အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း

ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း

Green Way
Green Way • Greenovator • 25/09/2026
00:00
00:00

ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း၏ သက်ရောက်မှုများ ရှိနေသည့်အပေါ် ကြီးမားပြင်းထန်သော အယ်လ်နီညို (super El Niño) ကြောင့် အပူချိန်များ ထပ်မံမြင့်တက်လာကာ နိုင်ဂျီးရီးယားနိုင်ငံမှသည် အမေရိကန်ပြည်ထောင်စုအထိ ကမ္ဘာတစ်ဝန်းတွင် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက် အစီရင်ခံစာသစ်က ဖော်ပြလိုက်သည်။

ယင်းသေဆုံးမှုအရေအတွက်သည် လက်ရှိကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်နေသော သေဆုံးမှုများအပြင် ထပ်မံတိုးလာမည့် အရေအတွက်ဖြစ်သည်။ အင်ဒိုနီးရှားမှသည် အိန္ဒိယ၊ နိုင်ဂျီးရီးယားမှ အမေရိကန်အထိ ကမ္ဘာတစ်ဝန်းတွင် သက်ရောက်မှုရှိမည်ဖြစ်သည်။ ထို့အပြင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် မိုးခေါင်ရေရှားမှုများ၊ တောမီးလောင်ကျွမ်းမှုများနှင့် ရေကြီးရေလျှံမှုများကြောင့်လည်း နောက်ထပ် သေဆုံးမှုများစွာ ရှိလာနိုင်သည်ဟု မျှော်လင့်ရသည်။

သုတေသီများက အဆိုပါ အပူဒဏ်ကြောင့် သေဆုံးနိုင်ခြေကို ဒေသအလိုက် တွက်ချက်ထားခြင်းဖြစ်ပြီး ဤခန့်မှန်းချက်များအရ လူ့အသက်များကို ကယ်တင်ရန်အတွက် အကာအကွယ်ပေးရေး အစီအမံများကို မည်သည့်နေရာများတွင် ချမှတ်သင့်သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ၎င်းအစီအမံများတွင် ပိုမိုကောင်းမွန်သော အပူချိန်ခန့်မှန်းချက်များ၊ ပြည်သူများ ခိုလှုံနိုင်မည့် အအေးပေးစင်တာများ (cooling centres)၊ အပူပြင်းဆုံးအချိန်များတွင် ဆေးရုံဆေးခန်းများ၌ ဝန်ထမ်းအင်အား တိုးချဲ့ချထားခြင်းနှင့် ပြင်ပတွင် အလုပ်လုပ်ကိုင်သူများအတွက် အကာအကွယ်ပေးခြင်းတို့ ပါဝင်သည်။

လက်ရှိ ကမ္ဘာကြီးကို ပူနွေးစေလျက်ရှိသော အယ်လ်နီညိုသည် ယခင်က မရှိခဲ့ဖူးသည့် အမြင့်ဆုံး အပူချိန်စံချိန်ကို တနင်္လာနေ့က ချိုးဖျက်ခဲ့သည်။ ယင်းသည် မျှော်လင့်ထားသည့် အမြင့်ဆုံးအချိန်သို့ မရောက်မီ လအနည်းငယ်အလိုမှာပင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအပူဒဏ်သည် ယခင်ဖြစ်စဉ်များထက် များစွာပိုမိုပြင်းထန်လှသောကြောင့် သိပ္ပံပညာရှင်များက ၎င်းကို "အံ့မခန်း (mind-blowing)" နှင့် "ဂေါ်ဇီလာအဆင့် (Godzilla-level)" ဟုပင် တင်စားခေါ်ဝေါ်နေကြသည်။ အယ်လ်နီညိုသည် သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်နိုင်သည်။

"လူပေါင်း ၄၅၁,၀၀၀ ဆိုတဲ့ ခန့်မှန်းချက်က အရမ်းများလွန်းလို့ ကြားလိုက်တာနဲ့ ထိတ်လန့်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ထဲမှာ မိဘတွေ၊ ကလေးတွေ၊ အဘိုးအဘွားတွေ၊ အိမ်နီးနားချင်းတွေ၊ အလုပ်လုပ်နေသူတွေ၊ မိသားစုကို စောင့်ရှောက်နေသူတွေနဲ့ သာမန်ဘဝကို ဖြတ်သန်းနေကြသူတွေ ပါဝင်နေပါတယ်" ဟု အစီရင်ခံစာကို ပူးတွဲရေးသားသူ ချီကာဂိုတက္ကသိုလ်၊ Climate Impact Lab ၏ ပူးတွဲတည်ထောင်သူ ပရော်ဖက်ဆာ မိုက်ကယ် ဂရင်းစတုန်း (Prof Michael Greenstone) က ပြောကြားခဲ့သည်။

