ဇီဝ မြေသြဇာတွေကို ကိုယ်တိုင်ပြုလုပ်နိုင်သလား
ဇီဝ နည်းစနစ်တွေက အမျိုးမျိုးပေါ်နေတာ
မြေသြဇာတွေဆိုတာလည်း လိုက်လို့တောင် မမှီတော့ဘူး။ ဇီဝ ပိုးသတ်ဆေးတဲ့ ဇီဝမြေသြဇာတဲ့
အဲ့အကြောင်းနည်းနည်းလောက် ပြောစမ်းပါ။ ဘာတွေလဲလို့ ..
ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကဲ့ပါ ဇီဝ ဆိုတာက သက်ရှိကိုပြောချင်တာ
ဇီဝပိုးသတ်ဆေး ဆိုတာကတော့
ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် နဲ ပရိုတိုဇိုဝ တို့လို အနုဇီဝသက်ရှိတွေပါဝင်ပြီးတော့ အပင်တွေကို ခံနိုင်ရည် ရှိအောင် စွမ်းအားမြှင့်တင်ပေးတာမျိုး၊ ရောဂါပိုးမွှား ကာကွယ်တိုက်ခိုက်ပေးတာမျိုး လုပ်နိုင်တယ်ဆိုရင် အဲ့ပစ္စည်းတွေကို ဇီဝ ပိုးသတ်ဆေးလို့ ခေါ်ပါတယ်။
ပုံမှန်သုံးနေကြ ပိုးသတ်ဆေးတွေက ဓာတု ပိုးသတ်ဆေးတွေဖြစ်ပါတယ်။ အသက်ရှင်နေတဲ့ သက်ရှိလေးတွေ မပါဝင်နေပါဘူး။ ဇီဝ ပိုးသတ်ဆေးလို့ ပြောလိုက်ရင် ကိုယ်တွေကို အကျိုးပြန်ပြုပေးနိုင်တဲ့ အနုဇီဝ သက်ရှိ တစ်ကောင်ကောင်ပါကိုပါရတာဖြစ်ပါတယ်။ အဲ့ဒါက ဇီဝ ပိုးသတ်ဆေးပါ။ ဘီတီ ဘီတီ လို့အလွယ်ခေါ်နေကြတဲ့ ဘက်တီးရီးယားကတော့ နာမည်ကြီးပါပဲ။
ဘက်စလပ် မျိုးစိတ်တွေ နာမည် အရမ်းကြီးပါတယ်။
ဇီဝမြေသြဇာ ဆိုတာကရော ဘာလဲ
အပင်တွေကို အာဟာရတွေ ရနိုင်အောင် ဖမ်းယူပေးနိုင်တဲ့ မြေထဲက အာဟာရတွေကို အပင်တွေအတွက် ပြောင်းလဲပေးနိုင်တဲ့ ဘက်တီးရီးယားလို၊ မှိုတွေလို၊ ရေညှိတွေ၊ စတဲ့ အနုဇီဝသက်ရှိတွေပါဝင်တဲ့ မြေသြဇာကို ဆိုလိုတာဖြစ်ပါတယ်။ ခုဆိုရင် ဈေးကွက်ထဲမှာတောင် တော်တော်များများက ရောင်းနေကြပါတယ်။ ထရိုင်ကိုဒါးမားလို မျိုး၊ မိုက်ကိုရိုင်ဇာလိုမျိုး စတဲ့ မှိုမျှင်တွေဟာဆို နာမည်ကြီးတဲ့ ဇာတ်လိုက်ကျော်ကြီးတွေပါ။ သူတို့ကို ဇီဝ မြေသြဇာလို့ခေါ်တာဖြစ်ပါတယ်။
အရင်တုန်းကတော့ ဒီလိုဇီဝ မြေသြဇာတွေ ဇီဝပိုးသတ်ဆေးတွေကို သုံးဖို့ မလိုခဲ့ပါဘူး။ သဘာဝအတိုင်းကိုက သူ့ဘာသာ မြေကြီးထဲမှာ ရှိနေပြီးသား အပင်တွေမှာ ကပ်တွယ်နေပြီးသားတွေပါပဲ။ နောက်ပိုင်း စိုက်ပျိုးရေးနည်းလမ်းတွေမှာ မြေကိုထွန်ယက်ကြတာများသွားတာမျိုး၊ ပိုးသတ်ဆေး အလွန်အကျွံ သုံးတာမျိုးနဲ့ ပေါင်းသတ်ဆေးတွေကြောင့် သူတို့လေးတွေ က လျော့နည်းလာတာပါ။ မြေထဲမှာ လူတွေကို အကျိုးပြုတဲ့ အနုဇီဝသက်ရှိတွေက ရှိနေပြီးသားပါ။
ဇီဝ မြေသြဇာတွေကို ကိုယ်တိုင်ပြုလုပ်နိုင်သလား
ဝမ်းသာစရာ သတင်းကောင်းကတော့ ဇီဝ တွေကို ကိုယ်တိုင်ထုတ်ယူပွားများနိုင်ပါတယ်တဲ့။ Natural Farming လို့ခေါ်တဲ့ သဘာဝကျကျစိုက်ပျိုးမွေးမြူရေးစနစ်မှာ ဇီဝနည်းစနစ်တွေကိုသုံးပြီးတော့ စိုက်ပျိုးသွားတာပါ။ ဒေသခံအနုဇီဝတွေကို အဆင့်(၁) အဆင့်(၂) အဆင့်(၃) စတဲ့အဆင့်တွေအတိုင်း ထုတ်ယူပြီးတော့ သုံးစွဲတာဖြစ်ပါတယ်။
ထရိုင်ကိုဒါးမား လို့ဆိုတဲ့ မှိုတွေဟာဆိုရင်လည်း ပြန်လည်ပွားများယူလို့ ရပါတယ်။ ငါးအမိုင်နိုအက်ဆစ်၊ ဘိုကာရှိ၊ စူပါဘိုကာရှီ စတဲ့ အရာတွေမှာ အကျိုးပြု အနုဇီဝသက်ရှိတွေပါဝင်ပြီးတော့ အပင်နဲ့ မြေကြီးတွေကို အကျိုးပြုပါတယ်။ မြေဆွေးပုံ ပုံလိုက်တဲ့အခါမှာ လေရှိမှ အသက်ရှင်နိုင်တဲ့ မိုက်ခရုပ်လေးတွေ၊ လေမဲ့ အသက်ရှင်နိုင်တဲ့ မိုက်ခရုပ်လေးတွေ က ရှင်သန်ပေါက်ဖွားလာနိုင်ပါတယ်။ မြေကြီးထဲကို အဲ့မြေဆွေးတွေ ရောက်သွားတဲ့ အခါမျိုးမှာလည်း အခြေအနေပေးတဲ့အခါ အများကြီး ပွားများလာပြီးတော့ အပင်တွေကို အကျိုးပြုနိုင်ပါတယ်။
အော် မေ့တော့မလို့ တီကောင်တွေ ရှိတာလည်း ဇီဝမြေသြဇာပဲနော်။ တီကောင်သုံးပြီး ဇီဝမြေသြဇာထုတ်လုပ်လို့ရပါတယ်။
ပွားများထုတ်ယူနည်းတွေကတော့ Greenway စိုက်မွေး အပလီကေးရှင်းထဲမှာ မွှေနှောက်လို့ရပါပြီနော်။
ထွန်းဝင်းကျော်
kyaw min
လွန်ခဲ့သော ၅ နှစ် ကထရိုင်ကိုဒါးမားပြုလုပ်နည်းလေးတင်ပါအုန်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026