အစိမ်းရောင်လမ်း
ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုပြင်းထန်တဲ့ ဘိုရွန်ချို့တဲ့မှုလက္ခဏာ

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုပြင်းထန်တဲ့ ဘိုရွန်ချို့တဲ့မှုလက္ခဏာ

    အပင်တွေမှာဖြစ်လေ့ရှိတဲ့ အနည်းလိုအာဟာရဓာတ်ချို့တဲ့မှုတွေ အမျိုးမျိုးရှိကြပါတယ်။ အဲ့ဒီလက္ခဏာတွေအနက် ဘိုရွန်ချို့တဲ့မှုလက္ခဏာတွေက အပင်ရဲ့ရုပ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှု ပိုများပြားတာကို တွေ့ရှိရပါတယ်။

 ဘိုရွန်ချို့တဲ့မှုလက္ခဏာ(၇)မျိုး ရှိတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

(၁) အဖျားခြောက်သေခြင်း 

(၂) အရွက်များ ကြက်တောင်စည်းသဏ္ဍာန်ရှိခြင်း

(၃) စုန်းမတံမြက်စည်းဟုခေါ်သည့် ကိုင်းထွက်များခြင်း 

(၄) အစေ့တွေပေါ်မှာ အစင်းကြောင်းများ ဖြစ်ပေါ်ခြင်း

(၅) ပန်းခိုင် ပုံမမှန်ခြင်း 

(၆) ပျိုးပင် သေခြင်း 

(၇) အရွက်များ ပုံမှန်အရောင်မဟုတ်တော့ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

    “မုန်လာဉနီမှာဆို အညိုရောင်ပုပ်သွားတာမျိုး၊ ငရုတ်ပင်ဆို ပင်စည်တွေ အက်ကုန်တာမျိုး၊ ပန်းမုန်လာမှာဆို အခေါင်းပွဖြစ်တာမျိုး၊ မက်မွန်သီးမှာဆို အသီးကွဲအက်တာမျိုး၊ သံလွင်သီးမှာဆို မျောက်မျက်နှာဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ ဝါဂွမ်းပင်မှာ ဘိုရွန်ချို့တဲ့ရင် အဆစ်ကြားတိုလာမယ်။ ဝါကိုင်းတွေ ပိုထွက်ပြီး အသီးမတင်တော့ဘူး။ သို့သော် ဘိုရွန်ပါတဲ့ ဓာတ်မြေသြဇာတွေ သုံးစွဲတဲ့အခါ တချို့အပင်တွေအတွက် မလိုအပ်ပဲနဲ့ သုံးရင်တော့ အဆိပ်အတောက်ဖြစ်စေနိုင်တာကို သတိပြုပေးပါ။”ဟု စိုက်ပျိုးရေးပညာရှင် ဦးရဲနိုင်ဝင်း က ရှင်းပြပါတယ်။

    အရွက်တွေမှာ ပျမ်းမျှ ဘိုရွန်ပါဝင်မှု 70 ppm ရှိပြီး၊ မုန်လာဥနီ၊ ပဲလွမ်းတို့မှာ ဘိုရွန် 152 ppm နဲ့ 283 ppm အသီးသီးပါဝင်ကြောင်း သုတေသနပညာရှင်များက ဆိုထားပါတယ်။

    ပဲအမျိုးမျိုး၊ ဥစားနဲ့ အမြစ်စား အပင်အမျိုးမျိုးနဲ့ ဝါပင်တွေအတွက် ဘိုရွန်ပါတဲ့ဓာတ်မြေသြဇာကို သင့်တော်တဲ့နှုန်းထားနဲ့ ထည့်သွင်းပေးနိုင်ပြီး၊ သီးနှံပင်အမျိုးမျိုးရဲ့ မြေဆီလွှာအတွက် အသင့်တော်ဆုံး ဘိုရွန်ပမာဏကတော့ တစ်ဧကကို (၅) ပေါင်မှ ပေါင် (၂၀) ခန့်၊ သီးနှံအမျိုးအစားအလိုက် ထည့်သွင်းပေးနိုင်ကြောင်း သိရှိရပါတယ်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

NPK+ဆာလ်ဖာ+ဘိုရွန် ဓါတ်မြေဩဇာရောပက်လို့ရလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....