စိုက်ပျိုးမြေတွင်သုံးစွဲသင့်သည်မှာ သဘာဝမြေသြဇာ
ဝယ်ယူသုံးစွဲရန်မလို၊ အရင်းအနှီးမလို၊ လုပ်အားသာလိုအပ်သော သဘာဝမြေသြဇာများကို သီးနှံများစိုက်ပျိုးရာတွင် သုံးစွဲသင့်ပါသည်။ ထည့်သွင်းအသုံးပြုသည့်အခါတွင်လည်း ဓာတ်မြေသြဇာကဲ့သို့ သီးနှံပင်များအား လောင်ကျွမ်းခြင်း၊ အလေအလွင့်ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေပါ။ နှစ်စဉ်ထည့်ပေးသွားခြင်းအားဖြင့် စိုက်ပျိုးမြေအား တစ်နှစ်ထက်တစ်နှစ် မြေဆီသြဇာထက်သန် ကောင်းမွန်လာစေသည်သာမက ယခုခေတ်အမြင်အားဖြင့်ပြောရလျှင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်စေမည်ဖြစ်သည်။ သို့ဖြစ်၍ ဒေသအလိုက် အလွယ်တကူရရှိနိုင်သည့် သဘာဝမြေသြဇာများကို နှစ်စဥ်ထည့်သွင်းအသုံးပြုရေး နှိုးဆော်တိုက်တွန်းလိုပါသည်။
သဘာဝမြေသြဇာ
ကျေးလက်ဒေသတွေမှာ အလွယ်တကူရရှိနိုင်သော နွား၊ ကြက်၊ ဝက်၊ ဘဲ၊ မြင်း၊ သိုး၊ ဆိတ်၊ လင်းနို့ချေးများ၊ အပင်တို့၏ရုပ်ကြွင်းများ၊ ဆီကြိတ်ဖတ်များ၊ မြို့နယ်၊ ကျေးရွာ လယ်ယာမြေတို့မှ စွန့်ပစ်သော အမှိုက်ဆွေးများ၊ ကြံမြှုပ်ချေး၊ အရိုးမှုန့်၊ သစ်ရွက်စိမ်းမြေသြဇာ၊ သစ်ရွက်ဆွေး စသည်တို့အားလုံးသည် သဘာဝမြေသြဇာများချည်းဖြစ်ပါသည်။
နွားချေးမြေသြဇာ
နွားချေးကို စနစ်တကျ သိုလှောင်စုဆောင်းပြီး သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်သည်။
သုတေသနပညာရှင်တစ်ဦး၏လေ့လာတင်ပြချက်အရ ကျွဲနွားတစ်ကောင်မှ တစ်နေ့လျှင် ပျမ်းမျှနွားချေး ၅ ပိဿာ ရရှိနိုင်ပြီး ကျွဲနွားတစ်ရှဉ်းရှိသော တောင်သူတစ်ဦးလျှင် တစ်နှစ် နွားချေး ၃၆၀၂ ပိဿာ ရရှိသုံးစွဲနိုင်သည်ဟု ဆိုပါသည်။ စိုက်ပျိုးမြေ ၁၀ ဧကရှိသောတောင်သူဖြစ်ပါက တစ်ဧကပိဿာ ၃၆၀ သုံးစွဲနိုင်မည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။
တစ်ဟက်တာတွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေး တန် ၂၀ ထည့်ခြင်းသည် နိုက်ထရိုဂျင် ၇၈ ကီလိုဂရမ်၊ ဖော့စ်ဖားရပ်စ် ၁၇ ကီလိုဂရမ်နှင့် ပိုတက် ၁၁၆ ကီလိုဂရမ်တို့ကို ထည့်သွင်းပေးခြင်းနှင့် ညီမျှကြောင်း တွေ့ရှိခဲ့သည်။ နှစ်ရှည်စမ်းသပ်ချက်များအရ နွားချေးဆွေး (သို့မဟုတ်) မြေဆွေးသည် ဓာတ်မြေသြဇာနီးပါးခန့် စပါးအထွက်ကို ရရှိစေသည်ဟု ဆိုပါသည်။
