တရုတ်..တရုတ်နဲ့ နေရာတိုင်း၊ စိုက်ပျိုးရေးကဏ္ဍတိုင်းမှာ လွှမ်းမိုးနေပြီလား?
ဟုတ်ပါတယ် တရုတ်လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတော်အများများကို လွှမ်းမိုးမှုရှိနေတာ အားလုံးအသိပါ။ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာလည်း တရုတ်ရဲ့လွှမ်းမိုးမှုဟာ အတော်များပါတယ်။ စိုက်ပျိုးထုတ်လုပ်သော သီးနှံအများစု၊ ကုန်ကြမ်းများကို တရုတ်ပြည်သို့ တင်ပို့ရောင်းချရာမှာ တစ်နှစ်ထက်တစ်နှစ် အမှောင်ထဲမှာ တိုင်ထောင်ပြီး လေးခွနဲ့ပစ်နေရသလိုပါပဲ...
ဈေးကောင်းမိဖို့ ရောင်းထွက်ဖို့ကို တောင်သူများမှာ မျှော်လင့်ချက်ကြီးမားတဲ့မှန်းချေနဲ့ သီးနှံများကို ရွေးချယ်စိုက်ပျိုးနေရတဲ့ အခြေအနေပါ။
ဒါတင်ဘယ်ဟုတ်မလဲ.... စက်မှုလယ်ယာစနစ်ကို တဖြည်းဖြည်းပြောင်းလဲလာတဲ့ခေတ်ကြီးမှာ တရုတ်စက်ပစ္စည်းတွေကို အသုံးပြုနေရသော တောင်သူအများစုမှာလည်း "မချစ်သော်လည်း အောင့်ကာနမ်း" ဆိုသလိုပါပဲ။ တောင်သူအများစု လက်လှမ်းမီတဲ့တန်ဖိုးနှုန်းထားအခြေအနေဆိုတဲ့ အခွင့်အရေးလေးတစ်ခုက ရှိနေသေးတာကိုး.....။
ဒါပေမယ့် တရုတ်စက်လို့ပြောလိုက်ရင် လူများစုဟုထင်ရသော လူနည်းစုအတွက်အကျိုးပြုနေတဲ့ တရုတ်ဆန်စက်တွေတော့ ရှိနေပါတယ်။ လွန်ခဲ့သော ၅ -၁၀ နှစ်ဝန်းကျင်မှ စတင်၍ ပေါပေါများများတည်လာတဲ့ တရုတ်ဆန်စက်တွေဟာ မြန်မာပြည်တွင်းရှိ စပါးထုတ်လုပ်မှုကို ပြည်ပတင်ပို့ရာ၌ စပါးကုန်ကြမ်းအဖြစ်မှ ဆန်ကုန်ချောအဖြစ်ပြောင်းလဲ ထုတ်လုပ်ပြီး အတော်များများတင်ပို့နိုင်ခဲ့တာကိုး.....။
သို့သော် ဆန်ကုန်ချောတွေကို များများပြည်ပတင်ပို့တာတွေ လုပ်ဆောင်လာနိုင်ခြင်းသည် တောင်သူကြီးမှစ၍ တောင်သူငယ်၊ လုပ်ကွက်ငယ်တောင်သူတွေအထိ မျက်ဝါးထင်ထင် တိုးတက်ပြောင်းလဲခြင်းကို မမြင်တွေ့ရသေးတာကတော့.... အမှန်ဖြစ်မယ်ထင်ပါတယ်။
ဒါနဲ့ ဘယ်သူတွေ အကျိုးအမြတ်ရရှိနေတာလဲ...?
လက်ရှိ ဝန်းကျင်မှာမြင်တွေ့နေရတဲ့ တရုတ်ဆန်စက်တွေရဲ့ အကျိုးသက်ရောက်မှုမှာဖြင့်.... တရုတ်စက်တွေ များများပေါ်လာပြီကတည်းက ဗမာဆန်စက်ဟူသော ဆန်စက်အသေးစားလေးတွေ တဖြည်းဖြည်းပိတ်သိမ်းကုန်တာပါပဲ...
ဒါက တောင်သူငယ်/လုပ်ကွက်ငယ်တောင်သူများအတွက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ တောင်သူများဟာ ဟိုးအရင်က မိမိလယ်မှထွက်တဲ့စပါးကို ဆန်စက်လေးတွေမှာကြိတ်ပြီး စားဖို့ သိုလှောင်ထားတတ်ကြပါတယ်။
ဒါကို စေ့စပ်သေချာပြီး ငွေကြေးကို စနစ်တကျ တွက်ချက်သုံးစွဲမှရတဲ့အခြေအနေနဲ့တောင်သူငယ်များအတွက် သက်ရောက်မှုတစ်ခုပါပဲ။
ဗမာဆန်စက်များမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်းမှာ တစ်မြို့နယ်ကို ၁၀ စက် နီးပါးထိရှိခဲ့ပေမယ့် ယခုမှာတော့ တစ်မြို့နယ်ကို ၁-၂ စက်မျှသာရှိပါတော့တယ်။ ဒါမြို့တိုင်းမဟုတ်ပါဘူး။ တချို့မြို့နယ်တွေမှာလုံးဝမရှိတော့ပါဘူး။
ခုထက်ထိ ဗမာဆန်စက်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးကို မေးမြန်းကြည့်တဲ့အခါ....
