေဆယ့်ငါးသိန်းလောက်အထိ အရှုံးပေါ်ပါတယ်။ အသားတိုးကြက် မွေးမြူထုတ်လုပ်ရေးမှာ အဓိကလိုအပ်နေတာတစ်ခုက Demand နဲ့ Supply (ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝယ်လိုအား) ကို ထိန်းညှိပေးနိုင်ဖို့ပါ။ ဒီစနစ်က ပြည်တွင်းကကြက်မွေးမြူရေးကဏ္ဍ စနစ်တကျတိုးတက်ဖို့နဲ့ ကြက်မွေးမြူသူတွေကို ပံ့ပိုးကူညီရာရောက်တဲ့ အမြန်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ပေးသင့်ပါတယ်။
ဟု ဒေါက်တာကျော်ဝင်းက ဆက်လက်ပြောသည်။
ပြည်တွင်းရှိ ကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ကြက်သားစားသုံးသူများ၊ လက်လီရောင်းချနေသည့် ဈေးသည်များ၊ ကြက်ဒိုင်ကြီးများ၊ စီးပွားဖြစ် (သို့မဟုတ်) တစ်နိုင်တပိုင် ကြက်မွေးမြူရေးလုပ်ကိုင်သည့် ကြက်ခြံများ၊ ကြက်မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် အစာထုပ်လုပ်မှုကွင်းဆက်၊ ကြက်သားဈေးကွက်ရှိ နေ့စဉ်ခြံဖမ်းဈေးနှုန်း သတ်မှတ်ချက်များ၊ ကြက်ပေါက်ထုတ်လုပ်မှုနှင့် တင်သွင်းမှု၊ ပြည်ပမှ အေးခဲကြက်သားတင်သွင်းမှု စသည်ဖြင့် အခြေအနေအရပ်ရပ်တို့ကိုလည်း နိုင်ငံတော်အစိုးရအပါအဝင်၊ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့မှ စနစ်တကျသုတေသနများပြုလုပ်၍ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦမန်းလှယ်ထန်း
လွန်ခဲ့သော ၅ နှစ် ကလက်ရှိအစိုးရက စီးပွားရေးလုပ်ငန်းမှာ အရမ်းညံလို့ပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022