ရွက်ဖျန်းမြေဩဇာများ၏ အားသာအားနည်းချက်များနှင့် သတိပြုသင့်သည်များ
ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုတဲ့ တောင်သူတွေရှိကြပါသလား? ရွက်ဖျန်းမြေဩဇာတွေနဲ့ မြေမှာထည့်ပေးရတဲ့ မြေဩဇာတွေက ဘာတွေ ကွာခြားပါသလဲ?
ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဟာ အပင်တွေကို အာဟာရဓာတ်ရရှိအောင် အစာကျွေးတဲ့ နည်းလမ်းတွေ ထဲက တစ်မျိုးဖြစ်ပါတယ်။ ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဖြင့် အပင်အတွက် အမှန်တကယ်လိုအပ်တဲ့ အာဟာရဓာတ်ကို အပင်ဆီသို့ အတိအကျပို့ပေးနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ အပင်တွေကို အစာကျွေးခြင်းဟာ အပင်ရဲ့ အစာရေကြောစနစ်တွေထဲကို တိုက်ရိုက်စီးဝင်သွားနိုင်ပြီး ဆေးတွေရဲ့ အာနိသင်ကို ၄၈ နာရီအတွင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ အမြစ်ကနေ လုံလောက်အောင် စုပ်ယူနိုင်ခြင်းမရှိတဲ့ အာဟာရဓာတ်တွေကို အရွက် မှာရှိတဲ့ လေရှူပေါက်တွေကနေတဆင့် တိုက်ရိုက်စုပ်ယူစေပြီးမှ အပင်ရဲ့အခြားသော အစိတ်အပိုင်းများဆီ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
ရွက်ဖျန်းမြေဩဇာဆိုရာမှာ ဓာတုဆေးတွေရှိသလို သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ မြေဩဇာတွေလည်း ရှိပါတယ်။ ရွက်ဖျန်းမြေဩဇာများ အသုံးပြုခြင်းဖြင့် သီးနှံအထွက်နှုန်းကောင်းစေခြင်း၊ သီးနှံအရည်အသွေး ကောင်းစေခြင်း စတာတွေနဲ့ ချိတ်ဆက်မှုရှိနေသလို တစ်ဖက်မှာလည်း သတိပြုရမယ့်အချက်တွေရှိနေပါတယ်။
ယေဘူယျအားဖြင့် အောက်ဖော်ပြပါ အခြေအနေတွေ တွေ့ရမယ်ဆိုရင် ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုဖို့ အတွက် အကြံပြုပါတယ်။
- မြေဆီလွှာ သမမျှတမှုမရှိဘဲ မြေချဉ်ခြင်း၊ ငံခြင်း
- မြေဆီလွှာအစိုဓာတ် နိမ့်လွန်းခြင်း၊ မြင့်လွန်းခြင်း
- အမြစ်တွင် ရောဂါကျရောက်နေခြင်း
- မြေဆီလွှာတွင် အာဟာရမျှတမှုမရှိခြင်း
- ပိုးနဲ့ ရောဂါများကျရောက်နေခြင်း
- အပူဒဏ်ခံရခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
ရွက်ဖျန်းမြေဩဇာရဲ့ အကျိုးကျေးဇူးများ
၁။ အပင်မှ အာဟာရဓာတ်များလျင်မြန်စွာ ရရှိခြင်း
ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းရဲ့ ထူးခြားချက်တစ်ခုကတော့ အပင်တွေဟာ များသောအားဖြင့် ချက်ချင်း နီးပါးကို အာနိသင်တုံ့ပြန်မှု ပြကြတာဖြစ်ပါတယ်။ ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဟာ မြေဆီလွှာမှာ ထည့်ပေးရတဲ့ အာဟာရဓာတ်တွေထက် ၁၀ ဆ ပိုမြန်တဲ့နှုန်းထားနဲ့ အပင်ကရရှိနိုင်ပါတယ်။ ဒါ့ကြောင့် အပင်မှာ အာဟာရချို့တဲ့မှုပြဿနာတွေကို လျင်မြန်စွာကုသနိုင်ဖို့အတွက် ရွေးချယ်မယ်ဆိုရင် ရွက်ဖျန်းမြေဩဇာများကို ရွေးချယ်သင့်ပါတယ်။
၂။ လိုအပ်သောအာဟာရဓာတ်ကို အပင်ဆီသို့ အတိအကျပို့ပေးနိုင်ခြင်း
ရွက်ဖျန်းမြေဩဇာများအသုံးပြုခြင်းဖြင့် အပင်ရဲ့ ကြီးထွားမှုအဆင့်ဆင့်အလိုက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏအမျိုးမျိုးကို ရွေးချယ်ပြီးကျွေးနိုင်ပါတယ်။ လိုအပ်တဲ့ပမာဏကို အတိအကျပေးနိုင်တဲ့အတွက် သီးနှံအထွက်နှုန်းရော သီးနှံအရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။
