ပိန္နဲပင်ကို မြေသြဇာကျွေးနည်း
ပိန္နဲပင်ဟာ မြေဆီဩဇာကောင်းမွန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေတွေမှာ ဖြစ်ထွန်းနိုင်ပါတယ်။ မြေရဲ့ ချဥ်/ ငန်ကိန်းနဲ့ ပတ်သတ်လို့လည်း ဇီဇာကြောင်တာမျိုးမရှိဘဲ အက်စစ်ဓာတ် အနည်းငယ်ရှိနေတဲ့ မြေတွေမှာဆိုရင် သာမန်ထက် ပိုပြီးဖြစ်ထွန်းနိုင်ပါတယ်။ ပိန္နဲပင်ဟာ မြေဆီကြွယ်ဝတဲ့ နေရာကနေ သာမန်မြေများမှာသာမက တခါတရံမှာ ကျောက်စရစ်ပေါတဲ့မြေတွေနဲ့ ဂဝံမြေတွေမှာတောင် ရှင်သန်နိုင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ရေဝပ်ပြီး အမြဲစိုစွတ်မှုရှိနေတဲ့ အခြေအနေကိုတော့ ကြိုက်နှစ်သက်ခြင်းမရှိသလို ခံနိုင်ရည်လည်း မရှိပါဘူး။ ၎င်းအခြေအနေမှာရှိနေခဲ့ရင် အသီးတွေလည်း သီးနိုင်မှာ မဟုတ်ဘဲ အပင်ဟာ တဖြည်းဖြည်းနဲ့ သေဆုံးသွားမှာ ဖြစ်ပါတယ်။
ပိန္နဲပင်ကို သင့်တော်တဲ့ မြေဩဇာတွေ စနစ်တကျကျွေးခြင်းဖြင့် အပင်ကြီးထွားဖို့ရော အသီးများရရှိဖို့အတွက်ပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ပိန္နဲပင်ကို နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် (N:P:K) ၃ မျိုး ပါဝင်တဲ့ ကွန်ပေါင်းမြေဩဇာကျွေးခြင်းဖြင့် အပင်ကိုကြီးထွားမှုမြန်ဆန်စေပြီး ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။ သဘာဝအော်ဂဲနစ် မြေဩဇာတွေ အသုံးပြုမယ်ဆိုရင်တော့ မြေဆီဩဇာကောင်းမွန်စေပြီး ရေထိန်းစွမ်းအားလည်း တိုးတက်စေကာ မြေဆီလွှာတိုက်စားခံရတာကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
အဓိကအချက်ကတော့ မိမိရဲ့ မြေဆီလွှာမှာ ဘယ်အာဟာရဓာတ်တွေ လျော့နည်းနေသလဲဆိုတာ စစ်ဆေးပြီးမှ မြေဩဇာကျွေးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မလိုအပ်ဘဲ အာဟာရဓာတ်တွေ ထည့်ပေးခဲ့ရင်လည်း အာဟာရမညီမျှမှုဖြစ်ပြီး အကျိုးရှိမှာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာက မြေဆီလွှာကို ဓာတ်ခွဲခန်းပေးပို့စမ်းသပ်နိုင်သလို မိမိကိုယ်တိုင် စမ်းသပ်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ကိရိယာတွေကိုလည်း အသုံးပြုလို့တော့ရနေပါပြီ။ ယခုဆောင်းပါးမှာတော့ ပိန္နဲပင်မှာ ဘယ်လိုမြေဩဇာတွေကို အသုံးပြုလို့ရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တီကျစ်စာ
ပိန္နဲပင်မှာ အသုံးပြုလို့ရတဲ့ သဘာဝမြေဆွေးတွေထဲမှာမှ တီကျစ်စာဟာ ပိန္နဲပင်ကြီးထွားသန်မာစေဖို့အတွက် အကောင်းဆုံး သဘာဝမြေဩဇာ ဖြစ်ပါတယ်။ တီကျစ်စာဟာ မြေဆီဩဇာကောင်းမွန်စေရုံသာမက မြေဆီလွှာမှာ လေဝင်လေထွက်ကိုလည်း တိုးတက်စေကာ ရေထိန်းစွမ်းအားလည်း ကောင်းစေတာ ဖြစ်ပါတယ်။ တီကျစ်စာ အသုံးပြုခြင်းဖြင့် ပန်းပွင့်နဲ့ အသီးများဖြစ်ပေါ်မှုကို အားပေးသလို အမြစ်အတွက်လည်း ကောင်းစေတာကြောင့် ရေနဲ့ အာဟာရဓာတ်တွေကိုလည်း အပင်ဆီသို့ လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်ပါတယ်။
