စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄၊ ၂၃၅) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂, ၃, ၄, ၅ နှင့် ၆ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေ သော ရေသွင်းခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Irrigation Engineering) ရှုဒေါင့်မှမဟုတ် ဘဲ အပင်၏ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုဒေါင့်မှ ဆက်လက်ရေးသားဆွေးနွေးပါမည်။
(၁-င) မြောင်းစနစ်ဖြင့်ရေသွင်းနည်း (Furrow Irrigation)
သီးနှံတန်းများကြားတွင် မြောင်းငယ်များ ဖောက်၍ ရေစီးစေသောနည်းဖြစ်သည်။ တစ်နည်းအားဖြင့် မြောင်းစနစ်ဖြင့်ရေသွင်းခြင်း (Furrow Irrigation) ဆိုသည်မှာ သီးနှံတန်း များကြားတွင် မြောင်းငယ်များ (Furrows) တူးဖော်ပြီး၊ ရေကို မြောင်းအတွင်း စီးဆင်းစေ ကာ ဘေးနှစ်ဖက်နှင့် အောက်ဘက်သို့ စိမ့်ဝင်၍ အပင်အမြစ်ဇုန်သို့ ရေဖြည့်ပေးသော မြေအပေါ်မှ ရေသွင်းနည်းစနစ် (Surface Irrigation) နည်းတစ်မျိုး ဖြစ်သည်။

ပုံ - ၁ မြောင်းစနစ်ဖြင့်ရေသွင်းနည်းတစ်မျိုး
မြောင်းရေသွင်းနည်းစနစ်၏အားသာချက်များ (Advantages of Furrow Irrigation)
၁။ ရေသုံးစွဲမှု ထိရောက်သည်။
ရေကို အပင်အမြစ်အနီးသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သည်။
၂။ အတန်းလိုက်စိုက်ပျိုးသောသီးနှံ (Row Crops) များအတွက် အလွန်သင့်တော်သည်။
ဥပမာ- ပြောင်းဖူး၊ ဝါ၊ ကြံ၊ ပဲမျိုးစုံ၊ နေကြာ၊ ဟင်းသီးဟင်းရွက်၊ အာလူး
၃။ ရေငွေ့ပျံရေဆုံးရှုံးမှု နည်းသည်။
မြေမျက်နှာပြင်တစ်ခုလုံး မစိုသဖြင့် ရေငွေ့ပျံမှု လျော့နည်းသည်။
၄။ အပင်ရောဂါများ လျော့နည်းစေသည်။
အရွက်များ မစိုသဖြင့် မှိုရောဂါများ ဖြစ်ပွားမှု လျော့နည်းသည်။
၅။ ရေတင်စွမ်းအင်၊ စက်ကုန်ကျစရိတ် နည်းသည်။
မြေဆွဲအားဖြင့် ရေစီးဆင်းနိုင်သော နေရာများတွင် စက်ပန့်အသုံးပြုမှု လျော့နည်းသည်။
၆။ မြေအမျိုးအစားများစွာတွင် အသုံးပြုနိုင်သည်။
သဲမြေ၊ လယ်မြေ၊ မြေစေးမြေတို့တွင် သင့်လျော်သော ဒီဇိုင်းဖြင့် အသုံးပြုနိုင်သည်။
၇။ စက်ယန္တရားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် လွယ်ကူသည်။
၈။ လုပ်သားလိုအပ်ချက် နည်းသည်။
ပီဗွီစီပိုက် (PVC or Gated Pipes) သို့မဟုတ် ဆိုင်ဖွန် (Siphons) အသုံးပြုပါက ပိုမိုလွယ်ကူသည်။
၉။ ပေါင်းပင်ပေါက်ရောက်မှု လျော့နည်းစေသည်။
မြေမျက်နှာပြင်တစ်ခုလုံး မစိုသဖြင့် ပေါင်းပင်များ နည်းလာသည်။
၁၀။ ရေသုံးစွဲမှု ထိရောက်မှု ကောင်းသည်။
စနစ်တကျ စီမံပါက သွင်းရေအားလုံး၏ ၆၀-၈၀ ရာခိုင်နှုန်း (60–85%) အထိ အပင်များမှ ရရှိနိုင်သည်။
မြောင်းစနစ်ရေသွင်းခြင်း၏အားနည်းချက်များ (Disadvantages of Furrow Irrigation)
၁။ မြေပြင်ပြင်ဆင်မှုကို သေချာစွာ လုပ်ရသည်။
မြောင်းများ၏ အနက်၊ အကျယ်နှင့် မြေလျှောကို မှန်ကန်စွာ ပြုလုပ်ရန် လိုအပ်သည်။
၂။ မြေဆီလွှာတိုက်စားမှု ဖြစ်နိုင်သည်။
ရေစီးနှုန်း များလွန်းပါက မြောင်းများ ပျက်စီးနိုင်သည်။
၃။ ရေဖြန့်ဝေမှု မညီမျှမှုဖြစ်နိုင်သည်။
မြောင်းအစပိုင်းတွင် ရေစိမ့်ဝင်မှု ပိုများပြီး အဆုံးပိုင်းတွင် နည်းနိုင်သည်။
၄။ မြောင်းတူးခြင်းအတွက် လုပ်သား၊ လုပ်အားများစွာလိုအပ်သည်။