နွားချေးမြေသြဇာအား ဓာတ်မြေသြဇာများနှင့် တွဲဖက်အသုံးပြုပါက ဓာတ်မြေသြဇာ သက်သက် အသုံးပြုခြင်းထက် သီးနှံအထွက်နှုန်းများ တိုးတက်ထွက်ရှိနိုင်သည်။ စပါးသီးနှံတွင် ဓာတ်မြေသြဇာကို အသင့်အတင့်သုံးပြီး မြေဆွေးနှင့် နွားချေးဆွေးတို့ကို ထည့်ပေးခြင်းဖြင့် စပါးအထွက်တိုးနိုင်သည်ဟုလည်း အခိုင်အမာသုတေသနပြုတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
သစ်ဆွေးမြေသြဇာ
တိရိစ္ဆာန်ချေးများမရနိုင်သော ဒေသများတွင် သစ်ဆွေးမြေသြဇာသည် သီးနှံစိုက်ပျိုးရာတွင် များစွာအသုံးဝင်သည်။ သစ်ဆွေးမြေသြဇာကို လယ်ယာမြေတို့မှ စွန့်ပစ်ပစ္စည်းမျိုးစုံနှင့် မြို့နှင့် ကျေးရွာတို့တွင်ရှိသော အမှိုက်သရိုက်တို့မှ ပြုလုပ်နိုင်သည်။
သဘာဝမြေသြဇာပြုလုပ်နိုင်သည့် ကုန်ကြမ်း (Bio-mass) များမှာ လယ်ယာမြေတို့မှ ပေါင်းမြက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ မြေပဲရိုး၊ ပဲမျိုးစုံရိုး၊ သစ်ရွက်၊ ပြာ၊ ကြံကြိတ်ဖတ်၊ စပါးခွံ၊ မြစ်ချောင်းများမှ ဗေဒါပင်၊ သစ်တောမှကြွေကျသော သစ်ရွက်များ၊ ကျွဲ၊ နွား၊ ဝက်စသည် တိရိစ္ဆာန်ချေးစသည်တို့ ဖြစ်ပါသည်။
သစ်ဆွေးမြေသြဇာပြုလုပ်ခြင်းသည် ယေဘုယျအားဖြင့်ပြောရလျှင် အသုံးမပြုသော အလေအလွင့်များကို အသုံးဝင်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ လယ်ယာမြေအတွင်း ထည့်သွင်းပေါင်းစပ်လိုက်ခြင်းဖြင့် မြေဆီလွှာကို နောင်ကာလအတွက် ထိန်းသိမ်းတည်တံ့စေရန် အထောက်အကူပြုလိုက်ခြင်းပင်ဖြစ်သည်။ သစ်ဆွေးမြေသြဇာတွင် ကောင်းကျိုးများစွာ ရှိပါသည်။
အပင်အတွက်လိုအပ်သော အရေးကြီးသည့် အာဟာရဓာတ်များကို ရရှိစေသည်။ ထို့ကြောင့် ဓာတ်မြေသြဇာဝယ်ယူဖို့လိုအပ်ချက်ကို လျော့ချနိုင်သည်။ ရေရှည်ခံပြီး အာဟာရဓာတ်တွေ ထောက်ပံ့ပေးနေနိုင်သည်။ အပင်အမြစ်များအတွက် လေဝင်လေထွက်ကောင်းစေပြီး မြေဆီလွှာတိုက်စားမှုကိုလည်း ခံနိုင်ရည်ရှိစေသည်။ စိုက်ပျိုးမြေ၏ အချဉ်အငန်ဓာတ်ကိုလည်း ထိန်းပေးသည်။ ထွက်ရှိလာသည့် သီးနှံအရည်အသွေးကိုလည်း ကောင်းစေပါသည်။
မည်သို့ဖြစ်စေ ဓာတ်မြေသြဇာစျေးနှုန်းမြင့်မားပြီး၊ လယ်ယာသီးနှံအချို့နှင့် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံတို့တွင် ဓာတ်ကြွင်းအာနိသင်ကို စိုးရိမ်စရာဖြစ်နေသော ယနေ့ကာလတွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်းသည် ပို၍ပင် လိုအပ်ချက်ဖြစ်သည်ဟုဆိုချင်ပါသည်။ သို့ဖြစ်၍ နေရာဒေသလိုက်၍ မိမိစိုက်ခင်းနှင့် အလှမ်းမဝေးလှသည့် နေရာများတွင် အများအပြားရရှိနိုင်မည့် ကုန်ကြမ်းအပေါ် အခြေခံ၍ မြေဆွေးမြေသြဇာပြုလုပ်သုံးစွဲရေး ဆောင်ရွက်သင့်ပါသည်။
