အစိမ်းရောင်လမ်း
ဟူးမစ်အက်ဆစ် ကိုယ်တိုင် အလွယ်ပြုလုပ်သုံးစွဲနည်းများ

ဟူးမစ်အက်ဆစ် ကိုယ်တိုင် အလွယ်ပြုလုပ်သုံးစွဲနည်းများ

အစိမ်းရောင်လမ်း အမေးအဖြေ ကဏ္ဍမှာ တဖြည်းဖြည်းနဲ့ မေးမြန်းဆွေးနွေးသူ များလာသလို မေးတဲ့မေးခွန်းတွေကလည်း အဆင့်မြင့်မြင့်လာတာ တွေ့ရပါတယ်။

တချို့မေးခွန်းတွေဆိုရင် မြန်မာပြည်မှာ မရှိသေးတဲ့ လယ်ယာသုံးပစ္စည်းတွေအကြောင်း၊

စိုက်ပျိုးနည်းစနစ်များအကြောင်း မေးလာတော့လည်း...

မေးခွန်းတခုဖြေဖို့ နေ့ဝက်လောက်ကို အချိန်ယူရတာမျိုး ရှိပါတယ်။

အခု ဆောင်းပါးလေးမှာလည်း အဖွဲ့ဝင်တွေ မေးမေးနေကြတဲ့ ဟူးမစ်အက်ဆစ်အလွယ်လုပ်နည်း အကြောင်းလေးပါ။

ဟူးမစ်အက်ဆစ်ဆိုတာ....

မြေဆွေးမြေထဲမှာ ၂-၃ ရာခိုင်နှုန်းပါဝင်ပြီး ၈၅ ရာနုန်း ရှိနိုင်တဲ့ နေရာကတော့ မြေအောက်လွှာ Leonardite layarမှာ ရှိပါတယ်။

တနည်းအားဖြင့် Oxidation product of lignite လို့ခေါ်တဲ့ ကျောက်မီးသွေးသက်တမ်းနု အလွှာမှာ များစွာရှိပါတယ်။

ဟူးမစ်အက်ဆစ်ကို...

ဓာတုပစ္စည်း (အမှုန့်/အခဲ)အဖြစ်ထုတ်လုပ်ကြသလို.. ဇီဝပစ္စည်း အနေနဲ့လည်း ကိုယ်တိုင်ပြုလုပ် သုံးစွဲကြပါတယ်။

ဟူးမစ်အက်ရည် အလွယ်ပြုလုပ်နည်း(၁)

(Home made humic acid liquid)

အရင်ဦးဆုံး ၊ ကိုယ့်ခြံထဲမှာ သစ်ရွက်ဆွေးမြေဆွေး များများရှိမယ့်နေရာ သို့မဟုတ်  အနက်ရောင်သစ်ဆွေးမြေ ရှိရာ ခြုံစပ်၊ သစ်ပင်ရိပ်တနေရာကို ရှာထားပါ။

လိုအပ်သောပစ္စည်းများ

၁။ မြူအိုးအရွယ် မြေအိုးတလုံး

၂။ ထမင်း (နို့ဆီ ၁ ဗူးချက်)

၃။ ပလတ်စတစ်ရေပုံးတပုံး(ရေဆွဲပုံး)

၄။ ပိတ်ပါးစ

၅။ ချည်စရာ ကြိုးတချောင်း

ပြုလုပ်ရန်နည်းလမ်း...

- ရေခမ်းပျော့ပျော့ ချက်ထားတဲ့ ထမင်းတွေကို မြေအိုး တဝက်ခန့်ထိ ထည့်ပါ။

- ထမင်းထည့်ပြီး အိုးထဲကို ထမင်းတွေမြုပ်သည်အထိ ရေထည့်ပါ။

- မြေအိုး အဝတ်ပါးပါးဖုံးပြီး ကြိုးစည်းပါ။

- ပြီးရင် မြေအိုးကို ၊မြေဆွေးမြေရှိရာ အရိပ်အောက် (သို့မဟုတ်) သစ်ပင်အောက်မှာ အိုးနှုတ်ခမ်းဖော်ပြီး မြေမြှုပ်ပါ။

- မြေအိုးတဝိုက်ကို ရေလောင်းပေးပါ။

၁၅ ရက်ကြာလျှင်..

- မြေအိုးကို ဖော်ပြီးဖွင့်ပါ။ အိုးထဲရှိ ထမင်းရည်ကို ပလတ်စတစ် ရေပုံးထဲ ပြောင်းထည့်ပါ။

- ထမင်းရည်တွေ ကြေမွအောင် လက်နဲ့ ချေပေးပါ။

- အဆိုပါထမင်းဖျော်ရည်ဟာ ဟူးမစ်အက်ဆစ် ဖျော်ရည်ပါပဲ။

အသုံးပြုလိုပါက..

