ပျားကောင်ရေတိုးပွားသည့် မိုးနှမ်းပျားရည်ထုတ်လုပ်သည့်ကာလ၌ ပျားမွေးမြူသင့်
မိုးနှမ်းပျားရည်ထုတ်လုပ်သည့် ကာလတွင် ပျားမွေးမြူပါက ပျားကောင်ရေတိုးပွားမှုများပြားသဖြင့် ယခုကာလ၌ ပျားမွေးမြူရေးလုပ်ဆောင်သင့်ကြောင်း စီးပွားဖြစ် ပျားမွေးမြူထုတ်လုပ်သူများထံမှ သိရသည်။
ပျားသလက် (Honey Cake) ကို ဆီး(ဇီး) ပျားရည်ထုတ်လုပ်တဲ့ စက်တင်ဘာလလောက်မှာ ထုတ်လုပ်လေ့ ရှိပါတယ်။ ပျားကို ဘယ်အချိန်မဆို မွေးမြူလို့တော့ရပေမယ့်လည်း ဇွန်လကနေ စမွေးတာများပါတယ်။ ဇွန်လနဲ့ ဇူလိုင်လက ပျားမွေးမြူဖို့ အကောင်းဆုံးပါပဲ။ ဇွန်လ၊ ဇူလိုင်လ (မိုးနှမ်း ပျားရည်ထွက်တဲ့ အချိန်တွေက) ပျားကောင်ရေပွားများမှုနှုန်း အများဆုံးမို့လို့ပါ။ အဲ့ဒီကာလမှာ ပျားကောင်ရေ အရမ်းပွားလွယ်လို့ပါ။ ပျားအုံဖွံ့ဖြိုးမှု အားကောင်းတဲ့ကာလပေါ့။
ဟု ပျားသုံးဖော် သဘာဝပျားရည်ရောင်းဝယ်ရေး လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးမြင့်နိုင် က ပြောသည်။
ပျားမွေးမြူခြင်းဖြင့် ကျေးလက်နေပြည်သူများဘဝ တိုးတက်စေရေး ရည်ရွယ်ကာ ပျားမွေးမြူရေးဌာနများမှ “ပြည်သူတိုးတက်ပညာပေး ပျားမွေးမြူရေး” နည်းပညာပေး သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်နှစ်လျှင် လေးကြိမ် ဖွင့်လှစ်ပေးနေပြီး ပုဂ္ဂလိကမွေးမြူသူများ စီးပွားဖြစ်မွေးမြူသည့်အခါ ရောဂါကုသကာကွယ်နိုင်စေရန် ပျားရောဂါကုသကာကွယ်နည်းသင်တန်းကို တစ်နှစ်လျှင် တစ်ကြိမ်၊ ပျားဘုရင်မ သေပါက အစားထိုး ပြန်ထည့်နိုင်ရန် ပျားဘုရင်မမွေးမြူနည်းသင်တန်း၊ ပျားထွက်ပစ္စည်းဖြစ်သည့် Royal Jelly ပျားနို့သင်တန်း၊ ပျားအုံ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းများလည်း ဖွင့်လှစ်ပေးနေကြောင်း ပျားလုပ်ငန်းဌာနမှ သိရသည်။
ပျားမွေးမြူလိုသူတွေအနေနဲ့ ပျားအုံတွေကို ပျားမွေးရေးလုပ်ငန်းဌာနတွေမှာလည်း ဝယ်ယူမွေးမြူလို့ရသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီကလည်း ဝယ်ယူမွေးမြူလို့ရပါတယ်။
ဟု ပျားမွေးမြူရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ပျားပုံး၊ ပျားသလပ်အခြောက်၊ ပျားအကောင်၊ ပျားအထီးနှင့် လုပ်သားပျားများအပါအဝင် တစ်ပေကိုးလက်မအရွယ် ပျားပုံးတစ်ပုံးကို တစ်နှစ်လျှင် ပေါင် ၅၀ (၁၃ ပိဿာဝန်းကျင်) ပျားရည်ထုတ်လုပ်နိုင်ကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ကျော်ထက်ဟိန်း
လွန်ခဲ့သော ၁ နှစ် ကပျားမွေးမြူရေး ဌာန နှင့် ပုဂ္ဂလိက လုပ်ငန်းရှင် တွေဆီ က ဝယ်လို့ရပါသလား အသေးစိပ်လေး သိချင်ပါတယ်
ko paul
လွန်ခဲ့သော ၅ နှစ် ကဘယ်လ ဘယ်အချိနိမှာသင်တန်းပေးလဲခင်ဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....