ဗမာဆန်စပ်လုပ်ကိုင်တာ အရင်လိုစီးပွားမဖြစ်တော့ဘူး။ ဒါ့ကြောင့် တခြားဗမာဆန်စက်လုပ်ငန်းတွေ အကုန်ပိတ်ကုန်တာ။ ဒါပေမယ့် ကျွန်တော်က ခုထိမပိတ်သေးတာက မိဘလက်လုပ်လက်ရင်းမို့ ဆက်လုပ်ကိုင်တာကတစ်ကြောင်း၊ စပါးကောက်သင်းကောက် စုဆောင်းပြီး ခုထိ ကြိတ်စားရတဲ့လူတချို့ရှိနေသေးတာတစ်ကြောင်း၊ တောင်သူငယ်တွေက ကိုယ်တိုင်စိုက်တဲ့စပါးကို ကိုယ်တိုင်ကြိတ်စားနေတာတွေ ရှိသေးတာတစ်ကြောင်း၊ တချို့ တိရစ္ဆာန်စာအဖြစ် စပါးအနည်းငယ်ကိုကြိတ်ခွဲတာ ရှိနေသေးတာတစ်ကြောင်း ဒါတွေကြောင့် ကျွန်တော့်ဆန်စက်လေးကိုမပိတ်ပဲ ဆက်လုပ်ကိုင်နေတာ။ စီးပွားလုံးဝမဖြစ်ဘူး။ ဒါမပေမယ့် သူတို့လို လူတစ်စုကို တွေးပေး ပူပေးတဲ့သူတွေမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်လယ်ယာလုပ်ကိုင်ရင်း တဖက်က ဆန်စက်လေးကို ဆက်လည်ပတ်ပေးနေတာ
ဒါနဲ့ တိုးတက်ပြောင်းလဲလာမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေနစ်နာနေခဲ့လဲ..? ဘယ်လိုဆုံးရှုံးမှုတွေရှိနေတတ်လဲ ....?
ဆုံးရှုံးမှုတစ်ခုအဖြစ် ခေါင်းစဉ်တပ်ပြီး ပြောရရင်ဖြင့်......အဆီအနှစ်ပြည့်ဝတဲ့ဆန်ကိုချက်ပြုတ်စားသုံးရတဲ့ ထမင်းရဲ့ အာဟာရတန်ဖိုးကို သိစေချင်မိတယ်။
ဒီအာဟာရတန်ဖို့ကို တရုတ်ဆန်စက်နဲ့ ကြိတ်ခွဲပြီးရတဲ့ဆန်တွေမှာ ရရှိမှာမဟုတ်ဘူး။
လူတွေရဲ့ ထမင်းဖြူဖြူလေးမှကြိုက်တဲ့အလိုကိုလိုက်နိုင်တဲ့ တရုတ်ဆန်စက်တွေမှာကြိတ်ခွဲတဲ့ ဆန်ဖြူများမှာတော့ အာဟာရဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို ဆန်လုံးညိုများထက် ပိုလျော့သွားစေပါတယ်။
ဗမာဆန်စက်များမှာတော့ ဆန်လုံးညိုအဖြစ် ကြိတ်ခွဲစားသုံးနိုင်ပြီး ဆန်လုံးညိုစားသုံးခြင်း၏အကျိုးမှာ
- ကိုလက်စထရောကို လျော့ကျစေတယ်
- ဦးနှောက်သွေးမလျှောက်၍ လေဖြတ်ခြင်းအန္တရာယ်မှ လျော့နည်းစေတယ်
- နှလုံးရောဂါဖြစ်မှုကို လျော့နည်းစေတယ်
- ဆီးချို အမျိုးအစား ၂ ဖြစ်မှုကို လျော့နည်းစေတယ် စတဲ့အကျိုးတွေကို ရရှိစေမှာပါ။
ဒါလေး ထောက်ပြတာနဲ့ တိုးတက်ပြောင်းလဲလာမှုတွေက အပြစ်ဖြစ်သွားပြီလားလို့..မဆိုလိုချင်ပါဘူး။
သို့သော် တိုးတက်ပြောင်းလဲလာမှုရဲ့ ခေါင်းစဉ်အောက်မှာ နစ်နာနေရတဲ့လူတစ်စု၊ အခြေအနေတစ်ရပ်တို့ကို.... မမေ့လျော့ဖို့၊ သတိပြုမိဖို့ ထောက်ပြပေးချင်တဲ့ ဆန္ဒတစ်ရပ်ပါ။
လေးစားစွာဖြင့်...
သိင်္ဂီလှိုင်(B.Agr.Sc)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020