၅။ မြောင်းအစပိုင်းတွင် ရေဝပ်နိုင်သည်။
ရေစီးနှုန်း နည်းလွန်းပါက ဖြစ်တတ်သည်။
၆။ မြေအနက်သို့ရေစိမ့်ဝင်မှု (Deep Percolation) ဖြစ်နိုင်သည်။
ရေများလွန်းပါက အမြစ်ဇုန်အောက်သို့ စိမ့်ဝင်ပြီး ရေဆုံးရှုံးမှု ဖြစ်စေသည်။
၇။ ဆားဓာတ်များစွာ စုပုံမှု ဖြစ်နိုင်သည်။
မိုးနည်းဒေသများတွင် မြောင်းဘေး Ridge များပေါ်တွင် ဆားဓာတ် စုပုံနိုင်သည်။
၈။ အတန်းမစိုက်သော သီးနှံများအတွက် မသင့်တော်ပါ။
ဥပမာ- စပါးကြဲခင်း၊ မြက်ခင်းများ။
၉။ မြောင်းများကို အမြဲပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။
မိုးရွာခြင်း သို့မဟုတ် စက်ယန္တရားအသုံးပြုမှုကြောင့် မြောင်းများ ပျက်စီးနိုင်သည်။
၁၀။ ဆင်ခြေလျှောမြေလျှောအလွန်များသော နေရာများတွင် မသင့်တော်ပါ။
မြေဆီလွှာ တိုက်စားမှုကို ထိန်းချုပ်ရန် အထူးအစီအမံများ လိုအပ်သည်။
(၂) မြေအောက်မှရေသွင်းနည်းစနစ် (Subsurface Irrigation System)
မြေအောက်တွင် ပိုက်များ မြှုပ်၍ဖြစ်စေ၊ မြေအောက်ရေမျက်နှာပြင်ကို ထိန်းချုပ်၍ဖြစ်စေ အမြစ်ဇုန်သို့ ရေပို့ပေးသောနည်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရေကို မြေမျက်နှာပြင် အောက်ရှိ အပင်၏အမြစ်ဇုန် (Root Zone) သို့ တိုက်ရိုက်ပို့ဆောင် ပေးသော ရေသွင်း နည်းစနစ် တစ်မျိုးဖြစ်ပါသည်။

ပုံ - ၂ မြေအောက်မှတစ်ဆင့် အမြစ်ဇုံရောက်အောင်ရေသွင်းနည်းစနစ်တစ်မျိုး
ရေသည် မြေအတွင်းရှိ ဆံချည်မျှင်ကဲ့သို့ ရေတက်လာသော လှုပ်ရှားမှု (Capillary Action) ကြောင့် အမြစ်များသို့ ရောက်ရှိပြီး အပင်က စုပ်ယူအသုံးပြုသည်။ ဤနည်းသည် ရေဆုံးရှုံးမှုကို လျှော့ချပေးပြီး ရေအသုံးချမှုထိရောက်မှု (Water Use Efficiency) ကို မြင့်မားစေသော ရေသွင်းနည်းတစ်ခုဖြစ်သည်။
မြေမျက်နှာပြင်အောက် ရေသွင်းစနစ် အမျိုးအစားများ (Sub-surface Irrigation) ကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်သည်။
(၂-၁) သဘာဝ မြေမျက်နှာပြင်အောက် ရေသွင်းစနစ် (Natural Sub-surface Irrigation)
ဤနည်းတွင် မြေအောက်ရေ (Groundwater Table) သည် အပင်၏အမြစ်အနီးတွင် သဘာဝအတိုင်း တည်ရှိနေသည်။
လက္ခဏာများ - မြေအောက်ရေမှ Capillary Action ဖြင့် ရေတက်လာသည်။ မြေအောက်ပိုက်များ မလိုအပ်ပါ။ မြေအောက်ရေမျက်နှာပြင် မြင့်မားသောဒေသများတွင် အသုံးပြုနိုင်သည်။
လိုအပ်သော အခြေအနေများ - မြေအောက်ရေမျက်နှာပြင်သည် မြေမျက်နှာပြင်မှ (၀.၅–၁.၅) မီတာခန့်သာ အောက်တွင် ရှိရမည်။ မြေပြန့်ဒေသ ဖြစ်ရမည်။ မြေဆီလွှာသည် ရေစိမ့်ဝင်နိုင်စွမ်း ကောင်းရမည်။ ရေထုတ်စနစ် (Drainage) ကောင်းမွန်ရမည်။
ဥပမာ - မြစ်ဝှမ်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်း စိုက်ပျိုးရေးဒေသများ
(၂-၂) သဘာဝကိုတုပပြုလုပ်ထားသော မြေမျက်နှာပြင်အောက်ရေသွင်းစနစ် (Artificial Sub-surface Irrigation)
ဤနည်းတွင် ရေကို မြေအောက်ပိုက်များ၊ မြေအောက်ချောင်းများ သို့မဟုတ် အခြားစနစ်များမှတစ်ဆင့် အမြစ်ဇုန်သို့ ပို့ဆောင်ပေးသည်။
အောက်ပါအမျိုးအစားများ ပါဝင်သည်။
(၂-၂-က) မြေအောက် အပေါက်ပါပိုက်စနစ် (Buried Perforated Pipe System)