လာမည့် ခြောက်လအတွင်း အဆိုးရွားဆုံး ထိခိုက်မည့် နိုင်ငံများမှာ အပူပိုင်းဒေသ နိုင်ငံများဖြစ်သည့် နိုင်ဂျီးရီးယား (လူ ၃၁,၃၂၀ ဦး)၊ အင်ဒိုနီးရှား (၁၉,၂၅၁ ဦး)၊ ဆူဒန် (၁၇,၄၃၀ ဦး)၊ အိန္ဒိယ (၁၅,၆၇၀ ဦး) နှင့် ဘရာဇီးလ် (၁၃,၂၇၁ ဦး) တို့ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည်လည်း ထပ်မံသေဆုံးနိုင်သူ ၃,၅၀၀ ဖြင့် အဆိုးရွားဆုံး ထိခိုက်နိုင်သည့် နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေသည်။ ပိုမိုကျယ်ပြန့်စွာကြည့်လျှင် အာဖရိကတိုက်ရှိ ဆာဟယ်လ် (Sahel) ဒေသနှင့် အရှေ့တောင်အာရှတို့သည်လည်း ကြီးမားစွာ ထိခိုက်နိုင်ခြေရှိသည်။

"ဒီနှစ်အတွင်း အရေးပေါ်တုံ့ပြန်မှုတွေကို တိုးမြှင့်တာနဲ့ ပစ်မှတ်ထားပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်တာတွေက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်" ဟု အစီရင်ခံစာ ပူးတွဲရေးသားသူ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) မှ ဒေါက်တာ တမ်မာ ကာလ်တန် (Dr Tamma Carleton) က ပြောသည်။

အယ်လ်နီညိုကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများကိုလည်း ထိခိုက်စေနိုင်ပြီး လူသန်းပေါင်း ၅၀ ခန့်ကို ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းဆီသို့ တွန်းပို့နိုင်ကာ ကုန်ဈေးနှုန်းများကို မြင့်တက်စေနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လတွင် သတိပေးထားသည်။ ၁၈၇၇-၁၈၇၈ ခုနှစ်က ဖြစ်ပွားခဲ့သော ကြီးမားသည့် အယ်လ်နီညိုဖြစ်စဉ်တွင် မိုးခေါင်ခြင်းနှင့် အစာရေစာပြတ်လပ်ခြင်းတို့ကြောင့် လူသန်း ၅၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယ၊ ဘရာဇီးလ်နှင့် တရုတ်နိုင်ငံတို့တွင် အဆိုးရွားဆုံး ခံစားခဲ့ရသည်။

အင်ပီရီရယ်လ် ကောလိပ် လန်ဒန် (Imperial College London) မှ ပရော်ဖက်ဆာ ဖရီဒါရစ် အော့တို (Prof Friederike Otto) က "လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ဟာ ရာသီဥတုစနစ်အတွင်း စွမ်းအင်တွေ အကြီးအကျယ် ပြောင်းလဲရွေ့လျားမှုဖြစ်ပြီး အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက လူသားတွေကြောင့် ပိုပူနွေးနေတဲ့ ရာသီဥတုစနစ်အပေါ် ထပ်မံသက်ရောက်နေလို့ပါပဲ" ဟု The Guardian သို့ ပြောကြားခဲ့သည်။

"ကမ္ဘာတစ်ဝန်း နေရာအများအပြားမှာ အရင်က မကြုံဖူးတဲ့ အလွန်အမင်း အပူဒဏ်တွေကို ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ရေရှားပါးမှု စတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ ကျွန်ုပ်တို့ မြင်တွေ့ရမှာပါ။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေကို ဆက်လက် အသုံးပြုနေသမျှ ကာလပတ်လုံး အယ်လ်နီညိုရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုခက်ခဲလာစေမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

The Guardian သတင်းအား ဆီလျှော်အောင် ပြန်ဆိုထားပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။