ဓာတုမြေဩဇာတွေနဲ့ မတူတဲ့ အဓိကအားသာချက်ကတော့ အပင်တွေကို လောင်ကျွမ်းစေတာမျိုး မရှိတာဖြစ်ပါတယ်။ တီကျစ်စာမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ဓာတ်တွေဖြစ်ပြီး ၎င်းအာဟာရဓာတ်တွေကို အပင်ရဲ့ အမြစ်တွေကနေ အလွယ်တကူ ရယူစားသုံးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် တီကျစ်စာမှာ အကျိုးပြုအဏုဇီဝသက်ရှိတွေနဲ့ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းနဲ့ အင်ဇိုင်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
တိရစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းများ
ပိန္နဲပင်တွေကို ပတ်ဝန်းကျင်ကနေရနိုင်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေနဲ့ နွားချေး၊ ကြက်ချေးနဲ့ ဆိတ်ချေးကဲ့သို့ တိရိစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းတွေကို ထည့်သွင်းပြီး ပြုလုပ်ထားတဲ့ သဘာဝမြေဆွေးတွေ မြေဩဇာတွေလည်း အသုံးပြုနိုင်ပါတယ်။ သဘာဝမြေဆွေးတွေ မြေဩဇာတွေ အသုံးပြုတဲ့အခါ တစ်ပင်လျှင် ၃ ကီလိုဂရမ်နှုန်းထားနဲ့ ၂ - ၃ လ လျှင် ၁ ကြိမ် ထည့်ပေးလို့ရပါတယ်။
သစ်သားပြာ
ပိန္နဲပင်မှာ သဘာဝမြေဩဇာအနေနဲ့ နောက်ထပ် အသုံးပြုနိုင်တဲ့ ပစ္စည်းကတော့ သစ်သားပြာ (Wood ash) ဖြစ်ပါတယ်။ သစ်သားပြာမှာ ကယ်လ်စီယမ်ကာဗွန်နိတ် ဓာတ်တွေဟာ ၄၀ - ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေတာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကြောင့် မြေဆီလွှာရဲ့ ချဥ်/ ငန် ကိန်းကို တိုးလာစေပြီး အက်စစ်ဓာတ် မြင့်နေတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ဓာတ်ဟာ အပင်တွေမှာ တွေ့ရတတ်တဲ့ အပွင့်တွေမဖြစ်ထွန်းဘဲ ပုပ်သွားတာမျိုး၊ ကြွေတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ထို့အပြင် သစ်သားပြာမှာ ပိုတက်ရှ်လို့ ခေါ်ကြတဲ့ ပိုတက်စီယမ်ဓာတ် အနည်းငယ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကတော့ အပင်တွေကို အစာချက်လုပ်နိုင်ဖို့၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ဖို့၊ အသီးအပွင့် အစေ့အဆန်တွေရဲ့ အရည်အသွေးတိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ သစ်သားပြာကို ပိန္နဲပင်လို သစ်သီးပင်တွေနဲ့ ကြီးမားတဲ့အပင်တွေအတွက် အသုံးပြုမယ်ဆိုရင်တော့ အပင်ခြေရင်းမှာ ၂ လက်မခန့်ရှိတဲ့ ကျင်းတူးပြီး ထည့်ပေးနိုင်ပါတယ်။ သစ်သားပြာကို သူ့တစ်မျိုးတည်းပဲ အသုံးပြုနိုင်သလို နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ အရိုးမှုန့်၊ ပဲဖတ်၊ အုန်းဆံမှုန့်မြေဆွေး၊ နုံးမြေ စတာတွေနဲ့ ရောစပ်ပြီးတော့လည်း အပင်ခြေရင်းမှာ ထည့်ပေးနိုင်ပါတယ်။ သစ်သားပြာကိုတော့ ၃ လလျှင် ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။