၃။ ရေငတ်ဒဏ်ခံနိုင်ရည်ရှိခြင်း
မြေဆီလွှာမှာ အစိုဓာတ်လုံလောက်စွာ မရှိခဲ့ရင် အာဟာရဓာတ်တွေကို မြေမှာထည့်ပေးတဲ့ နည်လမ်းက အကျိုးမရှိနိုင်ပါဘူး။ အဲ့ဒီလိုအချိန်မှာ အာဟာရဓာတ်တွေကို အပင်ကကောင်းစွာ စုပ်ယူနိုင်စေဖို့အတွက် ရွက်ဖျန်းမြေဩဇာများကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ရွက်ဖျန်းမြေဩဇာတွေရဲ့ အားနည်းချက်
- ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုတဲ့အခါ တစ်ခါတရံမှာ အပင်ရဲ့ အာဟာရလိုအပ်မှု ပမာဏအတိုင်း မရနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။
- ရွက်ဖျန်းမြေဩဇာတွေမှာ အာဟာရဓာတ်ပါဝင်မှု များတာကြောင့် ရေငွေ့ပျံတာမျိုးတွေနဲ့ ဆားဓာတ် ကျန်ခဲ့တဲ့ အခါမျိုးတွေမှာ အရွက်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
- အရွက်တွေကို မတော်တဆလောင်နိုင်တဲ့အတွက် ပမာဏအနည်းငယ်ကိုပဲ အကြိမ်ရေများများနဲ့ အသုံး ပြုရတာမို့ လုပ်အားခပိုကုန်နိုင်ပါတယ်။
ရွက်ဖျန်းမြေဩဇာအသုံးပြုရာတွင် ဂရုစိုက်ရမည့်အချက်များ
၁။ ပတ်ဝန်းကျင်အပူချိန်ကို သတိပြုပါ
ရွက်ဖျန်းမြေဩဇာတွေအသုံးပြုမယ်ဆိုရင် ပတ်ဝန်းကျင် အပူချိန်ကိုသတိပြုစေချင်ပါတယ်။ အခန့်မသင့်ရင် မြေဩဇာအရည်ကို ဖော်စပ်ထားတဲ့ဖော်မြူလာအရည်များနဲ့ အပူတို့ပေါင်းစပ်ပြီး အရွက်တွေကို လောင်ကျွမ်း စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ အရွက်လောင်သွားတဲ့အခါ အပင်ရဲ့ရှင်သန်နိုင်မှုကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုမယ့်အချိန်မှာ ပတ်ဝန်းကျင်အပူချိန်ဟာ ၂၄ ဒီဂရီစင်တီဂရိတ်အောက်မှာပဲ ရှိနေသင့်ပါတယ်။ အပူချိန်အပြင် ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆကိုလည်း ဂရုပြုဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဖျန်းမယ် ဆိုရင် မနက်ပိုင်း ၉ နာရီမတိုင်ခင်နဲ့ ညနေဆိုရင် ၄ နာရီနောက်ပိုင်းမှာ ဖျန်းသင့်ပါတယ်။
၂။ ရာသီဥတုအခြေအနေကို သတိပြုပါ
ရွက်ဖျန်းမြေဩဇာတွေကို မြေဆီလွှာအစိုဓာတ်မရှိတဲ့အချိန်မှာလည်း အသုံးပြုနိုင်တယ်ဆိုပေမယ့် အစိုဓာတ် ရှိနေရင်တော့ ဆေးရဲ့အာနိသင်ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။ ဆေးဖျန်းပြီး ၂၄ နာရီအတွင်း မိုးမရွာမှသာ အာနိသင်ထိရောက်ပြီး အကောင်းဆုံးဖြစ်တာမို့ ဆေးဖျန်းမယ့်အချိန်မှာ ရာသီဥတုအခြေအနေတွေကို သတိပြု ပြီးမှ ဖျန်းသင့်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://hylineproducts.com/
- အစိမ်းရောင်ခြံ - Green Farm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Zaw One
လွန်ခဲ့သော ၃ နှစ် ကပဲးတီစိမ်းကိုဘယ်ရက်သားမှာစပြီးဘာဆေးဖြန်းသင့်ပါသလဲးဆရာ
ဦးဝင်းကျော်ထွေး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးအထူးတင်ပါတယ် ဆရာ
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026