သစ်စိမ်းမြေသြဇာ
မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို တိုးတက်စေရန် အပင်၏ အစိမ်းရောင်အစိတ်အပိုင်းများကို မြေတွင်ပေါင်းစပ်ထည့်ပေးခြင်းဖြင့် ဆွေးမြေ့စေခြင်းကို သစ်စိမ်းမြေသြဇာဟု ခေါ်နိုင်သည်။ မြေဆီသြဇာထက်သန်စေရန် သစ်စိမ်းမြေသြဇာပင်များကို မြေဆီလွှာအတွင်းသို့ ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် သစ်စိမ်းမြေသြဇာကျွေးနိုင်ပါသည်။
သစ်စိမ်းမြေသြဇာပင်များအဖြစ် အသုံးများသည့် အပင်များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲကြီးစသည့် ပဲမျိုးနွယ်ဝင်အပင်များ၊ အာဖရိကညံ၊ ပိုက်ဆံလျှော်စသည့်အပင်များဖြစ်သည်။ သစ်စိမ်းမြေသြဇာပင်များတွင် ထူးခြားသည့်လက္ခဏာများရှိရန် လိုသည်။ ဖေါ်ပြရလျှင် မြေညံ့မှာပင် အပင်ဖြစ်ထွန်းနိုင်ခြင်း၊ ကြီးထွားမှုလျှင်မြန်ခြင်း၊ ဒြပ်ခြောက်ထုတ်လုပ်မှုများခြင်း၊ နိုက်ထရိုဂျင်ပါဝင်မှုများခြင်း၊ အလင်းရောင်တုံ့ပြန်မှုမရှိခြင်းစသည်တို့ ဖြစ်ပါသည်။
သဘာဝမြေသြဇာ၏ကောင်းကျိုး
သဘာဝမြေသြဇာများသည် သီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်စုံကို ပေးနိုင်သည်။ သဲနှင့် သဲနုန်းကဲ့သို့မြေများကို အစိုဓာတ်ထိန်းနိုင်စေပြီး ရွှံ့စေးကဲ့သို့သော မြေမာများတွင် ချပေးပါက မြေသားပွလာကာ မြေသားအသွင်အပြင်ကို ကောင်းမွန်စေသည်။ သီးနှံပင်အမြစ်များသည် မြေသားအတွင်းသို့ လွယ်ကူစွာ ထိုးဖေါက်ဝင်ရောက်နိုင်သည်။ တစ်နှစ်ထည့်ပေးပြီး နောက်နှစ်တွင် ထည့်မပေးသည့်တိုင်အောင် သီးနှံအထွက်နှုန်းကို ကောင်းမွန်စေသည်။ သဘာဝမြေသြဇာများကို နှစ်စဥ်ရသလောက်ထည့်ပေးလျှင် ၄ - ၅ နှစ်ကြာသည့်အခါ မြေဆီသြဇာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရပါသည်။
သဘာဝမြေသြဇာတွင် ဓာတ်မြေသြဇာနှင့်နှိုင်းယှဉ်ပါက အာဟာရဓာတ်ပါဝင်မှု မများသော်လည်း မြေဆီလွှာ၏ ရုပ်သဘာဝအခြေအနေကို ပြုပြင်ပြောင်းလဲပေးနိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုခြင်းတို့ကြောင့် သဘာဝမြေသြဇာများသည် မြေဆီလွှာကောင်းမွန်စေရေးအတွက် မရှိမဖြစ်လိုအပ်သောမြေသြဇာများပင် ဖြစ်ပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....