ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်း(အပိုင်း- ၃)
ငှက်ပျောသီး 
ဌက်ပျောခွံပေါ်မှာ အမည်းရောင်အစက်အပြောက်လေးများပါတဲ့အသီးက ရင့်ပြီး အရသာလည်းပိုကောင်းပါတယ်။ အပွေးတက်လေ ပိုချိုလေပါဘဲ။
ဘူးသီး

ကိုင်းဘူးသီး၊ စင်ဘူးသီးဆိုပြီး ၂-မျိုးရှိပါတယ်။
(၁) ကိုင်းဘူးသီးက ဖြောင့်တန်းညီညာမှုမရှိဘဲ အညှာအနီးမှာ ချိုင့်နေတတ်ပါတယ်။ ချက်ပြုတ်တဲ့အခါ မာကြောပြီး စားရင်လည်းဆတ်တောက်တောက်ဖြစ်နေပါတယ်။ အခွံက အစိမ်းရောင်မသန်းဘဲ ဖြူနေရင် အသီးရင့်ပါတယ်။
(၂) စင်ဘူးသီးက စားတဲ့အခါ ချို၍ညက်ညောပါတယ်။ အညှာကနေချက်တိုင်အထိ ဖြောင့်တန်းပြီး အမွှေးနုတွေရှိပါတယ်။ အစိမ်းရင့်ပေါ်မှာ အဖြူပြောက်ကျားအကွက်တွေပါနေရင် အရင့်သီးဖြစ်ပြီး “ဘူးကျား” လို့ခေါ်ပါတယ်။ ဘူးကျားကို ဘယ်လိုချက်ချက် ဆတ်တောက်တောက်ဖြစ်နေပြီး အရသာလည်းမရှိပါ။
ချဉ်ပေါင်ရွက်

ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူနဲ့ချဉ်ပေါင်ခါး(ခေါ်)ဓာတ်ချဉ်ပေါင်ဟူ၍ သုံးမျိုးရှိပါတယ်။ ချဉ်ပေါင်ဖြူက အရိုးနီသောချဉ်ပေါင်နီနဲ့ အမျိုးအစားချင်းတူပါတယ်။ ချဉ်ပေါင်ခါးက ခါးသောအရသာရှိပါတယ်။ ချဉ်ပေါင်ကြော်အတွက် ချဉ်ပေါင်ဖြူ-နီ အရွက်ရင့်ကို ရွေးပါ။ ချဉ်ရည်ဟင်းနဲ့ ဟင်းချိူအတွက်ကိုတော့ မွှေရင်ကြေလွယ်တဲ့ ချဉ်ပေါင်ရွက်အနုတွေကိုရွေးပါ။
ဂေါ်ဖီထုပ်

အထုပ်ပွပွကိုဝယ်ပါ။ ကျစ်လစ်နေတဲ့ ဂေါ်ဖီထုပ်က အလယ်အူတိုင်တွေ အဆမတန်ကြီးမားတန်ကြီးတတ်လို့ပါ။
ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီ ဖွေးဖွေးကျစ်ကျစ်နဲ့ လေးလေးကိုဝယ်ပါ။ အမည်းစက်ပြောက်များပါတဲ့၊ သကြားမှုန်လိုမွှေးနုပါပြီး ဝါနေတဲ့အပွင်းမျိုးကို မဝယ်ပါနဲ့။ မှောက်ရက်လှန်ပြီး အတွင်းမှာ ပိုးရှိမရှိကိုလည်း ကြည့်ပါ။ ဖြူပြီးလေးနေရင်လည်း အတွင်းမှာ ပိုးတွယ်နေတတ်ပါတယ်။
ပဲတောင့်ရှည်

ကျစ်ပြီးအလျားရှည်တဲ့ အတောင့်ကိုဝယ်ပါ။ ဖြူ၍အသားပွတဲ့ ပဲတောင့်ကမကောင်းပါဘူး။
ကြက်ဟင်းခါးသီး

အစိမ်းရင့်မျိုးနဲ့ အဖြူမျိုး (၂)မျိုးရှိတယ်။ ဘို့စိတ်ပြီး ဘို့ပါးတဲ့ကြက်ဟင်းခါးသီးက မကောင်းပါ။ ဘို့ကျဲ၍ထွားပြီး ကောက်ကွေ့ခြင်းမရှိတဲ့ ကြက်ဟင်းခါးသီးကို သာရွေးဝယ်ပါ..။ အနီရောင်၊ အဝါရောင် ကြက်ဟင်းခါးသီးကတော့ အမှည့်လွန်နေတာဖြစ်ပါတယ်.....။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026