တန်ဖိုးလျော့ခြင်း (Depreciation Costs)
ဒီအကြောင်းက စိုက်ပျိုးရေးပဲဖြစ်ဖြစ် မွေးမြူရေးပဲဖြစ်ဖြစ် စီးပွားရေးကို လုပ်ကိုင်နေကြတဲ့ သူတွေ အားလုံးအတွက် သိကိုသိထားရမဲ့ အကြောင်းအရာဖြစ်တာကြောင့်မို့ ပြောပြ ပေးမှာဖြစ်ပါတယ်။
လုပ်ငန်းသုံးဖို့အတွက် လိုအပ်တဲ့ ဘက်ထရီတစ်လုံးကို ဝယ်လိုက်တယ်။ ရေစုပ်စက် ဝယ်လိုက်တယ်။ စက်တစ်ခုခုဝယ်လိုက်တယ် ဆိုပါတော့။ အဲ့ဒါက ဈေးက ကိုယ်ဝယ်တုန်းက တစ်မျိုး ဖြစ်ပြီးတော့ ပြန်ရောင်းရင်တော့ အဟောင်းဈေးပဲ ရမှာပါ။ ခုပဲ အသစ်ဝယ်။ ရွာရောက်လို့ ပြန်ရောင်းရင်တောင် ဈေးက လျော့သွားမဲ့ အခြေအနေမျိုးမှာရှိပါတယ်။ မြေကွက်လိုတော့ မဟုတ်ဘူးပေါ့။ မြေဈေးကတော့ တက်သွားတယ်။ တစ်ခြားပစ္စည်းတွေကတော့ ဈေးကျသွားပါတယ်။
ဝယ်တုန်းက (၅)သိန်းတောင်ပေးရတာ။ ပြန်ရောင်းတော့ (၂) သိန်းတောင် အနိုင်နိုင်ရယ် ဆိုတာက တန်ဖိုးလျော့တတ်လို့ဖြစ်တာပါ၊ အဲ့လို ဖြစ်တာကို တန်ဖိုးလျော့တယ် လို့ ခေါ်ပါတယ်။
ပုံမှန်ဆိုရင်တော့ အဲ့လို တန်ဖိုးလျော့သွားတာက လယ်ယာထဲမှာ ထည့်လိုက်တာဖြစ်တဲ့အတွက်မို့ ထွက်လာတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးမှာ ထည့်ပေါင်းပါတယ်။ ထည့်ပေါင်းလို့ ရပါတယ်။
ဘယ်လိုတွက်ချက်မလဲ
ကိုယ်က (၅၀၀၀) တန်ကုန်ပစ္စည်းတစ်ခုကို ဝယ်ထားတယ် ဆိုပါတော့၊ အဲ့ပစ္စည်းက (၁၀)နှစ်ခံတယ်ဆိုရင် တစ်နှစ်ကို (၅၀၀) ကျပါမယ်။ ပထမနှစ်မှာ (၅၀၀၀)ဖြစ်ပေမဲ့ ဒုတိယနှစ်ကျရင်တော့ (၄၅၀၀) ဖြစ်သွားတယ်။ အဲ့လို ဆိုရင်တစ်နှစ်အတွက် တန်ဖိုးလျော့တဲ့ ကုန်ကျစရိတ်က (၅၀၀)ပါ။ အရင်နှစ်ထက် ပိုသက်သာသွားတာကိုး၊။ အလွယ်ရှင်းပြတာပါ။ အဲ့လိုဆိုရင် နားလည်လောက်ပြီထင်ပါတယ်။ အောက်မှာ တွက်နည်းကိုပြောပြထားတယ်။ သူ့ကိုတွက်ရင် နှစ်အလိုက်ပဲ တွက်လေ့ရှိကြပါတယ်။ မတွက်ကြည့်သေးခင်မှာ သိစရာလေးတွေ ထပ်ပြောမယ်။
အသစ်ဈေး(New Value)
သူကတော့ ရှင်းပါတယ်။ ကိုယ်စစချင်းဝယ်လိုက်တဲ့ တန်ဖိုးကိုပြောတာပါ။ အသစ်ဈေးပေါ့။ ကိုယ်ဝယ်တဲ့ဈေးကို သုံးရပါတယ်။ အသစ်ပေါက်ဈေးကို မသုံးရပါဘူးနော်။ ကိုယ်က ၁ ရက်နေ့က (၅၀၀၀) နဲ့ ဝယ်လိုက်တယ်။ (၂)ရက်နေ့ကျတော့ ၄၈၀၀ ဖြစ်သွားတယ်ဆိုရင် ကိုယ်ဝယ်ထားတဲ့ ဈေးကိုပဲ ယူရပါမယ်နော်။ အဲ့လိုဆိုတော့ (၅၀၀၀) ကိုပဲယူရပါမယ်။
လက်ကျန်တန်ဖိုး(Scrap Value)