- ဟူးမစ်အက်ဆစ်ဖျော်ရည် တဆကို ရေ ၁၀ ဆရောပြီး အပင်ခြေ လောင်းပေးနိုင်ပါတယ်။

ဟူးမစ်အက်ဆစ်အရည် ပြုလုပ်နည်း(၂)

လိုအပ်ပစ္စည်းများ

၁။ အပိတ်ပါ ရေသန့်ဘူးခွံ ၂ ဘူး

၂။ ဘလိတ်ဓား(ဘူးခွံဖြတ်ရန်)

၃။ လုံးဝဆွေးမြည့်ပြီး အနက်ရောင်သစ်ဆွေးမြေ တကီလို (၆၂ကျပ်ခွဲသား)

၄။ ရေ တလီတာ

ပြုလုပ်ရန်နည်းလမ်း..

- ရေသန့်ဘူးခွံတခုကို ၂ လက်မ သံချောင်းဖြင့် အပေါက် ၁ ပေါက် ဖောက်ပါ။

- ရေသန့်ဘူး ဖင်ပိုင်းကို ဓားဖြင့် လှီးဖွင့်ပါ။

- ကျန် ရေဘူးခွံကို ၃ ပုံ ၂ ပုံ လှီးဖြတ်ပါ။

- အပိတ်ပါ ရေဘူးကို  နောက်ရေဘူးထဲသို့ ဇောက်ထိုးထည့်လိုက်ပါ။

- အပေါ် ရေဘူးခွံထဲကို သစ်ရွက်ဆွေး/မြေဆွေး  ပြည့်လုနီးပါး ထည့်ပါ။

- ပြီးရင် ရေကို တဖြည်းဖြည်းချင်း လောင်းပါ။

- ရေဘူးပိတ် အပေါက်မှ ရေစက်များ ဖြည်းဖြည်းချင်း အောက်ခံဘူးထဲ ကျနေပါစေ။

(အောက်ခံခွက်ထဲ ရရှိတဲ့ နီညိုရောင်အရည်များ ရရှိပါက အဲ့ဒါတွေဟာ ဟူးမစ်အက်ဆစ်အရည် ဖြစ်ပါတယ်ခင်ဗျာ)

အရမ်းလွယ်လွန်းလို့ဆိုပြီး... အထင်မသေးလိုက်ပါနဲ့ဗျာ..

သင့်ရဲ့.. အိမ်တွင်း အလှစိုက်ပန်းပင်၊ ပန်အိုးတွေမှာ သုံးကြည့်ပါ။

(ဘယ်လောက် အကျိုးရှိ၊ ထိရောက်လဲ ဆိုတာ သိပါလိမ့်မယ်)

ဟူးမစ်အက်ဆစ် ရဲ့ အာနိသင်တွေကိုတော့၊ သိကြပြီးသားမို့ အထူးတလည် မရေးတော့ပါဘူး။

စာရှည်ရင် မဖတ်မှာစိုးလို့။

မသိသေးရင်တော့ အောက်လလင့်မှာ ဝင်ဖတ်နိုင်ပါတယ်ဗျာ..။

https://greenwaymyanmar.com/posts/What_is_Humic_Acid

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

8
San Lin Htike

San Lin Htike

လွန်ခဲ့သော ၁ နှစ် က

Humic Acid က. စပါးပင် ဖျ န်းဆေးသုံးလို့ရပါသလား

WM Hlaing

WM Hlaing

လွန်ခဲ့သော ၁ နှစ် က

ဟူးမစ်အရည်ပြုလုပ်နည်း(၁) ကို ပြုလုပ်ပီးရင် ကြက်သွန်ခင်းမှာ မည်မျှအချိုးအစားနဲ့ဖြန်းသင့်လဲဗျ အာနိသင်သိပါရစေဗျ

WM Hlaing

WM Hlaing

လွန်ခဲ့သော ၁ နှစ် က

ဟူးမစ်အရည် ကြက်သွန်ခင်းဖြန်းလို့ရလား ဘယ်အရွယ်မှာ ဘယ်လောက်စီစီထည့်ဖြန်းရမလဲဗျ အကျိုးကျေးဇူးသိပါရစေ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၃ နှစ် က

ပါဝင်ပစ္စည်းများ ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်) ထုံး   ၂၈ ကျပ်သား (၁ ပေါင်) ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်) ရောစပ်သည့် အချိုး ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ) ၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည် ဒီတော့ ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ ဖျော်စပ်ပုံ       ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။      သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။

kyaw san lin

kyaw san lin

လွန်ခဲ့သော ၃ နှစ် က

ဒုတ်ဒါနဲ့ထုံးနဲ့မိုသတ်ဆေးပြုလုပ်ပုံလေးပြောပေးကြပါဆရာသမားတို့

You

ဆက်စပ်မေးခွန်းများ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

Lu Lu • ဖြေကြားချက် 2 ခု

ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""

Kyaw Aye • ဖြေကြားချက် 2 ခု

အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး

Ko Gyi Aung • ဖြေကြားချက် 1 ခု

ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ

bominthu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....