အပင်တွေက ရေတွေသန့်စင်ဖို့ ဘယ်လိုကူညီပေးလဲ
အပင်တွေက ရေကန်တွေကို ဘယ်လိုကူညီနိုင်သလဲ
ကြာပန်းတွေအများကြီးနဲ့ ရေကန်ကြီး၊ ရေတွေကလည်း စိမ်းနေတာပဲ လှလိုက်တာ!
ရေကန်တွေက ထိန်းသိမ်းရခက်တယ်နော်။ ရေကန်တွေက နေရောင်အောက်မှာ တိုက်ရိုက်တည်ရှိတယ်။ ပြီးတော့ လမ်းဘေး မြေကွက်ဘေးတွေမှာ လူတွေကြားထဲမှာ ရှိရင်လည်းရှိမယ် ဆိုတော့ သန့်နေအောင်လုပ်ဖို့က သဘာဝအတိုင်းဆိုရင် လုပ်ဖို့ ကိုင်ဖို့ အတွက် နည်းနည်းခက်တယ်။ အပင်တွေက ကူနိုင်တယ်ဆိုရင်ရော?
အပင်တွေက ရေတွေသန့်စင်နေဖို့ ဘယ်လိုကူညီပေးသလဲ?
အောက်စီဂျင်ထုတ်ပေးခြင်း
အပင်တွေက အလင်းမှီစုအစာချက်လုပ်တဲ့ဖြစ်စဉ်မှာ လေထဲက ကာဗွန်ဒိုင်အောင်ဆိုဒ်ကို စုပ်ယူပြီးတော့ အောက်စီဂျင်ကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်။ အဲ့တော့ ရေအောက်ထဲကိုလည်း အောက်စီဂျင်တွေထုတ်လွှတ်ပေးပါတယ်။ အဲ့လို ထုတ်လွှတ်ပေးနိုင်တာကြောင့် ရေထဲက အောက်စီဂျင်ကို ရှုတဲ့ ရေထဲက သက်ရှိတွေအတွက် အကျိုးရှိပါတယ်။
ပြီးတော့ အောက်စီဂျင်က ရေထဲကနေ အပေါ်ကို တက်တယ်။ ပြီးတော့ လေထုထဲကို ပြန်တက်တယ်။ အဲ့လိုဖြစ်စဉ်ကြောင့် ရေထဲက မကြည်မလင်ဖြစ်စေတဲ့အရာမျိုး၊ အရောင်တွေပြောင်းစေနိုင်တဲ့အရာတွေကို ပင့်တင်ပြီး တစ်ချို့ကို ထုတ်ပစ်လိုက်နိုင်ပါတယ်။
ရေညှိတွေကို လျော့ချပေးနိုင်တယ်
ရေညှိတွေ က နေရောင်ခြည်၊ ရေထဲက အာဟာရတွေကို စားသုံးပြီးတော့ ကြီးထွားတာပါ။ အောက်စီဂျင်ကိုလည်း ရေထဲက သက်ရှိတွေနဲ့ အပြိုင် စုပ်ယူနိုင်ပါတယ်။ အဲ့လိုတွေမရှိစေချင်ဘူးဆိုရင် ရေထဲက အာဟာရနဲ့ အပြင်ဖက် က နေရောင်ခြည်တွေကို ရေညှိတွေနဲ့ အပြိုင် စားသုံးနိုင်တဲ့ ရေပေါ်ပင်လေးတွေကို ကန်ထဲမှာ ထည့်ထားလိုက်ရင် ရေညှိတွေကို လျော့ချပေးနိုင်မှာပါ။
ရေကို စစ်ပေးနိုင်ခြင်း
အပင်တွေဟာ ရေစစ်ပေးနိုင်တဲ့အစွမ်း ရှိကြပါတယ်။ အမိုးနီးယားလို ဓာတ်တွေ၊ နိုက်ထရိတ်လိုမျိုး နဲ့ နိုက်ထရိုက်တွေကို စစ်ထုတ်ပေးနိုင်ကြပါတယ်။ အဲ့ အရာတွေက ရေကိုရော ရေထဲက သက်ရှိတွေကိုရော အဆိပ်သင့်စေနိုင်ကြပါတယ်။ အဲ့လို အရာတွေရေကန်ထဲမှာ မရှိသင့်တာပါ။
အဲ့လို အရာတွေရှိနေရင် ရေက အရောင်ပျက်သွားပြီး အရောင်တွေရောလာမယ်။ မကောင်းတဲ့ အနံ့အသက်တွေနဲ့ ရေကန်က မသန့်ရှင်းနိုင်တော့ပါဘူး။ အဲ့လို ရေကန်မှာ သက်ရှိတွေ ဘယ်လိုရှင်သန်နိုင်ပါ့မလဲနော်။
အဲ့လို အရာတွေအတွက် အပင်တွေ ရှိပါတယ်။ အပင်တွေက အဲအရာတွေကို စုပ်ယူပေးလိုက်တာကြောင့်မို့ အနံ့ဆိုးတွေထွက်တာ သက်သာသွားမယ်။ အရောင်ပျက်တာ ရောတာတွေ သက်သာသွားမယ်။ ပြီးတော့ ရေထဲက ငါးတွေ သေဆုံးတာကို ရပ်တန့်ပေးနိုင်မယ်။ အဲ့ဒါ အပင်တွေကြောင့်ပါပဲ။
အခုလောက်ဆိုရင် အပင်တွေက ရေတွေကိုလည်း သန့်စင်ပေးနိုင်တယ်ဆိုတာကို သိသွားကြမယ်လို့ထင်ပါတယ်။ အကျိုးလိုရာ သုံးနိုင်ကြပါစေ။
ထွန်းဝင်းကျော်
https://www.aquascapeaddiction.com/articles/best-pond-plants-to-keep-water-clear
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....