ဓာတ်မြေသြဇာအသုံးပြုမယ်ဆိုရင်တော့
အပင်ကြီးထွားဖို့နဲ့ အသီး အထွက်နှုန်းကောင်းဖို့အတွက် မြေသြဇာလုံလောက်စွာ ပေးနိုင်ဖို့လိုအပ်ပါတယ်။ မြေဩဇာအသုံးပြုရာမှာ အော်ဂဲနစ်မြေသြဇာတွေသာမက ဓာတုမြေဩဇာတွေကိုပါ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အစေ့ကနေ စတင်စိုက်ပျိုးတယ်ဆိုရင်တော့ စိုက်ပြီးတစ်လအကြာမှာ အမိုနီယမ်ဆာလ်ဖိတ်ကို တစ်ပင်လျှင် ၁၅၀ ဂရမ်နှုန်းထားနဲ့ ထည့်ပေးနိုင်ပါတယ်။ အဲ့ဒီကနေ ၆ လကြာပြီးနောက်မှာလည်း အမိုနီယမ်ဆာလ်ဖိတ်ကို တစ်ပင်လျှင် ၁၅၀ ဂရမ်နှုန်းထားနဲ့ ဆက်ပြီး ထည့်ပေးလို့ရပါတယ်။
အပင်သက် ၆ လသားကနေ ၂ နှစ်အထိကိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်တဲ့မြေဩဇာတွေကို အသုံးပြုသင့်ပါတယ်။ ၎င်းမြေဩဇာတွေကို ၈:၄:၂:၁ အချိုးနဲ့ ၁ ပင်လျှင် ၃၀ ဂရမ်နှုန်းထားဖြင့် ၆ လလျှင် ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။
အပင်စိုက်ပြီး ပထမ ၃ နှစ် ကာလအတွင်းမှာတော့ ကောင်းစွာကြီးထွားစေဖို့အတွက် ၁၅ ပတ်လည် ကွန်ပေါင်းမြေဇာ (သို့မဟုတ်) အာဟာရဓာတ် ဆတူပါဝင်တဲ့ မြေဩဇာတွေကို အသုံးပြုသင့်ပါတယ်။
ထို့နောက် အပင် ၄ နှစ်သားကနေ စတင်ကာ အသီးဖြစ်ထွန်းမှု အားကောင်းစေရန်အတွက် ပိုတက်စီယမ်ဓာတ် ပိုမိုပါဝင်တဲ့ မြေဩဇာတွေ အသုံးပြုပေးသင့်ပါတယ်။ ဓာတ်မြေသြဇာတွေကို အသုံးပြုမယ်ဆိုရင်တော့ ၃ လလျှင် ၁ ကြိမ် အသုံးပြုရုံနဲ့ လုံလောက်တာ ဖြစ်ပါတယ်။ မြေဩဇာကျွေးတဲ့အခါ အပင်ရဲ့ ပင်စည်ကနေ အနည်းဆုံး လက်မ ၂၀ ကျော် အကွာအဝေးရှိတဲ့ နေရာမှာ ထည့်ပေးသင့်တာ ဖြစ်ပါတယ်။
ရွက်ဖျန်းမြေသြဇာအနေနဲ့တော့
ပိန္နဲပင်တွေကိုလည်း ရွက်ဖျန်းမြေဩဇာ အသုံးပြုလို့ရပြီး ၎င်းတို့ကိုအသုံးပြုခြင်းဟာ အပင်ကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဖြင့် ဒုတိယအများလို အာဟာရဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာနဲ့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်၊ မဂ္ဂနိစ်၊ အိုင်းယွန်း၊ ကော့ပါး၊ ဘိုရွန်၊ မိုလစ်ဒီနမ် စတဲ့ အာဟာရဓာတ်တွေ ရရှိစေမှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref:https://gardeningtips.in/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ki kyaw wai phyo
လွန်ခဲ့သော ၁ နှစ် ကဝက်ချေးကျွေးလို့ရပါသလားပိန္နဲပင်ကို
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026