ပီဗွီစီ (PVC) သို့မဟုတ် ပေါ်လီသလင်း (Polyethylene) ပိုက်များကို မြေအောက်တွင် မြှုပ်ထားသည်။ ပိုက်၏အပေါက်ငယ်များမှ ရေထွက်လာပြီး အမြစ်ဇုန်ကို စိုစွတ်စေသည်။ ရေသည် ဆံချည်ပြွန်စနစ် (Capillary Action) ဖြင့် အမြစ်သို့ ရောက်ရှိသည်။
သင့်တော်သော သီးနှံများ - သစ်သီးဥယျာဉ်၊ စပျစ်ခြံ၊ ဟင်းသီးဟင်းရွက်
(၂-၂-ခ) မြေအောက် အစက်ချရေသွင်းစနစ် (Subsurface Drip Irrigation – SDI)
ဤစနစ်သည် ယနေ့ခေတ်တွင် အများဆုံး အသုံးပြုသော မြေမျက်နှာပြင်အောက် ရေသွင်းစနစ်ဖြစ်သည်။
လက္ခဏာများ - ဒရစ် (Drip) ပိုက်များကို မြေအောက် (၁၀–၅၀ စင်တီမီတာ) ခန့်တွင် မြှုပ်ထားသည်။ ရေထွက်ပေါက် (Emitters) များမှ ရေကို အမြစ်သို့ တိုက်ရိုက်ပို့ပေးသည်။ ရေအသုံးချမှု ထိရောက်မှု အလွန်မြင့်မားသည်။
သင့်တော်သော သီးနှံများ - ပြောင်းဖူး၊ ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးပင်များ၊ မှန်ခြံ (Greenhouse) သီးနှံများ
(၂-၂-ဂ) Seepage Irrigation (မြေအောက်စိမ့်ဝင် ရေသွင်းစနစ်)
ရေကို မြေအောက်ချောင်းများ သို့မဟုတ် ကန်များအတွင်းသို့ ထည့်ပေးသည်။ ရေသည် မြေဆီလွှာအတွင်း ဘေးဘက်သို့ စိမ့်ဝင်ပြီး အမြစ်များသို့ ရောက်ရှိသည်။ မြေပြန့်ဒေသ များတွင် အသုံးများသည်။
(၂-၂-ဃ) ရေစိမ့်ထွက်နိုင်သော ပိုက်စနစ် (Porous Pipe Irrigation) ရေစိမ့်ထွက်နိုင်သော ရော်ဘာ သို့မဟုတ် ပလတ်စတစ်ပိုက်များကို မြေအောက်တွင် မြှုပ်ထားသည်။ ရေသည် ပိုက်နံရံမှ တဖြည်းဖြည်း စိမ့်ထွက်လာသည်။ အမြစ် ပတ်ဝန်း ကျင်ကို အမြဲစိုစွတ်စေသည်။
စာရေးသူ၏အတွေး
ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူစိုက်ခင်းများ၊ သီးနှံပင်များ ရေငတ်ခြင်း၊ ရေဝတ် ခြင်းမဖြစ်ရအောင် စိုက်ပျိုးရေသွင်းခြင်းနည်းပညာ (Irrigation Agronomy) ကို နိုင်ငံတကာ တက္ကသိုလ်များမှာ ဘွဲ့ကြို၊ ဘွဲ့လွန်အထူးပြုဘာသာ အဖြစ်ပေးအပ်ပြီး မိမိရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီအောင် သုတေသန ပြုလုပ် တောင်သူများကို ပြန်လည် လက်ဆင့် ကမ်းလုပ်နေတာနှစ်ချီကြာလှပါပြီ။ သို့သော်တက္ကသိုလ်များတွင်တော့ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ၊ ပညာရေး၊ စီးပွားရေး၊ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်စုံသင်သော တက္ကသိုလ် (Comprehensive University) တော့ဖြစ်ရပါမည်။
ဒါမှသာ စုပေါင်းဝိုင်းဝန်း အဖြေရှာရမည် မဟုတ်ပါလား?
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Elbana, Maha (2017) Irrigation Management. Maha, India. 231p.
Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India. 557p.
Michael, A. M. (2007) Irrigation: Theory and Practice. 2nd Ed. Noida India. 762p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
Mg Mg • ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
kyaw zin • ဖြေကြားချက် 1 ခု
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ye kyaw • ဖြေကြားချက် 2 ခု
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နှမ်းမှာကျတဲ့ရောဂါနမူနာ၅ခုလောက်ကူညီပေးလို့းမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးရောဂါရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....