ပြန်ရောင်းဈေးလိုမျိုးသဘောဖြစ်ပါတယ်၊ အကြမ်းပြောရရင်တော့ ကိုယ့်တိရိစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် ရောင်းထုတ်တဲ့ဈေးပေါ့။ စက်တွေလည်း တူတူပါပဲ။ နောက်ဆုံး တန်ဖိုးပါ။ ကိုယ်က စက်တစ်ခုကိုဝယ်မယ် အဲ့ဒါကိုလည်း (၆) နှစ်လောက််ပဲ သုံးမယ်။ (၆)နှစ်ကြာလို့ ကိုယ်ပြန်ရောင်းထုတ်တဲ့အချိန်မှာ ဈေးဘယ်လောက်ရှိမလဲ ဘယ်လောက်ရမလဲဆိုတာကို မှန်းပြီးတွက်ချက်ရတာပါ။ တကယ်ရောင်းတဲ့အချိန်ကျတော့လည်း ဈေးက တစ်မျိုးပြောင်းချင်ပြောင်းမှာပေါ့လေ။ အဲ့တော့ အောက်မှာ ပုံသေနည်းကို ကြည့်ရအောင်

ကဲ ပုံသေနည်းကတော့ အဲ့အတိုင်းဖြစ်ပါတယ်။ တစ်ချက်လောက်တွက်ကြည့်ရအောင်။ ၁၀၀၀၀ တန်ပစ္စည်းတစ်ခုကို ဝယ်လိုက်တယ်။ ပြန်ရောင်းတော့ ၈၀၀၀ ပဲ ရတော့မယ်။ ကိုယ်က သုံးထားတာကလညး ၁၀ နှစ်ရှိပြီဆို တစ်နှစ်ကို စက်တန်ဖိုးက ဘယ်လောက်လျော့သွားသလဲ ဆိုတာကို တွက်ကြည့်ကြမယ်။
အသစ်ဈေးက - ၁၀၀၀၀
ပြန်ရောင်းဈေး - ၈၀၀၀
သုံးတဲ့နှစ်က - ၁၀ နှစ်

ဆိုတော့ အဖြေက - ၂၀၀ ရပါတယ်။ ကိုယ်သုံးလိုက်တဲ့ (၁၀)နှစ်အတွင်းမှာ အဲ့စက်တန်ဖိုးက တစ်နှစ်ကို ၂၀၀ နဲ့ ကျနေတာဖြစ်ပါတယ်။ မသုံးဘူးဆိုလည်း ဈေးက ကျနေတာပါ။ ထိန်းသိမ်းထားတယ် အသစ်အတိုင်းဆိုရင်တောင် သုံးရမဲ့ စက်ပစ္စည်းက မော်ဒယ်အောက်သွားလို့ ဈေး မရတော့တာတို့ ဖြစ်နိုင်ပေမဲ့ တစ်ခြားတစ်ဖက်ကျတော့ ရှေးဟောင်းပစ္စည်းမို့ ဆိုပြီး ဈေးကောင်းရသွားတာလည်း ဖြစ်နိုင်ပါတယ်၊
ကဲ အခုကတော့ တွက်နည်းကို ပြောပြတာပါ။ အဲ့လို တွက်နည်းကို ဘယ်သူတွေ အများဆုံးသုံးကြသလဲ ဆိုတော့ ဘဏ်တွေက အများဆုံး သုံးကြပါတယ်၊ သူတို့ချေးငွေထုတ်ပေးမယ်ဆိုရင် အဲ့လိုတွေတွက်ပြီးတော့ ပေးတာပါ။ မတွက်ပေးရင် သူတို့ ရှုံးသွားမှာပေါ့။ နောက်ပြီး ကုမ္ပဏီတစ်ခုကနေ တစ်ခုကို ချေးငွေထုတ်တာပဲဖြစ်ဖြစ် တစ်ခုလုံးကို ဝယ်ပစ်လိုက်တာပဲဖြစ်ဖြစ်၊ အဲ့လို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတိုင်းမှာ ဒီလို တန်ဖိုးလျော့ကျတယ်ဆိုတာကို တွက်ချက်ပြီးတော့မှ ဆုံးဖြတ်ချက်ချကြတာဖြစ်ပါတယ်။
နောက်တစ်ပိုင်းမှာ တန်ဖိုးကျတဲ့အထဲမှာ ဘယ်လိုပုံစံတွေကျတတ်သလဲ ဆိုတာကို ထပ်ပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထွန်းဝင်းကျော်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....