မက်လင်သီးနှင့် သူ၏အသုံးဝင်ပုံ
မက်လင်သီးနဲပတ်သက်ပြီး ၂ မျိုးတွေ့ရပါတယ်၊ Garcinia cambogia အပင်က ကချင်ဖက်မှာ ပိုလို့တွေ့ရတယ်။ အသီးအပေါ်မှာ ထင်ရှားသော ဇောင်းအဝိုက်များပါလေ့ရှိတယ်။ အရွက်ပုံစံလည်းမတူပါဘူး။ သူလည်း ကချင်ပြည်ထွက် မက်လင်ချဥ်အဖြစ်ထင်ရှားပါတယ်။ ကျနော် အခုတွေ့ရသော အပင်အမည်က Garcinia pedunculata ဖြစ်ပြီး အသီးအပေါ်မှာ အဝိုက်တွေမပါဘဲ။ လုံးချောနေပါတယ်။

မက်လင်မျိုးရင်းအမည်က ယခင်က Hypericaceae ဖြစ်ပါတယ်။ မျိုးစု Garcinia ဆိုတာကလည်း မစိမ်းလှပါဘူး၊ မင်းဂွတ်သီး ရဲ့ သိပ္ပံအမည်ဟာ Garcinia mangostana ဖြစ်ပါတယ်၊ အခုအခါမှာတော့ မျိုးရင်း အမည်က Clusiaceae ဖြစ်သွားပြီဖြစ်ပါတယ်။
အပင်က အမြဲစိမ်းသောအပင်ကြီး evergreen tree ဖြစ်ပါတယ်၊ ကြီးမားပြောင်လက်နေသော အရွက်ကြီးတွေအပေါ်မှာ ဘေးဖက်ကို ထင်ရှားစွာထွက်နေသော ရွက်ကြော ၁၆ စုံက သိသာထင်ရှားသော လက္ခဏာတွေဖြစ်ပါတယ်။ နောက်တစ်ချက်ထူးခြားတာက ဒီအပင်တွေက အရှေ့တောင်အာရှမှာဘဲ တွေ့ရသော အပင်တွေသာဖြစ်တယ်။ မြန်မာနဲ့ အိန္ဒိယ အရှေ့ အနောက်ဖက်တွေမှာဘဲ တွေ့ရတယ်လို့ ဆိုထားပါတယ်၊
ပင်စည်မှာ fluted trunk နှင့်အတူ ဘေးဖက်ကို ဖြာနေသော အကိုင်းတိုတွေပါပါတယ်။ အဖိုပွင့်တွေက စိမ်းဝါရောင်ရှိတယ်၊ ခတ်ကျဲကျဲပါသော panicle ပန်းခိုင်ထဲမှာ ရှိကြတယ်။ အမပွင့်ကတော့ တပွင့်ထီးထီးသာပါပါတယ်၊ လုံးဝန်းနေသော အသီးကို သီးကြတယ်။ အရည်ရွှမ်းတယ်၊ စားလို့ရသော arils တွေပါတယ်။
ဒီအပင်က စိုက်ရတာ ခက်ခဲလှကြောင်း ဒေသခံ ဦးကြီးတစ်ဦးက ပြောပြပါတယ်၊ အသီးကိုဘဲ စားလို့ရတာမဟုတ် အရွက်နုလေးတွေကိုလည်း ခူးပြီး ချက်စားလို့ရကြောင်းပြောပြပါတယ်၊ အသီးအမှည့်ကို ချက်စားတယ် (အသီးမှည့်ကို မီးအုံးပြီး ငရုတ်သီးနဲ့ ရောထောင်းစားရင် အလွန်ကောင်းပါတယ်) အသီး အစိမ်းကို သုပ်စားကြပါတယ်၊ အသီးမှည့်ကို ခူး ဓါးနဲ့ ပါးပါးလေးလှီးပြီး နေရောင်အောက်မှာ အခြောက်ခံကြတယ်၊ တာရှည်ခံအောင်လို့ပါ။ မက်လင်ခြောက်ကို စျေးကွက်တင်ရောင်းကြတယ်။ အသားဟင်းထဲ မှာ အချဉ်ဓာတ်ရဖို့ မက်လင်ခြောက်ကို ထည့်ကြတယ်။ မက်လင်က အလွန်ချဉ်သောအရသာရှိတယ်။ မက်လင်ခေါက်ဟာ အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း တို့ကို အလျှင်အမြန်ကောင်းစေပါတယ်။ ဝလွန်းနေသောသူ၊ အဆီဓာတ်များသူ၊ လှုပ်ရှားမှုနည်းသူ၊ စည်းစိမ်ခံလွန်းသူ၊ အရက် ဘီယာ အသောက်များသူ၊ အသည်းအဆီဖုံးနေသူတွေအတွက် မက်လင်ခြောက်က အထူးသင့်လျော်ပါတယ်။
ကမ္ဘာပေါ်မှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း အဆီချချင်သူများအတွက် မက်လင်ချဥ်က အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။ အကောင်းဆုံးအဆီကျဆေးကို Garcinia cambogia ကနေထုတ်ယူပါတယ်။ မြန်မာနိုင်ငံမှာ မက်လင်ပင်တွေရှိတဲ့အတွက် စျေးချိုချို အန္တရာယ် ကင်းကင်း သောက်သုံးလို့ရနေပါပြီ..

Photos & Content Soruce- ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026